ကသာမြို့နယ်တွင် စစ်ကောင်စီက နေအိမ်များအား မီးရှို့ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေး စေတီရပ်ကွက်ရှိ နေအိမ်အချို့ကို PDF များ၏ အိမ်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

PDF များ၏ အိမ်ဆိုကာ အိမ် ၉ လုံးနှင့် အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် နွား ၈ ကောင်နှင့် ဝက်များကိုလည်း နိုဝင်ဘာ ၈ ရက်နင်္လာနေ့ (ယနေ့) နံနက် ၁၀ နာရီ အချိန်ခန့်တွင် မီးရှို့ ခဲ့ကြသည်ဟု ရွာသားများက အတည်ပြုပြောသည်။

မီးရှို့ခံရသည့်အိမ်များသည် အိမ်ကြီးအိမ်ကောင်းများဖြစ်ပြီး မီးမလောင်ဘဲ လက်နက်ကြီးကျကာ ခေါင်းမိုးများ ပျက်ဆီးကုန်သည့်အိမ်များရှိသည်ဟု မိုးတားလေးကျေးရွာ ဒေသခံများက ပြောသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ အသက် ၅၀အရွယ် မိုးတားလေးရွာသားတစ်ဦးက “မြစ်ထဲက ကျွန်းတွေထဲမှာ ပုန်းနေတဲ့ သူတချို့လည်း လက်နက်ကြီးစမှန်တယ်။ စက်လှေတွေနဲ့ ကူးပြေးကြတဲ့သူတွေလည်း လက်နက်ကြီး စ မှန်တာရှိတယ်“ ဟု ပြောသည်။

မိုးတားလေး စာသင်ကျောင်းတွင် စစ်သားအချို့က ခြေကုတ်ယူထားပြီး ရွာထဲရှိ အိမ်အချို့ကို PDF များ၏ အိမ် ဟုဆိုကာ မီးတင်ရှို့နေခြင်းဖြစ်သည်ဟု သိရသည်။

ထိုမျှသာမက စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်း ယနေ့ ညနေ ၃ နာရီ အချိန်အထိ လက်နက် ကြီး လက်ငယ်များဖြင့် မသင်္ကာသည့်နေရာများကို ပစ်လိုက်နားလိုက် လုပ်နေသည်ဟုလည်း ပြောသည်။

ကသာအထက်ပိုင်း ဝဲကြီးတွင် အခြေပြုထားသည့် စစ်ကောင်စီတပ်များမှာ စက်လှေများဖြင့် မြစ်ကြောင်း အတိုင်းတက်လာပြီး မိုးတားလေးစာသင်ကျောင်းတွင် ခြေကုတ်ယူထားသည်ဟု အခြား ဒေသခံတစ်ဦး က ပြော သည်။

PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ယခုနောက်ပိုင်း စစ်ကောင်စီတပ်သည် ကုန်းလမ်းကြောင်းကို အသုံး မပြုဘဲ ရေလမ်းကြောင်းဖြင့် တက်လာသကဲ့သို့ ဝေဟင်မှလည်း တိုက်ခိုက်မှုများ လုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်က အထူးသဖြင့် အဝေးထိရောက်နိုင်သည့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပိုများ လာသည်ဟုလည်း ဒေသခံ PDF တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မိုးတာလေး အထက်တန်းကျောင်းတွင် ခြေကုတ်ယူထားသည့် စစ်ကောင်စီ တပ် များက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီးနှင့် ကလေးများအပါအဝင် ၅ ဦး လက်နက်ကြီးစများ ထိမှန်ခဲ့သည်။

*** ZAWGYI ***
ကသာၿမိဳ႕နယ္တြင္ စစ္ေကာင္စီက ေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္၊ မိုးတားေလး ေစတီရပ္ကြက္ရွိ ေနအိမ္အခ်ိဳ႕ကို PDF မ်ား၏ အိမ္ဟုဆိုကာ စစ္ေကာင္စီတပ္ဖြဲ႕က မီးရႈိ႕ဖ်က္ဆီးခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

