မော်လမြိုင်တွင် ရဲဝန်ထမ်းဟောင်းတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။
မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့ က မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက်တွင် ရဲဝန်ထမ်းဟောင်းတစ်ဦးကို ပစ်သတ်လိုက်သည်ဟု ထုတ်ပြန်သည်။
ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးကို မောင်ငံရပ် ကွက်၊ ရွှေဗျိုးဖြူဘုရားအနီးတွင် နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က သေနတ်သမားနှစ်ဦးက လာရောက် ပစ်ခတ်သွားခဲ့သည်ဟု မြို့ခံများ က ပြောသည်။
ဦးသိန်းထွန်းဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်ပွားသည့် နေရာ တွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
မြို့ခံတစ်ဦးက “သေနတ်သံ ၃ ချက်ကြားရတယ်။ သေနတ်ပစ်ခံရတဲ့လူက ရဲထွက် လို့ ပြောတယ်။ သေချာတော့ မသိဘူး။ တွေ့ တဲ့လူတွေ ပြောတာက အပစ်ခံရပြီးတော့ အဲနေရာမှာပဲ လဲကျ သေသွားတယ်လို့ ပြောတယ်” ဟု ပြောသည်။
ရဲဝန်ထမ်းဟောင်း ဦးသိန်းထွန်းဦးသည် PDF များကို ခြိမ်းခြောက်ကာ စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေသည့်အတွက် ယခုကဲ့သို့ သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည်ဟု မွန်ပြည်နယ် နွေဦးတော်လှန်ရေး တပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဦးသိန်းထွန်းဦး ပစ်သတ်ခံရပြီးနောက် မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုတွင် စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ ရှာဖွေ စစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟုလည်း မြို့ခံများက ပြောသည်။
မော်လမြိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရသည်။
ထို့အပြင် အောက်တိုဘာလ ၈ ရက်နေ့တွင် မောင်ငံရပ်ကွက်မှ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံထားရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့ပေါ်တွင်လည်း ပြည်နယ်အတွင်းက အခြားသောမြို့နယ် များကဲ့သို့ ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်သတ်ခံရသည့်ဖြစ်စဥ်လည်း ဆက်တိုက်ဖြစ်ပွားနေသည်။
*** ZAWGYI ***
ေမာ္လၿမိဳင္တြင္ ရဲဝန္ထမ္းေဟာင္းတစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္။
မြန္ျပည္နယ္ ေႏြဦးေတာ္လွန္ေရးတပ္ဦးႏွင့္ မိတ္ဖက္အဖြဲ႕ က မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ ေမာင္ငံရပ္ကြက္တြင္ ရဲဝန္ထမ္းေဟာင္းတစ္ဦးကို ပစ္သတ္လိုက္သည္ဟု ထုတ္ျပန္သည္။
ရဲဝန္ထမ္းေဟာင္းတစ္ဦးျဖစ္သူ ဦးသိန္းထြန္းဦးကို ေမာင္ငံရပ္ ကြက္၊ ေ႐ႊဗ်ိဳးျဖဴဘုရားအနီးတြင္ ႏိုဝင္ဘာ ၈ ရက္ေန႔ နံနက္ ၈ နာရီခြဲအခ်ိန္ခန႔္က ေသနတ္သမားႏွစ္ဦးက လာေရာက္ ပစ္ခတ္သြားခဲ့သည္ဟု ၿမိဳ႕ခံမ်ား က ေျပာသည္။
ဦးသိန္းထြန္းဦးသည္ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ေသနတ္ဒဏ္ရာ ၃ ခ်က္ျဖင့္ အခင္းျဖစ္ပြားသည့္ ေနရာ တြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။
ၿမိဳ႕ခံတစ္ဦးက “ေသနတ္သံ ၃ ခ်က္ၾကားရတယ္။ ေသနတ္ပစ္ခံရတဲ့လူက ရဲထြက္ လို႔ ေျပာတယ္။ ေသခ်ာေတာ့ မသိဘူး။ ေတြ႕ တဲ့လူေတြ ေျပာတာက အပစ္ခံရၿပီးေတာ့ အဲေနရာမွာပဲ လဲက် ေသသြားတယ္လို႔ ေျပာတယ္” ဟု ေျပာသည္။
ရဲဝန္ထမ္းေဟာင္း ဦးသိန္းထြန္းဦးသည္ PDF မ်ားကို ၿခိမ္းေျခာက္ကာ စစ္ေကာင္စီႏွင့္ ပူးေပါင္းၿပီး ျပည္သူကို ဒုကၡေပးေနသည့္အတြက္ ယခုကဲ့သို႔ သုတ္သင္ရွင္းလင္းရျခင္းျဖစ္သည္ဟု မြန္ျပည္နယ္ ေႏြဦးေတာ္လွန္ေရး တပ္ဦးႏွင့္ မိတ္ဖက္အဖြဲ႕အစည္းတို႔က ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ ထုတ္ျပန္ထားသည္။
ဦးသိန္းထြန္းဦး ပစ္သတ္ခံရၿပီးေနာက္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚ ရပ္ကြက္အမ်ားစုတြင္ စစ္ေကာင္စီတပ္ဖြဲ႕က ပိတ္ဆို႔ ရွာေဖြ စစ္ေဆးျခင္းမ်ား လုပ္ေဆာင္ေနသည္ဟုလည္း ၿမိဳ႕ခံမ်ားက ေျပာသည္။
ေမာ္လၿမိဳင္တြင္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၃၀ ရက္ေန႔ကလည္း ေအာက္က်င္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ပစ္သတ္ခံရသည္။
ထို႔အျပင္ ေအာက္တိုဘာလ ၈ ရက္ေန႔တြင္ ေမာင္ငံရပ္ကြက္မွ ရာအိမ္မႉးတစ္ဦး ပစ္သတ္ခံထားရသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ေသးသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္လည္း ျပည္နယ္အတြင္းက အျခားေသာၿမိဳ႕နယ္ မ်ားကဲ့သို႔ ဗုံးေပါက္ကြဲမႈျဖစ္စဥ္မ်ား မၾကာခဏျဖစ္ပြားေလ့ရွိသည့္အျပင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား ပစ္သတ္ခံရသည့္ျဖစ္စဥ္လည္း ဆက္တိုက္ျဖစ္ပြားေနသည္။