ဘိုကလေး အုပ်ချုပ်ရေးမှူး နေအိမ် ဗုံးနှစ်လုံးပေါက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၏ နေ အိမ်တွင် နိုဝင်ဘာလ ၉ ရက်နေ့(ယနေ့) နံနက် ၃ နာရီ အချိန်ခန့်က ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခဲ့သည်။

နေအိမ်အတွင်း ဗုံးနှစ်လုံးဆင့်ကာ ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းပိုင်းသာ အနည်းငယ်ပျက်စီးသွားခဲ့သော်လည်း ဦးသန်းနိုင်၏ မိသားစုဝင်များ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ဘူးဟု ဒေသခံများက ပြောသည်။

“မနက်လင်းအားကြီး အုန်း အုန်းနဲ့ နှစ်လုံးဆက်တိုက် ကွဲသံကြားလိုက်ရတယ်။ အိမ်ထဲမှာ ပေါက်တာဆိုပေမယ့် အိမ်သားတွေတော့ မထိဘူး” ဟု ရွာခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အိမ်သားများ၊ ရွာသားများအပြင် အနီးပါတ်ဝန်း ရှိ အခြားကျေးရွာများတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရွာသားများက ဆိုသည်။

ထို့အပြင် ဘိုကလေးမြို့အဝင် နတ်ချောင်းဂိတ်တွင်လည်း ပိတ်ဆို့စစ်ဆေးနေပြီး မသင်္ကာသူအချို့ကို ဖမ်းဆီး ထားသည်ဟု ဒေသခံ အချို့က ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၏ လုပ်ရပ်များအား အချိန်ယူစောင့်ကြည့် အကဲခတ်ပြီးနောက် သတိပေးသည့် အနေ ဖြင့် ၎င်း၏ နေအိမ်အတွင်း ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု “ဧရာဗေဒါ”ဒေသခံ ပြောက်ကျားအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ဦးသန်းနိုင်သည် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတက်ရန် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးခြင်း၊ ပျူစောထီးများအား သင်တန်းစေလွှတ်ခြင်းနှင့် ပြည်သူများကို ခြိမ်းခြောက်ခြင်းများကို ပြုလုပ် သည် ဟု “ဧရာဗေဒါ” ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီအား အထောက်အပံ့ပြုလုပ်ပေးနေသူများနှင့် သတင်းပေးဒလန်များကို သုတ်သင်သွားမည် ဖြစ်ပြီး အုပ်ချုပ်ရေးမှူးများ စစ်ကောင်စီ လက်အောက်မှ နှုတ်ထွက်ကြရန် “ဧရာဗေဒါ” အဖွဲ့က အောက်တိုဘာလ ၁၆ ရက်နေ့ကတည်းက သတိပေးချက် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁ ရက်နေ့က အောက်လှည်းဆိပ် ကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် နှင့် မရဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းအောင်တို့ နှုတ်ထွက်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း ဘိုကလေးမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ချစ်စမ်းမောင် ပစ်သတ်ခံ ခဲ့ရသည်။

*** ZAWGYI ***
ဘိုကေလး အုပ္ခ်ဳပ္ေရးမႉး ေနအိမ္ ဗုံးႏွစ္လုံးေပါက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္။

ဧရာဝတီတိုင္း၊ ဘိုကေလးၿမိဳ႕နယ္က စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းႏိုင္၏ ေန အိမ္တြင္ ႏိုဝင္ဘာလ ၉ ရက္ေန႔(ယေန႔) နံနက္ ၃ နာရီ အခ်ိန္ခန႔္က ဗုံးႏွစ္လုံးဆင့္ ေပါက္ကြဲခဲ့သည္။

ေနအိမ္အတြင္း ဗုံးႏွစ္လုံးဆင့္ကာ ေပါက္ကြဲခဲ့ရာ ေနအိမ္အတြင္းပိုင္းသာ အနည္းငယ္ပ်က္စီးသြားခဲ့ေသာ္လည္း ဦးသန္းႏိုင္၏ မိသားစုဝင္မ်ား ထိခိုက္ဒဏ္ရာ ရရွိျခင္းမရွိခဲ့ဘူးဟု ေဒသခံမ်ားက ေျပာသည္။

“မနက္လင္းအားႀကီး အုန္း အုန္းနဲ႔ ႏွစ္လုံးဆက္တိုက္ ကြဲသံၾကားလိုက္ရတယ္။ အိမ္ထဲမွာ ေပါက္တာဆိုေပမယ့္ အိမ္သားေတြေတာ့ မထိဘူး” ဟု ႐ြာခံတစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာၿပီး အိမ္သားမ်ား၊ ႐ြာသားမ်ားအျပင္ အနီးပါတ္ဝန္း ရွိ အျခားေက်း႐ြာမ်ားတြင္ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ႐ြာသားမ်ားက ဆိုသည္။

ထို႔အျပင္ ဘိုကေလးၿမိဳ႕အဝင္ နတ္ေခ်ာင္းဂိတ္တြင္လည္း ပိတ္ဆို႔စစ္ေဆးေနၿပီး မသကၤာသူအခ်ိဳ႕ကို ဖမ္းဆီး ထားသည္ဟု ေဒသခံ အခ်ိဳ႕က ေျပာသည္။

အုပ္ခ်ဳပ္ေရးမႉး ဦးသန္းႏိုင္၏ လုပ္ရပ္မ်ားအား အခ်ိန္ယူေစာင့္ၾကည့္ အကဲခတ္ၿပီးေနာက္ သတိေပးသည့္ အေန ျဖင့္ ၎၏ ေနအိမ္အတြင္း ဗုံးေဖာက္ခြဲခဲ့ျခင္းျဖစ္သည္ဟု “ဧရာေဗဒါ”ေဒသခံ ေျပာက္က်ားအဖြဲ႕က သတင္း ထုတ္ျပန္ထားသည္။

ဦးသန္းႏိုင္သည္ ပညာေရးဝန္ထမ္းမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ေက်ာင္းတက္ရန္ နည္းလမ္းမ်ိဳးစုံျဖင့္ ဖိအားေပးျခင္း၊ ပ်ဴေစာထီးမ်ားအား သင္တန္းေစလႊတ္ျခင္းႏွင့္ ျပည္သူမ်ားကို ၿခိမ္းေျခာက္ျခင္းမ်ားကို ျပဳလုပ္ သည္ ဟု “ဧရာေဗဒါ” ၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

စစ္ေကာင္စီအား အေထာက္အပံ့ျပဳလုပ္ေပးေနသူမ်ားႏွင့္ သတင္းေပးဒလန္မ်ားကို သုတ္သင္သြားမည္ ျဖစ္ၿပီး အုပ္ခ်ဳပ္ေရးမႉးမ်ား စစ္ေကာင္စီ လက္ေအာက္မွ ႏႈတ္ထြက္ၾကရန္ “ဧရာေဗဒါ” အဖြဲ႕က ေအာက္တိုဘာလ ၁၆ ရက္ေန႔ကတည္းက သတိေပးခ်က္ ထုတ္ျပန္ထားသည္။

ႏိုဝင္ဘာလ ၁ ရက္ေန႔က ေအာက္လွည္းဆိပ္ ေက်း႐ြာအုပ္စုက စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးမင္းေအာင္ ႏွင့္ မရဲေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းေအာင္တို႔ ႏႈတ္ထြက္သြားခဲ့ေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလကလည္း ဘိုကေလးၿမိဳ႕နယ္တြင္ ပ်ဴေစာထီး ေခါင္းေဆာင္ ခ်စ္စမ္းေမာင္ ပစ္သတ္ခံ ခဲ့ရသည္။