ဖောက်ခွဲရေး ပစ္စည်း သံသယဖြင့် နေအိမ် ၇ လုံး ချိပ်ပိတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် ဗုံးပေါက်ကွဲမှု တစ်ခုနှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲပြီး နေအိမ် ၇ လုံးကို စစ်ကောင်စီက နိုဝင်ဘာလ ပထမအပတ်ထဲတွင် ချိပ်ပိတ်လိုက်သည်။
နေအိမ်တစ်အိမ်ကို ရောက်ရှိလာသည့် ပါဆယ်ထုပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အဆိုပါနေအိမ်အပါအဝင် ၎င်းနှင့် နီးစပ်သူ ၆ ဦး၏ အိမ်များကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ တစ်အိမ်းချင်း စစ်ကောင်စီက ချိပ်ပိတ် လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကိုမျိုးမင်းသန်းကို လက်လုပ်ဗုံး စမ်းသပ်တယ်လို့ စွပ်စွဲပြီး စဖမ်းတယ်။ အိမ်ကိုချိပ်ပိတ်တယ်။ အခုသူနဲ့ နီး စပ်သူ ၆ ဦးထဲက ရေကြည်မြို့ပေါ်မှာနေတဲ့ ကိုစည်သူလည်း ထပ်အဖမ်းခံထားရတယ်” ဟု ရေကြည်မြို့ခံ ဦးမောင် မောင် က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့က ဦးမျိုးမင်းသန်း၏ အိမ်သို့ရောက်လာသည့် ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ နေအိမ် ၇ လုံး စစ်ကောင်စီက လိုက်လံ ချိပ်ပိတ် သိမ်းဆည်းခြင်း ဖြစ်သည်ဟု ရေကြည်မြို့ခံများက ပြောသည်။
ဦးမျိုးမင်းသန်းပါအဝင် ဦးစည်သူ ဆိုသူကိုလည်း အဆိုပါ ဗုံးပေါက်ကွဲနှင့် ပတ်သက်၍ စစ်ကောင်စီက ဖမ်းဆီး ထားသည်။
ယခုချိပ်ပိတ်ခံလိုက်ရသည့် ဦးမျိုးမင်းသန်းနှင့် နီးစပ်သူ ၆ ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကို ဝန်းရံထောက်ခံကြသူများဖြစ်ပြီး ၅ ဦး က လွတ်မြောက်နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦး က ပြော သည်။
ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာက ဦးမျိုးမင်းသန်း၊ ဦးမိုးသီး၊ ဦးနိုင်အောင်၊ ဦးဝင်းထွဋ်တို့၏ နေအိမ်များ၊ ကညင်ငူကျေးရွာက ဦးဇေယျာ၏နေအိမ်၊ ရေကြည်မြို့ပေါ်က ဦးစည်သူနှင့် ဦးထွန်းအောင်တို့ ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက အတည်ပြုပြောသည်။
ချိပ်ပိတ်ခံရသည့် အိမ်ရှင် မိသားစုဝင်တစ်ဦးက “အိမ်တွေ ချိတ်ပိတ်ခံရတော့ ကျန်တဲ့မိသားစုတွေက နီးစပ်ရာ အမျိုးအိမ်တွေ၊ ခြံတွေမှာနေကြရတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ချိပ်ပိတ်ထားသည့် နေအိမ်များအနီးတွင် အရပ်ဝတ်များဖြင့် ကင်းပုန်းချကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံအချို့က ပြောသည်။
ပေါက်ကွဲစေတတ်သည့် ပစ္စည်းများပြုလုပ်ကြောင်း သိရှိရမှု၊ လက်ဝယ်တွေ့ရှိမှုနှင့် အကြမ်းဖက်မှုများတွင် ပါဝင် သည်ဟုဆိုကာ အထက်ပါပုဂ္ဂိုလ် ၇ ဦး ၏ နေအိမ်များကို ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် အဖမ်းခံရထားရသည့် ဦးစည်သူက ပုဒ်မ ၅၀၅ (က)ဖြင့် အဖမ်းခံခဲ့ရပြီး ပထမအကြိမ် လွတ်ငြိမ်းချမ်း သာဖြင့် ပြန်လွတ်လာပြီးနောက် ယခုတစ်ကြိမ် ထပ်မံ အဖမ်းခံရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အချို့၏ ပြောပြ ချက်အရ သိရသည်။
