PDF များနှင့် ပတ်သက်သည်ဆိုကာ အိမ်များ ချိပ်ပိတ်သိမ်းဆည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

မြိတ်မြို့တွင် PDF အဖွဲ့များနှင့် ပတ်သက်သည်ဆိုသော စွပ်စွဲပြီး မြိတ်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဟောင်း ဦးမြတ်ကိုကို၏ နေအိမ်နှင့် အခြားအိမ်တစ်လုံးကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းလိုက်သည်ဟု မြို့ခံများက ပြောသည်။

ကန်ဖျားရပ်၊ ထုံးဖိုလမ်းရှိ ဦးမြတ်ကိုကို၏ နေအိမ်နှင့် ပါရမီရပ် ပေခြောက်ဆယ်လမ်းမကြီးရှိ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် NLD ပါတီဝင် ဒေါ်ရှင်ဌေး၏ နေအိမ် (ပန်းအိမ်မက် တည်းခိုရိပ်သာ) တို့ကို နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင် အချိန်ခန့်က တပြိုင်နက်သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

မြိတ်မြို့၊ ပါရမီရပ်ကွက်နေ အသက် ၃၅ နှစ် အရွယ်ခန့်ရှိသူ အမျိုးသားတစ်ဦးက “ဦးမြတ်ကိုကိုရဲ့ အိမ်နဲ့ခြံဝန်းကို ဗွီနိုင်းပြားနဲ့ သတိပေးစာ ကပ်သွားတယ်ကြားရတယ်။ ဒေါ်ရှင်ဌေး အိမ်မှာလည်း စာပြားနီလာကပ်ထားတာ တွေ့ရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ လာကပ်သည့် စာထဲတွင် “ဤမြေနေရာနှင့် အဆောက်အဦသည် အကြမ်းအဖက်အုပ်စု PDF အဖွဲ့အစည်းနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်သည်။ မကျူး ကျော်ရ။ ရောင်းဝယ်ခြင်းမပြုရ“ ဟု ရေးသားထားသည်။

တနင်္သာရီတိုင်း မြိတ်မြို့တွင်သာမကပဲ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက နေအိမ် ၇ လုံးကိုလည်း မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲတစ်ခုနှင့်ပတ်သက်ဆက်စပ်သည်ဟု ဆိုကာ နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်အိမ်ပြီးတစ်အိမ် စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။

ထို့အပြင် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ကျုံပျော်မြို့က ဘိုး ဘွားပိုင် နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းပြီး မိသားစုဝင်များကို ပြောင်းရွှေ့ခိုင်းခဲ့သည်။

စစ်ကောင်စီက အောက်တိုဘာလတုန်းကလည်း စစ်ကိုင်းတိုင်း အမျိုးသမီးလွှတ်တော်အမတ် ဒေါ်သန့်ဝေကျော် ၏ နေအိမ်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CHPH ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၏ ရန် ကုန်မြို့ရှိ နေအိမ်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက် တာလျန်မှုန်းဆာခေါင်၏ ဟားခါးမြို့က နေအိမ်တို့ကိုလည်း ချိပ်ပိတ်သိမ်းယူခဲ့သည်။

ထိုသို့ ချိပ်ပိတ်သိမ်းဆည်းမှုများအပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်၍ ယနေ့အချိန်ထိ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်ရာတွင် ဦးဆောင်ပါဝင်သူများ၊ NLD ပါတီဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ CDM ပြုလုပ်ထားသူ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့ဝင် အချို့တို့ကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များတွင်သာမကပဲ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေ့ခင်းပိုင်းတွင်သာမပဲ ည အချိန်တို့တွင်လည်း အပြစ်မဲ့ပြည်သူများကို နေအိမ်များထဲအထိ ဝင်ရောက် ခြိမ်းခြောက် ဖမ်းဆီးမှုများ လက်ရှိ အချိန်အထိ လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် အချို့က တိမ်းရှောင်နေကြရသည်။

*** ZAWGYI ***
PDF မ်ားႏွင့္ ပတ္သက္သည္ဆိုကာ အိမ္မ်ား ခ်ိပ္ပိတ္သိမ္းဆည္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္။

ၿမိတ္ၿမိဳ႕တြင္ PDF အဖြဲ႕မ်ားႏွင့္ ပတ္သက္သည္ဆိုေသာ စြပ္စြဲၿပီး ၿမိတ္ၿမိဳ႕နယ္ စည္ပင္ေကာ္မတီ ဥကၠ႒ ေဟာင္း ဦးျမတ္ကိုကို၏ ေနအိမ္ႏွင့္ အျခားအိမ္တစ္လုံးကို စစ္ေကာင္စီက ခ်ိပ္ပိတ္ သိမ္းဆည္းလိုက္သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

ကန္ဖ်ားရပ္၊ ထုံးဖိုလမ္းရွိ ဦးျမတ္ကိုကို၏ ေနအိမ္ႏွင့္ ပါရမီရပ္ ေပေျခာက္ဆယ္လမ္းမႀကီးရွိ အမ်ိဳးသား ဒီမိုက ေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီဝင္ ေဒၚရွင္ေဌး၏ ေနအိမ္ (ပန္းအိမ္မက္ တည္းခိုရိပ္သာ) တို႔ကို ႏိုဝင္ဘာလ ၈ ရက္ေန႔ ေန႔လည္ ၁၂ နာရီဝန္းက်င္ အခ်ိန္ခန႔္က တၿပိဳင္နက္သိမ္းဆည္းခဲ့ျခင္း ျဖစ္သည္။

