ကရင်ရွာသား ၁၀၀ နီးပါးကို စစ်ကောင်စီဖမ်းဆီးထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာအုပ်စု သစ်စိမ့်ကုန်းကျေးရွာရှိ ဒေသခံ ကျေး လက် ပြည်သူ တစ်ရာနီးပါးကို စစ်ကောင်စီ က ဖမ်းဆီးထားသည်။
နိုဝင်ဘာလ ၅ ရက်နေ့၊ ည ၉ နာရီခန့်အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက သစ်စိမ့်ကုန်းကျေးရွာကို ဝင် ရောက်စီးနင်းပြီးနောက် လက်နက်များတွေ့ရှိသည်ဟုဆိုကာ ရွာသားများကို အစုလိုက်အပြုံလိုက် စတင်ဖမ်းသွားခြင်း ဖြစ်သည်ဟု ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်အချို့က အတည်ပြု ပြောသည်။
နိုဝင်ဘာ ၅ ရက်နေ့က စတင်ကာ ဖမ်းဆီးခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ အထိ ကျေးလက်နေပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထားပြီး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရွာသားများ ဖမ်းဆီးခံလိုက်ရသည့် အခြေအနေနှင့် ပတ်သက်၍ “စစ်သားတွေ ရွာထဲ ဝင်လာပြီးတော့ သေနတ် တွေ တွေ့တယ်။ ဖမ်းတာစဖမ်းကတည်းက ၈၀ နီးပါး အခုတော့ တစ်ရာကျော်တော့မယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။
သစ်စိမ့်ကုန်းကျေးရွာသည် ကရင်တိုင်းရင်းသား အများစု နေထိုင်ကြသည့် ကျေးရွာတစ်ရွာဖြစ်ပြီး လယ်ယာ လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကာ အိမ်ခြေပေါင်း ၁၈၀ ကျော်ခန့် ရှိသည်။
နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကန်ကြီးထောင့်မြို့နယ် “ရွေး”ကျေးရွာ အခြေခံပညာ အထက်တန်း ဗုံးပေါက်ကွဲမီးလောင်မှုနှင့် ပတ်သက်၍ ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားသည်။
*** ZAWGYI ***
ကရင္႐ြာသား ၁၀၀ နီးပါးကို စစ္ေကာင္စီဖမ္းဆီးထား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္။
ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕နယ္ ေတာင္ကေလးေက်း႐ြာအုပ္စု သစ္စိမ့္ကုန္းေက်း႐ြာရွိ ေဒသခံ ေက်း လက္ ျပည္သူ တစ္ရာနီးပါးကို စစ္ေကာင္စီ က ဖမ္းဆီးထားသည္။
ႏိုဝင္ဘာလ ၅ ရက္ေန႔၊ ည ၉ နာရီခန႔္အခ်ိန္ခန႔္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက သစ္စိမ့္ကုန္းေက်း႐ြာကို ဝင္ ေရာက္စီးနင္းၿပီးေနာက္ လက္နက္မ်ားေတြ႕ရွိသည္ဟုဆိုကာ ႐ြာသားမ်ားကို အစုလိုက္အၿပဳံလိုက္ စတင္ဖမ္းသြားျခင္း ျဖစ္သည္ဟု ႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္အခ်ိဳ႕က အတည္ျပဳ ေျပာသည္။
ႏိုဝင္ဘာ ၅ ရက္ေန႔က စတင္ကာ ဖမ္းဆီးျခင္းျဖစ္ၿပီး ယေန႔ ႏိုဝင္ဘာလ ၈ ရက္ေန႔ အထိ ေက်းလက္ေနျပည္သူ ၁၀၀ ေက်ာ္ကို ဖမ္းဆီးထားၿပီး ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
႐ြာသားမ်ား ဖမ္းဆီးခံလိုက္ရသည့္ အေျခအေနႏွင့္ ပတ္သက္၍ “စစ္သားေတြ ႐ြာထဲ ဝင္လာၿပီးေတာ့ ေသနတ္ ေတြ ေတြ႕တယ္။ ဖမ္းတာစဖမ္းကတည္းက ၈၀ နီးပါး အခုေတာ့ တစ္ရာေက်ာ္ေတာ့မယ္” ဟု ေဒသခံတစ္ဦး ကေျပာသည္။
သစ္စိမ့္ကုန္းေက်း႐ြာသည္ ကရင္တိုင္းရင္းသား အမ်ားစု ေနထိုင္ၾကသည့္ ေက်း႐ြာတစ္႐ြာျဖစ္ၿပီး လယ္ယာ လုပ္ငန္း လုပ္ကိုင္သူမ်ားျဖစ္ကာ အိမ္ေျခေပါင္း ၁၈၀ ေက်ာ္ခန႔္ ရွိသည္။
ႏိုဝင္ဘာလ ၄ ရက္ေန႔ကလည္း ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ကန္ႀကီးေထာင့္ၿမိဳ႕နယ္ “ေ႐ြး”ေက်း႐ြာ အေျခခံပညာ အထက္တန္း ဗုံးေပါက္ကြဲမီးေလာင္မႈႏွင့္ ပတ္သက္၍ ေဒသခံ ၇၀ ေက်ာ္ကို စစ္ေကာင္စီတပ္ဖြဲ႕က ႐ိုက္ႏွက္ဖမ္းဆီးသြားသည္။