NLD ကရင်ပြည်နယ် ဝန်ကြီးချုပ်ကို စစ်ကောင်စီက ထောင်ဒဏ် ၇၇ နှစ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇၇ နှစ် နှင့် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၉၂ နှစ်စီ အသီးသီး ချမှတ် လိုက်သည်။
နိုဝင်ဘာလ ၉ ရက်နေ့ (ယနေ့)တွင် ကရင်ပြည်နယ် တရားလွှတ်တော်၊ ဘားအံထောင်တွင်း တရားရုံးကနေ ပြစ် ဒဏ်အသီးသီးကို ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု အမှုလိုက်ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောသည်။
“ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင် တို့ ကို နိုင်ငံတော် စစ်ကောင်စီကနေ တရားစွဲထားတဲ့အမှုက စုစုပေါင်း ၇ မှုရှိတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စွဲထားတာ။ ဒီနေ့ စီမံဘဏ္ဍာဝန်ကြီးအောင် ဦးသန်းနိုင်ကို ထောင်ဒဏ်အနှစ် ၉၀၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ် နန်းခင်ထွေးမြင့်ကို အမှု ၅ မှုအတွက် တစ်မှုကို ၁၅ နှစ်နှုန်းနဲ့ စုစုပေါင်း ၇၅ နှစ် ဘားအံထောင်တွင်းတရားရုံး ကနေ ချလိုက်တယ်။”
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်တို့နှစ်ကို နှစ်တွဲအမှု လေးမှုစီ အပြင် တစ်ဦးချင်းစီအား စွဲထားသည့်အမှုများ အားလုံးနှင့် ပတ်သက်၍ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးဇော်မင်းလှိုင်က ဆက်ပြောသည်။
“အဲ့ဒီ ၇ မှုမှာ ဒေါ်နန်းခင်ထွေးမြင့်ကို တစ်ယောက်ချင်းစွဲထားတာက တစ်မှု၊ ဦးသန်းနိုင်က နှစ်မှု။ နှစ်တွဲဆွဲထား တာ ၄ မှုရှိတယ်။ အဲ့မှာတစ်မှုကို ၁၅ နှစ်နှုန်းနဲ့ပေါ့။ ဆိုတော့ ၄ မှုဖြစ်တဲ့အတွက် နှစ် ၆၀ စီဖြစ်သွားတယ်။ အန် တီနန်းက နှစ်ယောက်တွဲအမှုက ၄ မှု တစ်ယောက်ထဲအမှုက တစ်မှု ဆိုတော့ ၇၅ နှစ် ကျသွားတယ်။ ဟိုဘက်က ဦးသန်းနိုင်က တစ်ယောက်ထဲအမှုက ၂ မှု၊ နှစ်ယောက်တွဲနဲ့ပေါင်းတော့ ၆ မှု ဆိုတော့ စုစုပေါင်း နှစ် ၉၀ ဖြစ်သွား တယ်။ ယခင်သူတို့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)နဲ့ နှစ်နှစ်စီ ထောင်ဒဏ်ချခံထားရတာ ဖြစ်တဲ့ အတွက် အဲ့ဒီပုဒ်မတွေက ပြစ်ဒဏ်တွေပါ ထည့်ပေါင်းမယ်ဆိုရင် အန်တီနန်းက စုစုပေါင်း ၇၇ နှစ်၊ ဦး သန်းနိုင်က ၉၂ ပေါ့။”
တစ်ဦးချင်းစီစွဲဆိုထားသည့်အမှုများတွင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍ ငွေကြေးသုံးစွဲခဲ့မှုများ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲပြီး ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ “ကရင်ပြည်နယ်ထဲမှာ သူဝန်ကြီးချုပ်ဖြစ်နေတဲ့အတောအတွင်းမှာ ကားအက်စီးဒင့် ဖြစ်တာ တစ်ခုရှိတယ်။ ကားအက်စီးဒန့်ဖြစ်ပြီးတော့ ရန်ကုန်မှာ ဆေးဝါးကုသတယ်။ ဆေးဝါးကုသမှုစရိတ် အတွက် ငွေကျပ်သိန်း ၅၀ ထုတ်ထားတယ်။ အဲ့သိန်း ၅၀ ထုတ်ထားရာမှာ ၁၆ သိန်းသုံးပြီးတော့ ကျန်တဲ့ ငွေတွေ ကို ပြန်သွင်းတယ်။ ၁၆ သိန်းကို ပြန်မသွင်းဘူး အဲ့ဒီအတွက် ပြည်သူ့ဘဏ္ဍာတွေကို ကိုယ်ကျိုးသုံးတယ်ဆိုပြီး စွဲ တယ်။ အမှန်ကတော့ ဝန်ကြီးချုပ်တစ်ဦးဟာ ဆေးဝါးကုသမှု အခမဲ့ကုသခွင့် ဥပဒေပြဌာန်းထားပြီးသား ရှိ တယ်။ အဲ့ဒီဥပဒေအရ မြန်မာပြည်တွင်းမှာ ရှိတဲ့ ဘယ်ဆေးရုံတက်တက် ပါရာစီတမောဖိုးလည်းပေးစရာ မလို ဘူး။ ဘာမီတွန်ဖိုးလည်း ပေးစရာမလိုဘူး” ဟု ရှေ့နေ ဦးဇော်မင်းလှိုင်က ဆက်ပြောသည်။
ထို့အပြင် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကိုလည်း ခါးအရိုးကျိုး သွား၍ ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူစဉ် ကုမ္ပဏီတစ်ခုမှ အမေရိကန်ဒေါ်လာတစ်သောင်းတောင်းယူမှုနှင့် ၂၀၂၀ ရွေးကောက်ပွဲဝင်ရန် ကုမ္ပဏီတစ်ခုထံမှ ငွေကျပ်သိန်း ၅၀ တောင်းယူသုံးစွဲမှု စသည့်အမှုဖြင့် သီးသန့် နှစ်မှု စွဲခံထားရခြင်းဖြစ်သည်။
ဒေါ်နန်းခင်ထွေးမြင့်၏ မိသားစုဝင်တစ်ဦး က “ဒီနေ့ တရားရုံးက အမိန့်ချလိုက်တယ်လို့ သတင်းကြားတယ်။ ၇၅ နှစ်လို့ကြားတယ်။ ကျနော်တို့ကလည်း ရှောင်နေရတာ။ ဒါကအငြိုးကြီးကြီးနဲ့ချလိုက်တယ်လို့ပဲ ပြောချင် တယ်။ မတရားဘူး။ အမြန်ဆုံးပြန်လွှတ်ပေးဖို့တော့ ပြောချင်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းအပေါ်လည်း ရှေ့နေ ဦးဇော်မင်းလှိုင် က “ရှေ့နေတစ်ယောက် အနေနဲ့ ပြောရရင် လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးလို့ပြောချင်တယ်။ မျှတမှန်ကန်တဲ့ တရားစွဲဆိုမှု မဟုတ်ဘူး။ မျှတမှန်ကန်တဲ့ တရားစီရင်မှုမျိုးလည်းမဟုတ်ဘူးလို့ပဲ ကျနော်က သုံးသပ်ချင်တယ်” ဟု ပြော သည်။
နှစ်ဦးပေါင်းစွဲခံရသည့်အမှုတို့မှာ ကရင်ပြည်နယ်အတွင်း ကမ်းနားလမ်းသာယာလှပရေးစီမံကိန်းပြုလုပ်ရာတွင် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ အစိုးရနှင့် သဘောတူညီမှုဆိုင်ရာ စာချုပ်များချုပ်ဆို၍ မြေယာဖော်ထုတ်ရာတွင် ဂရမ်ထုတ်ပေးသည့်ကိစ္စမှာ နိုင်ငံတော်ပိုင်မြေများ ဆုံးရှုံးမှု၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အသေးစား လုပ်ငန်းရှင်များအား ချေးပေးခဲ့သည့်ငွေများကို NLD အစိုးရလက်ထက်တွင် အကြွေးပြန်မတောင်းသည့်အမှုတို့ ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဇွဲကပင်ပလာဇာ တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ နိုင်ငံတော်မှ ခွင့်ပြုကြောင်း အကြောင်း ပြန်ကြားခြင်း မရှိသေးပဲ လုပ်ဆောင်သည့်အတွက် နိုင်ငံတော်၏ ညွန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက်ဟုဆိုတာ အမှုတစ်မှု၊ အဆိုပါ ပလာဇာအတွက် ကြိုတင်ငွေများထုတ်ယူပြီး ပြည်ပပုဂ္ဂလိဘဏ် များတွင် အကောင့်များဖွင့်၍ ဘဏ္ဍာငွေများကို ထားသည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေများဆုံးရှုံးသည် ဟုဆို ကာ ၎င်းတို့နှစ်ဦးအား ပူးတွဲ လေးမှုစွဲထားခြင်းဖြစ်သည်။
ယနေ့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံလိုက်ရသည် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးသန်းနိုင်တို့ နှစ်ဦးလုံးက အဆိုပါ ပြစ်ဒဏ်များအတွက် အထက်တရားရုံးများတွင် အယူခံဝင်သွားရန် မရှိဟု အမှုလိုက်ရှေ့နေက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်း ခင်ထွေးမြင့်ကို စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖမ်းဆီးခေါ် ဆောင် သွားခဲ့ပြီး နောက်ရက်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်ကောင်စီက ထပ်မံဖမ်းဆီးထိန်းသိမ်းပြီးနောက် ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
*** ZAWGYI ***
NLD ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို စစ္ေကာင္စီက ေထာင္ဒဏ္ ၇၇ ႏွစ္ခ်
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္။
ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကို အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၇၇ ႏွစ္ ႏွင့္ ျပည္နယ္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏိုင္ကို အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၉၂ ႏွစ္စီ အသီးသီး ခ်မွတ္ လိုက္သည္။
ႏိုဝင္ဘာလ ၉ ရက္ေန႔ (ယေန႔)တြင္ ကရင္ျပည္နယ္ တရားလႊတ္ေတာ္၊ ဘားအံေထာင္တြင္း တရား႐ုံးကေန ျပစ္ ဒဏ္အသီးသီးကို ခ်မွတ္လိုက္ျခင္း ျဖစ္သည္ဟု အမႈလိုက္ေရွ႕ေန ဦးေဇာ္မင္းလႈိင္က ေျပာသည္။
“ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ ကရင္ျပည္နယ္ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏိုင္ တို႔ ကို ႏိုင္ငံေတာ္ စစ္ေကာင္စီကေန တရားစြဲထားတဲ့အမႈက စုစုေပါင္း ၇ မႈရွိတယ္။ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ နဲ႔ စြဲထားတာ။ ဒီေန႔ စီမံဘ႑ာဝန္ႀကီးေအာင္ ဦးသန္းႏိုင္ကို ေထာင္ဒဏ္အႏွစ္ ၉၀၊ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚ နန္းခင္ေထြးျမင့္ကို အမႈ ၅ မႈအတြက္ တစ္မႈကို ၁၅ ႏွစ္ႏႈန္းနဲ႔ စုစုေပါင္း ၇၅ ႏွစ္ ဘားအံေထာင္တြင္းတရား႐ုံး ကေန ခ်လိုက္တယ္။”
ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ႏွင့္ ျပည္နယ္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏိုင္တို႔ႏွစ္ကို ႏွစ္တြဲအမႈ ေလးမႈစီ အျပင္ တစ္ဦးခ်င္းစီအား စြဲထားသည့္အမႈမ်ား အားလုံးႏွင့္ ပတ္သက္၍ ေထာင္ဒဏ္ခ်မွတ္လိုက္ျခင္း ျဖစ္သည္ဟု ေရွ႕ေန ဦးေဇာ္မင္းလႈိင္က ဆက္ေျပာသည္။
“အဲ့ဒီ ၇ မႈမွာ ေဒၚနန္းခင္ေထြးျမင့္ကို တစ္ေယာက္ခ်င္းစြဲထားတာက တစ္မႈ၊ ဦးသန္းႏိုင္က ႏွစ္မႈ။ ႏွစ္တြဲဆြဲထား တာ ၄ မႈရွိတယ္။ အဲ့မွာတစ္မႈကို ၁၅ ႏွစ္ႏႈန္းနဲ႔ေပါ့။ ဆိုေတာ့ ၄ မႈျဖစ္တဲ့အတြက္ ႏွစ္ ၆၀ စီျဖစ္သြားတယ္။ အန္ တီနန္းက ႏွစ္ေယာက္တြဲအမႈက ၄ မႈ တစ္ေယာက္ထဲအမႈက တစ္မႈ ဆိုေတာ့ ၇၅ ႏွစ္ က်သြားတယ္။ ဟိုဘက္က ဦးသန္းႏိုင္က တစ္ေယာက္ထဲအမႈက ၂ မႈ၊ ႏွစ္ေယာက္တြဲနဲ႔ေပါင္းေတာ့ ၆ မႈ ဆိုေတာ့ စုစုေပါင္း ႏွစ္ ၉၀ ျဖစ္သြား တယ္။ ယခင္သူတို႔က ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ-၅၀၅(ခ)နဲ႔ ႏွစ္ႏွစ္စီ ေထာင္ဒဏ္ခ်ခံထားရတာ ျဖစ္တဲ့ အတြက္ အဲ့ဒီပုဒ္မေတြက ျပစ္ဒဏ္ေတြပါ ထည့္ေပါင္းမယ္ဆိုရင္ အန္တီနန္းက စုစုေပါင္း ၇၇ ႏွစ္၊ ဦး သန္းႏိုင္က ၉၂ ေပါ့။”
တစ္ဦးခ်င္းစီစြဲဆိုထားသည့္အမႈမ်ားတြင္ က်န္းမာေရးဆိုင္ရာကိစၥရပ္ႏွင့္ ပတ္သက္၍ ေငြေၾကးသုံးစြဲခဲ့မႈမ်ား အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ ျဖင့္ တရားစြဲၿပီး ျပစ္ဒဏ္ခ်မွတ္ခံရျခင္းျဖစ္သည္။
အဆိုပါအမႈႏွင့္ ပတ္သက္၍ “ကရင္ျပည္နယ္ထဲမွာ သူဝန္ႀကီးခ်ဳပ္ျဖစ္ေနတဲ့အေတာအတြင္းမွာ ကားအက္စီးဒင့္ ျဖစ္တာ တစ္ခုရွိတယ္။ ကားအက္စီးဒန႔္ျဖစ္ၿပီးေတာ့ ရန္ကုန္မွာ ေဆးဝါးကုသတယ္။ ေဆးဝါးကုသမႈစရိတ္ အတြက္ ေငြက်ပ္သိန္း ၅၀ ထုတ္ထားတယ္။ အဲ့သိန္း ၅၀ ထုတ္ထားရာမွာ ၁၆ သိန္းသုံးၿပီးေတာ့ က်န္တဲ့ ေငြေတြ ကို ျပန္သြင္းတယ္။ ၁၆ သိန္းကို ျပန္မသြင္းဘူး အဲ့ဒီအတြက္ ျပည္သူ႔ဘ႑ာေတြကို ကိုယ္က်ိဳးသုံးတယ္ဆိုၿပီး စြဲ တယ္။ အမွန္ကေတာ့ ဝန္ႀကီးခ်ဳပ္တစ္ဦးဟာ ေဆးဝါးကုသမႈ အခမဲ့ကုသခြင့္ ဥပေဒျပဌာန္းထားၿပီးသား ရွိ တယ္။ အဲ့ဒီဥပေဒအရ ျမန္မာျပည္တြင္းမွာ ရွိတဲ့ ဘယ္ေဆး႐ုံတက္တက္ ပါရာစီတေမာဖိုးလည္းေပးစရာ မလို ဘူး။ ဘာမီတြန္ဖိုးလည္း ေပးစရာမလိုဘူး” ဟု ေရွ႕ေန ဦးေဇာ္မင္းလႈိင္က ဆက္ေျပာသည္။
ထို႔အျပင္ ကရင္ျပည္နယ္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ဦးသန္းႏိုင္ကိုလည္း ခါးအ႐ိုးက်ိဳး သြား၍ ထိုင္းႏိုင္ငံတြင္ ေဆးဝါးကုသမႈခံယူစဥ္ ကုမၸဏီတစ္ခုမွ အေမရိကန္ေဒၚလာတစ္ေသာင္းေတာင္းယူမႈႏွင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲဝင္ရန္ ကုမၸဏီတစ္ခုထံမွ ေငြက်ပ္သိန္း ၅၀ ေတာင္းယူသုံးစြဲမႈ စသည့္အမႈျဖင့္ သီးသန႔္ ႏွစ္မႈ စြဲခံထားရျခင္းျဖစ္သည္။
