သမဂ္ဂ ခေါင်းဆောင်ကို မတွေ့သဖြင့် မိခင်နှင့် ညီမကို ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုင်ဝင်ဘာလ ၉ ရက်၊ ၂၀၂၁ ခုနှစ်။

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မသီရိမိုးကို လာရောက်ရှာဖွေဖမ်းဆီးရာ မတွေ့သဖြင့် မိခင်နှင့် ညီမဖြစ်သူတို့ကို စစ်ကောင်စီက နိုဝင်ဘာလ ၈ ရက်နေ့၊ ညက ဖမ်းဆီးသွားသည်ဟု ရွာသားများကပြောသည်။

ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာတွင်နေထိုင်သူ မသီရိမိုးကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ဝရမ်းထုတ်ထားခဲ့သည်။

မသီရိမိုးလာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးနှင့် ညီမ မရွှေရည်မိုးတို့ နှစ်ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူအချို့ က ပြောသည်။

ဆွေမျိုးတော်စပ်သူ တစ်ဦးက “အိမ်စီးကားနှစ်စီး အရပ်ဝတ်တွေနဲ့ လာဖမ်းတာ။ အိမ်ထဲမှာ မွေနှောက် ရှာပြီး တာနဲ့ ဖုန်းတွေကို သိမ်းပြီး သားအမိ နှစ်ယောက်စလုံးကို ခေါ်သွားတာ” ဟု အတည်ပြု ပြောသည်။

မသီရိမိုး၏ မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးသည် အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး ညီမဖြစ်သူ မရွှေရည်မိုး သည် အသက် ၁၆ နှစ်အရွယ်သာ ရှိသေးသည်ဟု မိသားစုဝင်များက ပြောသည်။

မသိရီမိုးသည် စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြပွဲများတွင် စတင်ပါဝင်သည့် အချိန်မှ ယနေ့အချိန်ထိ နေအိမ်မှဆင်းသွားခဲ့ကာ မိသားစုဝင်များနှင့် အဆက်အသွယ်လုပ်ခဲ့ခြင်းမရှိဟု ဆွေမျိုးတော်ဆပ်သူ က ဆက်ပြောသည်။

လက်ရှိတွင် အဖမ်းခံထားရသည့် မသီရိမိုး၏ မိခင်နှင့် ညီမဖြစ်သူတို့ကို ထားဝယ်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်း ထားသည်ဟု သိရသည်။

*** ZAWGYI ***
သမဂၢ ေခါင္းေဆာင္ကို မေတြ႕သျဖင့္ မိခင္ႏွင့္ ညီမကို ဖမ္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
ႏိုင္ဝင္ဘာလ ၉ ရက္၊ ၂၀၂၁ ခုႏွစ္။

ထားဝယ္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဒုတိယ ဥကၠ႒ျဖစ္သူ မသီရိမိုးကို လာေရာက္ရွာေဖြဖမ္းဆီးရာ မေတြ႕သျဖင့္ မိခင္ႏွင့္ ညီမျဖစ္သူတို႔ကို စစ္ေကာင္စီက ႏိုဝင္ဘာလ ၈ ရက္ေန႔၊ ညက ဖမ္းဆီးသြားသည္ဟု ႐ြာသားမ်ားကေျပာသည္။

ထားဝယ္ၿမိဳ႕နယ္ ကႏိုင္းဒါေက်း႐ြာတြင္ေနထိုင္သူ မသီရိမိုးကို စစ္ေကာင္စီက ပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ ဝရမ္းထုတ္ထားခဲ့သည္။

မသီရိမိုးလာေရာက္ဖမ္းဆီးရာ မေတြ႕သျဖင့္ မိခင္ျဖစ္သူ ေဒၚသက္သက္ေထြးႏွင့္ ညီမ မေ႐ႊရည္မိုးတို႔ ႏွစ္ဦးကို ဓါးစာခံအျဖစ္ ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု မိသားစုဝင္မ်ားႏွင့္ နီးစပ္သူအခ်ိဳ႕ က ေျပာသည္။

ေဆြမ်ိဳးေတာ္စပ္သူ တစ္ဦးက “အိမ္စီးကားႏွစ္စီး အရပ္ဝတ္ေတြနဲ႔ လာဖမ္းတာ။ အိမ္ထဲမွာ ေမြေႏွာက္ ရွာၿပီး တာနဲ႔ ဖုန္းေတြကို သိမ္းၿပီး သားအမိ ႏွစ္ေယာက္စလုံးကို ေခၚသြားတာ” ဟု အတည္ျပဳ ေျပာသည္။

မသီရိမိုး၏ မိခင္ျဖစ္သူ ေဒၚသက္သက္ေထြးသည္ အသက္ ၄၀ ေက်ာ္အ႐ြယ္ျဖစ္ၿပီး ညီမျဖစ္သူ မေ႐ႊရည္မိုး သည္ အသက္ ၁၆ ႏွစ္အ႐ြယ္သာ ရွိေသးသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။

မသိရီမိုးသည္ စစ္တပ္က အာဏာသိမ္းလိုက္သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္း စစ္အာဏာရွင္ ဆန႔္ က်င္ေရး ဆႏၵျပပြဲမ်ားတြင္ စတင္ပါဝင္သည့္ အခ်ိန္မွ ယေန႔အခ်ိန္ထိ ေနအိမ္မွဆင္းသြားခဲ့ကာ မိသားစုဝင္မ်ားႏွင့္ အဆက္အသြယ္လုပ္ခဲ့ျခင္းမရွိဟု ေဆြမ်ိဳးေတာ္ဆပ္သူ က ဆက္ေျပာသည္။

လက္ရွိတြင္ အဖမ္းခံထားရသည့္ မသီရိမိုး၏ မိခင္ႏွင့္ ညီမျဖစ္သူတို႔ကို ထားဝယ္ၿမိဳ႕နယ္ ရဲစခန္းတြင္ ထိန္းသိမ္း ထားသည္ဟု သိရသည္။