PSI ဂြိုလ်တု စလောင်းများ ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
ဧရာဝတီတိုင်း၊ နေအိမ်အချို့တွင် PSI ဂြိုလ်တု စလောင်း တပ်ဆင်ထားသူများ ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၇ ရက်နေ့ ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် သတင်းပေးများက မအူပင်မြို့ အမှတ် ၆ ရပ်ကွက်ရှိ နေအိမ်များတွင် တပ်ထားသည့် PSI ဂြိုဟ်တု စလောင်းများကို လိုက်လံဖြုတ်ယူပြီး အိမ်ရှင်များကိုလည်း ဖမ်းဆီးသွားခြင်း ဖြစ် သည်။
“ပစ္စည်းတော့ သိမ်းထားတယ်။ ဖမ်းသွားတဲ့သူ တချို့တော့ ဒဏ်ဆောင်ခိုင်းပြီး ပြန်လွတ်ပေးတယ်” ဟု ဒေသခံ တစ်ဦး က ပြောသည်။
အမှတ် ၆ ရပ်ကွက် တစ်ခုတည်းတွင်သာ သတင်းပေးများ၏ လမ်းပြမှုဖြင့် အဖမ်းခံရ သူ ၁၅ ဦးခန့်ရှိပြီး ဒဏ်ငွေ မည်မျှ အတပ်ခံသည်ကို မသိရသေးဘူးဟု အဆိုပါ ဒေသခံက ပြောသည်။
မအူပင်မြို့တွင် PSI ဂြိုလ်တု စလောင်းများ အသုံးမပြုရန်၊ မလိုက်နာပါက ငွေဒဏ်၊ ထောင်ဒဏ် ပြစ်ဒဏ်ကျခံရ မည်ဟု စစ်ကောင်စီက အသံချဲ့စက်ဖြင့် လိုက်လံ သတိပေးခဲ့သည်ဟု ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ဝင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။
မအူပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်ဘီး၊ ဆိုက်ကားများတွင် အချက်ပေးဘဲလ် နှင့် ရောင်ပြန် မတပ်သူများ၊ ဖိနပ်မစီးသူ ဆိပ်ကမ်းလုပ်သားများနှင့် ပလက်ဖောင်းမှ လမ်းမလျှောက်သူများကိုလည်း ဖမ်းဆီး ဒဏ်ငွေတပ်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။
*** ZAWGYI ***
PSI ၿဂိဳလ္တု စေလာင္းမ်ား ဖမ္းဆီး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၈ ရက္။
ဧရာဝတီတိုင္း၊ ေနအိမ္အခ်ိဳ႕တြင္ PSI ၿဂိဳလ္တု စေလာင္း တပ္ဆင္ထားသူမ်ား ကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။
ႏိုဝင္ဘာ ၇ ရက္ေန႔ ညက စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား ႏွင့္ သတင္းေပးမ်ားက မအူပင္ၿမိဳ႕ အမွတ္ ၆ ရပ္ကြက္ရွိ ေနအိမ္မ်ားတြင္ တပ္ထားသည့္ PSI ၿဂိဳဟ္တု စေလာင္းမ်ားကို လိုက္လံျဖဳတ္ယူၿပီး အိမ္ရွင္မ်ားကိုလည္း ဖမ္းဆီးသြားျခင္း ျဖစ္ သည္။
“ပစၥည္းေတာ့ သိမ္းထားတယ္။ ဖမ္းသြားတဲ့သူ တခ်ိဳ႕ေတာ့ ဒဏ္ေဆာင္ခိုင္းၿပီး ျပန္လြတ္ေပးတယ္” ဟု ေဒသခံ တစ္ဦး က ေျပာသည္။
အမွတ္ ၆ ရပ္ကြက္ တစ္ခုတည္းတြင္သာ သတင္းေပးမ်ား၏ လမ္းျပမႈျဖင့္ အဖမ္းခံရ သူ ၁၅ ဦးခန႔္ရွိၿပီး ဒဏ္ေငြ မည္မွ် အတပ္ခံသည္ကို မသိရေသးဘူးဟု အဆိုပါ ေဒသခံက ေျပာသည္။
မအူပင္ၿမိဳ႕တြင္ PSI ၿဂိဳလ္တု စေလာင္းမ်ား အသုံးမျပဳရန္၊ မလိုက္နာပါက ေငြဒဏ္၊ ေထာင္ဒဏ္ ျပစ္ဒဏ္က်ခံရ မည္ဟု စစ္ေကာင္စီက အသံခ်ဲ႕စက္ျဖင့္ လိုက္လံ သတိေပးခဲ့သည္ဟု ရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕ ဝင္ တစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။
မအူပင္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက စက္ဘီး၊ ဆိုက္ကားမ်ားတြင္ အခ်က္ေပးဘဲလ္ ႏွင့္ ေရာင္ျပန္ မတပ္သူမ်ား၊ ဖိနပ္မစီးသူ ဆိပ္ကမ္းလုပ္သားမ်ားႏွင့္ ပလက္ေဖာင္းမွ လမ္းမေလွ်ာက္သူမ်ားကိုလည္း ဖမ္းဆီး ဒဏ္ေငြတပ္မႈမ်ား ရွိခဲ့သည္ဟု ေဒသခံမ်ားက ဆိုသည္။