PDF မ်ား၏ အိမ္ဆိုကာ အိမ္ ၉ လုံးႏွင့္ အိမ္ေမြးတိရိစာၦန္မ်ားျဖစ္သည့္ ႏြား ၈ ေကာင္ႏွင့္ ဝက္မ်ားကိုလည္း ႏိုဝင္ဘာ ၈ ရက္နလၤာေန႔ (ယေန႔) နံနက္ ၁၀ နာရီ အခ်ိန္ခန႔္တြင္ မီးရႈိ႕ ခဲ့ၾကသည္ဟု ႐ြာသားမ်ားက အတည္ျပဳေျပာသည္။

မီးရႈိ႕ခံရသည့္အိမ္မ်ားသည္ အိမ္ႀကီးအိမ္ေကာင္းမ်ားျဖစ္ၿပီး မီးမေလာင္ဘဲ လက္နက္ႀကီးက်ကာ ေခါင္းမိုးမ်ား ပ်က္ဆီးကုန္သည့္အိမ္မ်ားရွိသည္ဟု မိုးတားေလးေက်း႐ြာ ေဒသခံမ်ားက ေျပာသည္။

ထိုအေျခအေနႏွင့္ ပတ္သက္၍ အသက္ ၅၀အ႐ြယ္ မိုးတားေလး႐ြာသားတစ္ဦးက “ျမစ္ထဲက ကြၽန္းေတြထဲမွာ ပုန္းေနတဲ့ သူတခ်ိဳ႕လည္း လက္နက္ႀကီးစမွန္တယ္။ စက္ေလွေတြနဲ႔ ကူးေျပးၾကတဲ့သူေတြလည္း လက္နက္ႀကီး စ မွန္တာရွိတယ္“ ဟု ေျပာသည္။

မိုးတားေလး စာသင္ေက်ာင္းတြင္ စစ္သားအခ်ိဳ႕က ေျခကုတ္ယူထားၿပီး ႐ြာထဲရွိ အိမ္အခ်ိဳ႕ကို PDF မ်ား၏ အိမ္ ဟုဆိုကာ မီးတင္ရႈိ႕ေနျခင္းျဖစ္သည္ဟု သိရသည္။

ထိုမွ်သာမက စစ္ေကာင္စီ တပ္ဖြဲ႕မ်ားသည္ ေက်း႐ြာအတြင္း ယေန႔ ညေန ၃ နာရီ အခ်ိန္အထိ လက္နက္ ႀကီး လက္ငယ္မ်ားျဖင့္ မသကၤာသည့္ေနရာမ်ားကို ပစ္လိုက္နားလိုက္ လုပ္ေနသည္ဟုလည္း ေျပာသည္။

ကသာအထက္ပိုင္း ဝဲႀကီးတြင္ အေျချပဳထားသည့္ စစ္ေကာင္စီတပ္မ်ားမွာ စက္ေလွမ်ားျဖင့္ ျမစ္ေၾကာင္း အတိုင္းတက္လာၿပီး မိုးတားေလးစာသင္ေက်ာင္းတြင္ ေျခကုတ္ယူထားသည္ဟု အျခား ေဒသခံတစ္ဦး က ေျပာ သည္။

PDF မ်ား၏ မိုင္းဆြဲတိုက္ခိုက္မႈမ်ားေၾကာင့္ ယခုေနာက္ပိုင္း စစ္ေကာင္စီတပ္သည္ ကုန္းလမ္းေၾကာင္းကို အသုံး မျပဳဘဲ ေရလမ္းေၾကာင္းျဖင့္ တက္လာသကဲ့သို႔ ေဝဟင္မွလည္း တိုက္ခိုက္မႈမ်ား လုပ္ေနသည္ဟု ေဒသခံမ်ားက ဆိုသည္။

ထို႔အျပင္ စစ္ေကာင္စီတပ္က အထူးသျဖင့္ အေဝးထိေရာက္ႏိုင္သည့္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ား ပိုမ်ား လာသည္ဟုလည္း ေဒသခံ PDF တစ္ဦးက ေျပာသည္။

ႏိုဝင္ဘာလ ၅ ရက္ေန႔ကလည္း မိုးတာေလး အထက္တန္းေက်ာင္းတြင္ ေျခကုတ္ယူထားသည့္ စစ္ေကာင္စီ တပ္ မ်ားက လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္သျဖင့္ အမ်ိဳးသမီးႏွင့္ ကေလးမ်ားအပါအဝင္ ၅ ဦး လက္နက္ႀကီးစမ်ား ထိမွန္ခဲ့သည္။