အုပ်ကြီးများအား နှုတ်ထွက်ခွင့်မပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ နှုတ်ထွက်ခွင့် တင်ပြထားရာ စစ်ကောင်စီက နှုတ်ထွက်ခွင့်မပေးဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြောသည်။

အောက်တိုဘာလ နောက်ဆုံးအပတ်တွင် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ချောင်းလမု၊ တကူ၊ သာရဘွင်၊ မော်တုန်းကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက လုပ်ငန်းတာဝန်များမှ နှုတ်ထွက်ခွင့် ပေးရန် စစ်ကောင်စီထံ တင်ပြထားခဲ့ခြင်း ဖြစ်သည်။

“ကျန်းမာရေး အကြောင်းပြပြီး ထွက်ခွင့်တင်ထားတာပါ။ လောလောဆယ် ထွက်ခွင့်မပေးနိုင်သေးဘူး။ ဆက် ပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ အချိန်အတိုင်းအတာ တစ်ခုရောက်မှ နှုတ်ထွက်ခွင့်ပေးမယ်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေဘက်က ပြောတယ်” ဟု အမည်မဖေါ်လိုသူ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးအချို့က မိသားစုအတွက် လုံခြုံမှုမရှိခြင်း၊ မကြာခဏ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရခြင်း၊ ကျေးရွာများအတွင်း စီမံခန့်ခွဲအုပ်ချုပ်မှုအပိုင်းတွင် အခက်အခဲများ ရှိနေသည့်အတွက် နှုတ်ထွက်ခွင့်ပေးရန် တင် ပြထားကြခြင်းဖြစ်သည်ဟု အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအချို့တွင်စစ်ကောင်စီသတင်းပေး (ဒလန်) ဟု သတ်မှတ်ခံရသူများ၊ ပျူစောထီး (ပြည်သူ့စစ်)များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများလည်း မကြာခဏ ပစ်သတ်ခံရမှုများ ရှိနေ သည့်အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုက စိုးရိမ်နေကြခြင်း ဖြစ်သည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို အမြန်ဆုံးနှုတ်ထွက်ကြရန် သတိပေးထားသည်။

*** ZAWGYI ***
အုပ္ႀကီးမ်ားအား ႏႈတ္ထြက္ခြင့္မျပဳ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္အတြင္းရွိ စစ္ေကာင္စီခန႔္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးအခ်ိဳ႕ ႏႈတ္ထြက္ခြင့္ တင္ျပထားရာ စစ္ေကာင္စီက ႏႈတ္ထြက္ခြင့္မေပးဟု ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားက ေျပာသည္။

ေအာက္တိုဘာလ ေနာက္ဆုံးအပတ္တြင္ ၿမိတ္ခ႐ိုင္၊ တနသၤာရီၿမိဳ႕နယ္အတြင္းရွိ ေခ်ာင္းလမု၊ တကူ၊ သာရဘြင္၊ ေမာ္တုန္းေက်း႐ြာမ်ားမွ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ရာအိမ္မႉးမ်ားက လုပ္ငန္းတာဝန္မ်ားမွ ႏႈတ္ထြက္ခြင့္ ေပးရန္ စစ္ေကာင္စီထံ တင္ျပထားခဲ့ျခင္း ျဖစ္သည္။

“က်န္းမာေရး အေၾကာင္းျပၿပီး ထြက္ခြင့္တင္ထားတာပါ။ ေလာေလာဆယ္ ထြက္ခြင့္မေပးႏိုင္ေသးဘူး။ ဆက္ ၿပီး တာဝန္ထမ္းေဆာင္ၾကဖို႔နဲ႔ အခ်ိန္အတိုင္းအတာ တစ္ခုေရာက္မွ ႏႈတ္ထြက္ခြင့္ေပးမယ္လို႔ စစ္ေကာင္စီ တာဝန္ရွိသူေတြဘက္က ေျပာတယ္” ဟု အမည္မေဖၚလိုသူ အုပ္ခ်ဳပ္ေရးမႉး တစ္ဦးက ေျပာသည္။

အုပ္ခ်ဳပ္ေရးမႉးအခ်ိဳ႕က မိသားစုအတြက္ လုံၿခဳံမႈမရွိျခင္း၊ မၾကာခဏ အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံေနရျခင္း၊ ေက်း႐ြာမ်ားအတြင္း စီမံခန႔္ခြဲအုပ္ခ်ဳပ္မႈအပိုင္းတြင္ အခက္အခဲမ်ား ရွိေနသည့္အတြက္ ႏႈတ္ထြက္ခြင့္ေပးရန္ တင္ ျပထားၾကျခင္းျဖစ္သည္ဟု အထက္ပါ အုပ္ခ်ဳပ္ေရးမႉးက ေျပာသည္။

တနသၤာရီၿမိဳ႕နယ္အတြင္း ေက်း႐ြာအခ်ိဳ႕တြင္စစ္ေကာင္စီသတင္းေပး (ဒလန္) ဟု သတ္မွတ္ခံရသူမ်ား၊ ပ်ဴေစာထီး (ျပည္သူ႔စစ္)မ်ား၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ရာအိမ္မႉးမ်ားလည္း မၾကာခဏ ပစ္သတ္ခံရမႈမ်ား ရွိေန သည့္အတြက္ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉးအမ်ားစုက စိုးရိမ္ေနၾကျခင္း ျဖစ္သည္။

ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF မ်ားကလည္း စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး၊ ရာအိမ္မႉးမ်ားကို အျမန္ဆုံးႏႈတ္ထြက္ၾကရန္ သတိေပးထားသည္။