ေဒၚနန္းခင္ေထြးျမင့္၏ မိသားစုဝင္တစ္ဦး က “ဒီေန႔ တရား႐ုံးက အမိန႔္ခ်လိုက္တယ္လို႔ သတင္းၾကားတယ္။ ၇၅ ႏွစ္လို႔ၾကားတယ္။ က်ေနာ္တို႔ကလည္း ေရွာင္ေနရတာ။ ဒါကအၿငိဳးႀကီးႀကီးနဲ႔ခ်လိုက္တယ္လို႔ပဲ ေျပာခ်င္ တယ္။ မတရားဘူး။ အျမန္ဆုံးျပန္လႊတ္ေပးဖို႔ေတာ့ ေျပာခ်င္တယ္” ဟု ေျပာသည္။
ယခုကဲ့သို႔ ႏွစ္ရွည္ေထာင္ဒဏ္မ်ားခ်မွတ္ျခင္းအေပၚလည္း ေရွ႕ေန ဦးေဇာ္မင္းလႈိင္ က “ေရွ႕ေနတစ္ေယာက္ အေနနဲ႔ ေျပာရရင္ လုပ္ထုံးလုပ္နည္းေတြနဲ႔ မညီၫြတ္ဘူးလို႔ေျပာခ်င္တယ္။ မွ်တမွန္ကန္တဲ့ တရားစြဲဆိုမႈ မဟုတ္ဘူး။ မွ်တမွန္ကန္တဲ့ တရားစီရင္မႈမ်ိဳးလည္းမဟုတ္ဘူးလို႔ပဲ က်ေနာ္က သုံးသပ္ခ်င္တယ္” ဟု ေျပာ သည္။
ႏွစ္ဦးေပါင္းစြဲခံရသည့္အမႈတို႔မွာ ကရင္ျပည္နယ္အတြင္း ကမ္းနားလမ္းသာယာလွပေရးစီမံကိန္းျပဳလုပ္ရာတြင္ ကုမၸဏီတစ္ခုႏွင့္ ပူးေပါင္းကာ အစိုးရႏွင့္ သေဘာတူညီမႈဆိုင္ရာ စာခ်ဳပ္မ်ားခ်ဳပ္ဆို၍ ေျမယာေဖာ္ထုတ္ရာတြင္ ဂရမ္ထုတ္ေပးသည့္ကိစၥမွာ ႏိုင္ငံေတာ္ပိုင္ေျမမ်ား ဆုံးရႈံးမႈ၊ သမၼတဦးသိန္းစိန္အစိုးရလက္ထက္တြင္ အေသးစား လုပ္ငန္းရွင္မ်ားအား ေခ်းေပးခဲ့သည့္ေငြမ်ားကို NLD အစိုးရလက္ထက္တြင္ အေႂကြးျပန္မေတာင္းသည့္အမႈတို႔ ျဖစ္သည္ဟု ဆိုသည္။
ထို႔အျပင္ ဇြဲကပင္ပလာဇာ တည္ေဆာက္ေရးလုပ္ငန္းႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္မွ ခြင့္ျပဳေၾကာင္း အေၾကာင္း ျပန္ၾကားျခင္း မရွိေသးပဲ လုပ္ေဆာင္သည့္အတြက္ ႏိုင္ငံေတာ္၏ ၫြန္ၾကားခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ျခင္း မရွိသည့္အတြက္ဟုဆိုတာ အမႈတစ္မႈ၊ အဆိုပါ ပလာဇာအတြက္ ႀကိဳတင္ေငြမ်ားထုတ္ယူၿပီး ျပည္ပပုဂၢလိဘဏ္ မ်ားတြင္ အေကာင့္မ်ားဖြင့္၍ ဘ႑ာေငြမ်ားကို ထားသည့္အတြက္ ႏိုင္ငံေတာ္၏ ဘ႑ာေငြမ်ားဆုံးရႈံးသည္ ဟုဆို ကာ ၎တို႔ႏွစ္ဦးအား ပူးတြဲ ေလးမႈစြဲထားျခင္းျဖစ္သည္။
ယေန႔ ႏွစ္ရွည္ေထာင္ဒဏ္မ်ား ခ်မွတ္ခံလိုက္ရသည္ ေဒၚနန္းခင္ေထြးျမင့္ႏွင့္ ဦးသန္းႏိုင္တို႔ ႏွစ္ဦးလုံးက အဆိုပါ ျပစ္ဒဏ္မ်ားအတြက္ အထက္တရား႐ုံးမ်ားတြင္ အယူခံဝင္သြားရန္ မရွိဟု အမႈလိုက္ေရွ႕ေနက ဆိုသည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္း ခင္ေထြးျမင့္ကို စစ္တပ္က အာဏာသိမ္းလိုက္သည့္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔တြင္ ဖမ္းဆီးေခၚ ေဆာင္ သြားခဲ့ၿပီး ေနာက္ရက္တြင္ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ဖမ္းဆီးထားခဲ့သည္။
ထို႔ေနာက္ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔တြင္ စစ္ေကာင္စီက ထပ္မံဖမ္းဆီးထိန္းသိမ္းၿပီးေနာက္ ယခုကဲ့သို႔ ႏွစ္ရွည္ ေထာင္ဒဏ္ခ်မွတ္လိုက္ျခင္း ျဖစ္သည္။