မော်လမြိုင်ကျွန်းမှ ပြည်သူ့စစ်ခေါင်းဆောင် သေနတ်ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်ခံလိုက်ရသည်။
နိုဝင်ဘာလ ၈ ရက်နေ့၊ ည ၉ နာရီကျော် အချိန်ခန့် က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်တင့်ဦး မော်လမြိုင်ကျွန်းမြို့ ၅ လမ်းရှိ ကုတင် ၅၀ ဆေးရုံရှေ့တွင် အမည်မသိ သေနတ်သမားက ပစ် ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက “လက်မောင်းကိုပဲ ထိသွားတယ်လို့ ပြောနေကြတယ်။ ဒဏ်ရာက သိပ် မပြင်းထန်ဘူး” ဟု ပြောသည်။
ဒဏ်ရာရရှိသူ ဦးကျော်တင့်ဦးသည် ယခုခါ မော်လမြိုင်ကျွန်း ဆေးရုံတွင် ဆေးကုမှုခံယူနေပြီး စစ်ကောင်စီ ၏ တပ်ဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူစစ်တပ်ဖွဲ့က ဒေသခံ လမ်းသွားလမ်းလာ အချို့ကို ဖမ်းဆီး စစ်ဆေး မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
မော်လမြိုင်ကျွန်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ ဝါးခယ်မမြို့ပြ ပျောက်ကျားတပ်ဖွဲ့နှင့် ဧရာဝတီလင်းပိုင်အဖွဲ့ ၃ ဖွဲ့ က ၎င်းတို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဦးကျော်တင့်ဦးသည် မော်လမြိုင်ကျွန်းမြို့ အမှတ် ၁၂ ရပ်ကွက်ရုံးရှိ ဌာနေပြည်သူ့စစ် တပ်ခွဲရုံး၏ ခေါင်းဆောင် ဖြစ်ပြီး အာဏာသိမ်းသည့် စစ်တပ်ကို တော်လှန်ဆန့်ကျင်နေသူများကို ဖမ်းဆီးရာတွင် အဓိကကျသူ တစ်ဦး ဖြစ် သည်ဟု ဒေသခံအချို့က ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် အောက်တိုဘာလအတွင်းက စစ်ကောင်စီ၏ သတင်းပေး ရပ်ကျေးစာရေးတစ်ဦး ပစ်သတ်ခံခဲ့ရသည်။
ထို့အပြင် စစ်ဗိုလ်တစ်ဦး၏ မိခင်ဖြစ်သူ ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ဒေသခံ ပြောက်ကြား အဖွဲ့၏ သတိပေးခြင်းကို ခံရပြီးနောက် နုတ်ထွက် ရှောင်တိမ်းသွားခဲ့သည်။
*** ZAWGYI ***
ေမာ္လၿမိဳင္ကြၽန္းမွ ျပည္သူ႔စစ္ေခါင္းေဆာင္ ေသနတ္ပစ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္။
ဧရာဝတီတိုင္း၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕မွ စစ္ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္ ေခါင္းေဆာင္တစ္ဦး ေသနတ္ျဖင့္ ပစ္ခံလိုက္ရသည္။
ႏိုဝင္ဘာလ ၈ ရက္ေန႔၊ ည ၉ နာရီေက်ာ္ အခ်ိန္ခန႔္ က စစ္ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္ ေခါင္းေဆာင္ ဦးေက်ာ္တင့္ဦး ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ ၅ လမ္းရွိ ကုတင္ ၅၀ ေဆး႐ုံေရွ႕တြင္ အမည္မသိ ေသနတ္သမားက ပစ္ ခတ္သြားျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
ရပ္ကြက္ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦးက “လက္ေမာင္းကိုပဲ ထိသြားတယ္လို႔ ေျပာေနၾကတယ္။ ဒဏ္ရာက သိပ္ မျပင္းထန္ဘူး” ဟု ေျပာသည္။
ဒဏ္ရာရရွိသူ ဦးေက်ာ္တင့္ဦးသည္ ယခုခါ ေမာ္လၿမိဳင္ကြၽန္း ေဆး႐ုံတြင္ ေဆးကုမႈခံယူေနၿပီး စစ္ေကာင္စီ ၏ တပ္ဖြဲ႕ႏွင့္ ၎တို႔၏ လက္ေအာက္ခံ ျပည္သူစစ္တပ္ဖြဲ႕က ေဒသခံ လမ္းသြားလမ္းလာ အခ်ိဳ႕ကို ဖမ္းဆီး စစ္ေဆး မႈမ်ား ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕၊ ဝါးခယ္မၿမိဳ႕ျပ ေပ်ာက္က်ားတပ္ဖြဲ႕ႏွင့္ ဧရာဝတီလင္းပိုင္အဖြဲ႕ ၃ ဖြဲ႕ က ၎တို႔ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္ဟု ထုတ္ျပန္ထားသည္။
ဦးေက်ာ္တင့္ဦးသည္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ အမွတ္ ၁၂ ရပ္ကြက္႐ုံးရွိ ဌာေနျပည္သူ႔စစ္ တပ္ခြဲ႐ုံး၏ ေခါင္းေဆာင္ ျဖစ္ၿပီး အာဏာသိမ္းသည့္ စစ္တပ္ကို ေတာ္လွန္ဆန႔္က်င္ေနသူမ်ားကို ဖမ္းဆီးရာတြင္ အဓိကက်သူ တစ္ဦး ျဖစ္ သည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။
ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္တြင္ ေအာက္တိုဘာလအတြင္းက စစ္ေကာင္စီ၏ သတင္းေပး ရပ္ေက်းစာေရးတစ္ဦး ပစ္သတ္ခံခဲ့ရသည္။
ထို႔အျပင္ စစ္ဗိုလ္တစ္ဦး၏ မိခင္ျဖစ္သူ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးတစ္ဦးလည္း ေဒသခံ ေျပာက္ၾကား အဖြဲ႕၏ သတိေပးျခင္းကို ခံရၿပီးေနာက္ ႏုတ္ထြက္ ေရွာင္တိမ္းသြားခဲ့သည္။