*** ZAWGYI ***
ေဖာက္ခြဲေရး ပစၥည္း သံသယျဖင့္ ေနအိမ္ ၇ လုံး ခ်ိပ္ပိတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္။
ဧရာဝတီတိုင္း၊ ေရၾကည္ၿမိဳ႕နယ္တြင္ ဗုံးေပါက္ကြဲမႈ တစ္ခုႏွင့္ ပတ္သက္မႈရွိသည္ဟု စြပ္စြဲၿပီး ေနအိမ္ ၇ လုံးကို စစ္ေကာင္စီက ႏိုဝင္ဘာလ ပထမအပတ္ထဲတြင္ ခ်ိပ္ပိတ္လိုက္သည္။
ေနအိမ္တစ္အိမ္ကို ေရာက္ရွိလာသည့္ ပါဆယ္ထုပ္ ဗုံးေပါက္ကြဲမႈႏွင့္ ပတ္သက္ၿပီး အဆိုပါေနအိမ္အပါအဝင္ ၎ႏွင့္ နီးစပ္သူ ၆ ဦး၏ အိမ္မ်ားကို ႏိုဝင္ဘာလ ၄ ရက္ေန႔မွ စတင္၍ တစ္အိမ္းခ်င္း စစ္ေကာင္စီက ခ်ိပ္ပိတ္ လိုက္ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
“ကိုမ်ိဳးမင္းသန္းကို လက္လုပ္ဗုံး စမ္းသပ္တယ္လို႔ စြပ္စြဲၿပီး စဖမ္းတယ္။ အိမ္ကိုခ်ိပ္ပိတ္တယ္။ အခုသူနဲ႔ နီး စပ္သူ ၆ ဦးထဲက ေရၾကည္ၿမိဳ႕ေပၚမွာေနတဲ့ ကိုစည္သူလည္း ထပ္အဖမ္းခံထားရတယ္” ဟု ေရၾကည္ၿမိဳ႕ခံ ဦးေမာင္ ေမာင္ က ေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၈ ရက္ေန႔က ဦးမ်ိဳးမင္းသန္း၏ အိမ္သို႔ေရာက္လာသည့္ ပါဆယ္ထုပ္မွ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ေနအိမ္ ၇ လုံး စစ္ေကာင္စီက လိုက္လံ ခ်ိပ္ပိတ္ သိမ္းဆည္းျခင္း ျဖစ္သည္ဟု ေရၾကည္ၿမိဳ႕ခံမ်ားက ေျပာသည္။
ဦးမ်ိဳးမင္းသန္းပါအဝင္ ဦးစည္သူ ဆိုသူကိုလည္း အဆိုပါ ဗုံးေပါက္ကြဲႏွင့္ ပတ္သက္၍ စစ္ေကာင္စီက ဖမ္းဆီး ထားသည္။
ယခုခ်ိပ္ပိတ္ခံလိုက္ရသည့္ ဦးမ်ိဳးမင္းသန္းႏွင့္ နီးစပ္သူ ၆ ဦးသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ကို ဝန္းရံေထာက္ခံၾကသူမ်ားျဖစ္ၿပီး ၅ ဦး က လြတ္ေျမာက္ေနဆဲျဖစ္သည္ဟု ရဲတပ္ဖြဲ႕ ႏွင့္ နီးစပ္သူတစ္ဦး က ေျပာ သည္။
ေရၾကည္ၿမိဳ႕နယ္၊ ဇရပ္လွေက်း႐ြာက ဦးမ်ိဳးမင္းသန္း၊ ဦးမိုးသီး၊ ဦးႏိုင္ေအာင္၊ ဦးဝင္းထြဋ္တို႔၏ ေနအိမ္မ်ား၊ ကညင္ငူေက်း႐ြာက ဦးေဇယ်ာ၏ေနအိမ္၊ ေရၾကည္ၿမိဳ႕ေပၚက ဦးစည္သူႏွင့္ ဦးထြန္းေအာင္တို႔ ၏ ေနအိမ္မ်ားကို စစ္ေကာင္စီက ခ်ိပ္ပိတ္လိုက္ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက အတည္ျပဳေျပာသည္။
ခ်ိပ္ပိတ္ခံရသည့္ အိမ္ရွင္ မိသားစုဝင္တစ္ဦးက “အိမ္ေတြ ခ်ိတ္ပိတ္ခံရေတာ့ က်န္တဲ့မိသားစုေတြက နီးစပ္ရာ အမ်ိဳးအိမ္ေတြ၊ ၿခံေတြမွာေနၾကရတယ္” ဟု ေျပာသည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ခ်ိပ္ပိတ္ထားသည့္ ေနအိမ္မ်ားအနီးတြင္ အရပ္ဝတ္မ်ားျဖင့္ ကင္းပုန္းခ်ကာ ေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ေနသည္ဟုလည္း ေဒသခံအခ်ိဳ႕က ေျပာသည္။
ေပါက္ကြဲေစတတ္သည့္ ပစၥည္းမ်ားျပဳလုပ္ေၾကာင္း သိရွိရမႈ၊ လက္ဝယ္ေတြ႕ရွိမႈႏွင့္ အၾကမ္းဖက္မႈမ်ားတြင္ ပါဝင္ သည္ဟုဆိုကာ အထက္ပါပုဂၢိဳလ္ ၇ ဦး ၏ ေနအိမ္မ်ားကို ခ်ိပ္ပိတ္လိုက္ျခင္းျဖစ္သည္။
ထို႔အျပင္ အဖမ္းခံရထားရသည့္ ဦးစည္သူက ပုဒ္မ ၅၀၅ (က)ျဖင့္ အဖမ္းခံခဲ့ရၿပီး ပထမအႀကိမ္ လြတ္ၿငိမ္းခ်မ္း သာျဖင့္ ျပန္လြတ္လာၿပီးေနာက္ ယခုတစ္ႀကိမ္ ထပ္မံ အဖမ္းခံရသည္ဟု ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူ အခ်ိဳ႕၏ ေျပာျပ ခ်က္အရ သိရသည္။