ၿမိတ္ၿမိဳ႕၊ ပါရမီရပ္ကြက္ေန အသက္ ၃၅ ႏွစ္ အ႐ြယ္ခန႔္ရွိသူ အမ်ိဳးသားတစ္ဦးက “ဦးျမတ္ကိုကိုရဲ႕ အိမ္နဲ႔ၿခံဝန္းကို ဗြီႏိုင္းျပားနဲ႔ သတိေပးစာ ကပ္သြားတယ္ၾကားရတယ္။ ေဒၚရွင္ေဌး အိမ္မွာလည္း စာျပားနီလာကပ္ထားတာ ေတြ႕ရတယ္” ဟု ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕မ်ား လာကပ္သည့္ စာထဲတြင္ “ဤေျမေနရာႏွင့္ အေဆာက္အဦသည္ အၾကမ္းအဖက္အုပ္စု PDF အဖြဲ႕အစည္းႏွင့္ ပတ္သက္ဆက္စပ္ေနေသာေၾကာင့္ ႏိုင္ငံေတာ္ပိုင္အျဖစ္ သိမ္းဆည္းမည္ျဖစ္သည္။ မက်ဴး ေက်ာ္ရ။ ေရာင္းဝယ္ျခင္းမျပဳရ“ ဟု ေရးသားထားသည္။

တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕တြင္သာမကပဲ ဧရာဝတီတိုင္း၊ ေရၾကည္ၿမိဳ႕နယ္ထဲက ေနအိမ္ ၇ လုံးကိုလည္း ၿမိဳ႕နယ္ အတြင္း ျဖစ္ပြားခဲ့သည့္ ဗုံးေပါက္ကြဲတစ္ခုႏွင့္ပတ္သက္ဆက္စပ္သည္ဟု ဆိုကာ ႏိုဝင္ဘာလ ၄ ရက္ေန႔မွ ၈ ရက္ေန႔အထိ တစ္အိမ္ၿပီးတစ္အိမ္ စစ္ေကာင္စီက ခ်ိပ္ပိတ္သိမ္းဆည္းခဲ့သည္။

ထို႔အျပင္ ႏိုဝင္ဘာလ ၂ ရက္ေန႔ကလည္း ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း မန္းေဂ်ာ္နီ၏ က်ဳံေပ်ာ္ၿမိဳ႕က ဘိုး ဘြားပိုင္ ေနအိမ္ကိုလည္း စစ္ေကာင္စီက ခ်ိပ္ပိတ္သိမ္းဆည္းၿပီး မိသားစုဝင္မ်ားကို ေျပာင္းေ႐ႊ႕ခိုင္းခဲ့သည္။

စစ္ေကာင္စီက ေအာက္တိုဘာလတုန္းကလည္း စစ္ကိုင္းတိုင္း အမ်ိဳးသမီးလႊတ္ေတာ္အမတ္ ေဒၚသန႔္ေဝေက်ာ္ ၏ ေနအိမ္၊ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CHPH ၏ အတြင္းေရးမႉးအဖြဲ႕ဝင္ ဦးထြန္းျမင့္၏ ရန္ ကုန္ၿမိဳ႕ရွိ ေနအိမ္ႏွင့္ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ NUG ၏ ဖက္ဒရယ္ ျပည္ေထာင္စုေရးရာဝန္ႀကီး ေဒါက္ တာလ်န္မႈန္းဆာေခါင္၏ ဟားခါးၿမိဳ႕က ေနအိမ္တို႔ကိုလည္း ခ်ိပ္ပိတ္သိမ္းယူခဲ့သည္။

ထိုသို႔ ခ်ိပ္ပိတ္သိမ္းဆည္းမႈမ်ားအျပင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္းမွ စတင္၍ ယေန႔အခ်ိန္ထိ စစ္အာဏာရွင္ အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖၚရာတြင္ ဦးေဆာင္ပါဝင္သူမ်ား၊ NLD ပါတီဝင္မ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ CDM ျပဳလုပ္ထားသူ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ပရဟိတ အဖြဲ႕ဝင္ အခ်ိဳ႕တို႔ကို လိုက္လံဖမ္းဆီးမႈမ်ား ျပဳလုပ္လွ်က္ရွိသည္။

တနသၤာရီတိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္သာမကပဲ တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ ေန႔ခင္းပိုင္းတြင္သာမပဲ ည အခ်ိန္တို႔တြင္လည္း အျပစ္မဲ့ျပည္သူမ်ားကို ေနအိမ္မ်ားထဲအထိ ဝင္ေရာက္ ၿခိမ္းေျခာက္ ဖမ္းဆီးမႈမ်ား လက္ရွိ အခ်ိန္အထိ လုပ္ေဆာင္ေနဆဲျဖစ္သည့္အတြက္ အခ်ိဳ႕က တိမ္းေရွာင္ေနၾကရသည္။