စာသင်ကျောင်း ဗုံးကွဲမှု ၎င်းတို့လက်ချက်မဟုတ်ကြောင်း PDF ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဖြစ်ပွားခဲ့သည့် ဗုံး ပေါက်ကွဲမှုမှာ ၎င်းတို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ဟု ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန် လိုက်သည်။

ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့၊ ညဦးပိုင်းအချိန်ခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒေါက်ရပ်ကျေးရွာ ဒေသခံတစ်ဦးက “စာသင်ကျောင်းကို တိုက်ခိုက်တာကတော့ မဖြစ်သင့်ဘူး။ ဘယ်သူပဲ လုပ် လုပ် မလုပ်သင့်ဘူး။ အခုဆိုရင် အကုန် လုံးက စိုးရိမ်နေကြရတယ်။ ကျောင်းတွေလည်း ပြန်ဖွင့်နေတော့ ကျောင်းတက်တဲ့ ခလေးတွေလည်း ရှိနေ တယ်” ဟု ပြောသည်။

အဆိုပါ စာသင်ကျောင်း ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိသူ မရှိဟု ဒေသခံများက ပြောသည်။

ဒေါက်ရပ်ကျေးရွာ အထက်တန်းကျောင်းခွဲ ဗုံးပေါက်ကွဲမှုသည် စစ်ကောင်စီအနေဖြင့် PDF နှင့် EAO များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဘီးလင်းမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့က စွပ်စွဲထားသည်။

ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် NUG အစိုးရမှ ချမှတ်လမ်းညွှန်ထားသည့် စည်းမျဥ်း စည်းကမ်း များကို လိုက်နာစောင့်ထိန်လျှက်ရှိသည်ဟုလည်း ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပြော ဆိုထားသည်။

*** ZAWGYI ***
စာသင္ေက်ာင္း ဗုံးကြဲမႈ ၎တို႔လက္ခ်က္မဟုတ္ေၾကာင္း PDF ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္။

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာအထက္တန္းေက်ာင္းခြဲတြင္ ျဖစ္ပြားခဲ့သည့္ ဗုံး ေပါက္ကြဲမႈမွာ ၎တို႔ ျပဳလုပ္ခဲ့ျခင္းမဟုတ္ဟု ဘီးလင္းၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ႏိုဝင္ဘာလ ၇ ရက္ေန႔က ထုတ္ျပန္ လိုက္သည္။

ေဒါက္ရပ္ေက်း႐ြာ အေျခခံပညာအထက္တန္းေက်ာင္းခြဲေရွ႕တြင္ ႏိုဝင္ဘာ ၇ ရက္ေန႔၊ ညဦးပိုင္းအခ်ိန္ခန႔္က ဗုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ေဒါက္ရပ္ေက်း႐ြာ ေဒသခံတစ္ဦးက “စာသင္ေက်ာင္းကို တိုက္ခိုက္တာကေတာ့ မျဖစ္သင့္ဘူး။ ဘယ္သူပဲ လုပ္ လုပ္ မလုပ္သင့္ဘူး။ အခုဆိုရင္ အကုန္ လုံးက စိုးရိမ္ေနၾကရတယ္။ ေက်ာင္းေတြလည္း ျပန္ဖြင့္ေနေတာ့ ေက်ာင္းတက္တဲ့ ခေလးေတြလည္း ရွိေန တယ္” ဟု ေျပာသည္။

အဆိုပါ စာသင္ေက်ာင္း ဗုံးေပါက္ကြဲမႈေၾကာင့္ လူထိခိုက္ဒဏ္ရာရရွိသူ မရွိဟု ေဒသခံမ်ားက ေျပာသည္။

ေဒါက္ရပ္ေက်း႐ြာ အထက္တန္းေက်ာင္းခြဲ ဗုံးေပါက္ကြဲမႈသည္ စစ္ေကာင္စီအေနျဖင့္ PDF ႏွင့္ EAO မ်ားအေပၚ ျပည္သူမ်ား အထင္အျမင္လြဲမွားေစရန္ ရည္႐ြယ္ၿပီး လုပ္ေဆာင္ျခင္းျဖစ္သည္ဟု ဘီးလင္းၿမိဳ႕နယ္ ျပည္သူ႔ ကာ ကြယ္ေရးတပ္ဖြဲ႕က စြပ္စြဲထားသည္။

ဘီးလင္းၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕သည္ NUG အစိုးရမွ ခ်မွတ္လမ္းၫႊန္ထားသည့္ စည္းမ်ဥ္း စည္းကမ္း မ်ားကို လိုက္နာေစာင့္ထိန္လွ်က္ရွိသည္ဟုလည္း ဘီးလင္းၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ထုတ္ျပန္ေျပာ ဆိုထားသည္။