ဒီပဲယင်းတွင် စစ်သားများကို ရဟတ်ယာဉ်ဖြင့် ပို့၊ အရပ်သား နေအိမ်များ မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းဒေသအတွင်း စစ်ကောင်စီတပ် များ သည် ရဟတ်ယာဉ် ၄ စီး ဖြင့် ဆင်းလာပြီး ကျေးရွာ ၃ ရွာမှ အိမ်အချို့ကို မီးရှို့သွားသည်ဟု ရွာသားများက ပြော သည်။

နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် ဝန်းရံကျေးရွာကို စတင်မီးရှို့ပြီး၊ ကုန်းရိုးကျေးရွာနှင့် ကုန်းရိုးကျေးရွာ မြောက်ဘက်ရှိ တပ်တည်အနောက်ကျေးရွာတို့ကို မီးရှို့သွားခြင်း ဖြစ်သည်။

ဝန်းရံကျေးရွာတွင် နွားတင်းကုတ်တစ်လုံး ကုန်းရိုးကျေးရွာတွင် လူနေအိမ် ၄လုံး၊ တက်တည်ကျေးရွာတွင် အိမ် တစ်လုံး၊ နွားတင်းကုတ်နှစ်လုံး၊ နွားတစ်ကောင်နှင့် ဆိုင်ကယ်နှစ်စီး မီးလောင်သွားသည်ဟု ရွာသားများက ပြော သည်။

နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ရဟတ်ယာဉ် နှစ်စီးဖြင့် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီကျော် အချိန်တွင် ရဟတ်ယာဉ် နှစ်စီးဖြင့် တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် စစ်တပ်အင်အား အယောက် ၅၀ ခန့် ကို လာ ချသွားပြီးနောက် အဆိုပါ စစ်ကောင်စီတပ်သားများက မီးရှို့ခဲ့ခြင်း ဖြစ်သည်။

ဝန်းရံကျေးရွာသည် ယခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့ပြီး တပ်တည်အနောက်ကျေး ရွာသည် ယခုမှ ပထမအကြိမ်မီးရှို့ခံရခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ဝန်းရံကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်၊ ကုန်းရိုးကျေးရွာတွင် အိမ်ခြေ ၁၅၀ခန့်၊ တပ်တည်အနောက်ကျေးရွာတွင် အိမ်ခြေ ၈၀ခန့် ရှိပြီး ယခုခါ ရွာသားများသည် ဘေးလွတ်သည့် နေရာများသို့ တိမ်းရှောင်နေကြရသည်ဟု တပ် တည်ရွာသားတစ်ဦး က ပြောသည်။

ရွာသားများ လက်ရှိစားသောက်နေထိုင်ရပုံနှင့်ပတ်သက်၍ “အခုလောလောဆယ်တော့ အနီးအနားရွာတွေက အချင်းချင်းကျွေးထားလို့ ပြန်ကူနေကြတော့ ငတ်တော့မငတ်ကြပါဘူးပေါ့“ ဟုတပ်တည်အနော်ကကျေးရွာက ရွာသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကသာခရိုင်၊ ကောလင်းခရိုင်နှင့် ကန်ဘလူခရိုင်များအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့များကို စစ်ကောင်စီက လေကြောင်းအကူအညီများဖြင့် ရှင်းလင်းရန် လုပ်ဆောင်ပြီးနောက် ဒီပဲယင်းကိုပါ ထပ်မံလုပ်ဆောင်လာခြင်း ဖြစ်သည်။

ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် PDF တပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုများ၊ တူးမီးများဖြင့် ခြုံခို တိုက် ခိုက်ခံနေရမှုများကြောင့် ကုန်းကြောင်းကို အသုံးမပြုရဲတော့ဘဲ လေကြောင်းအကူအညီများကို ပိုမို အသုံးပြုလာနေသည်။

*** ZAWGYI ***
ဒီပဲယင္းတြင္ စစ္သားမ်ားကို ရဟတ္ယာဥ္ျဖင့္ ပို႔၊ အရပ္သား ေနအိမ္မ်ား မီးရႈိ႕ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဒီပဲယင္းေဒသအတြင္း စစ္ေကာင္စီတပ္ မ်ား သည္ ရဟတ္ယာဥ္ ၄ စီး ျဖင့္ ဆင္းလာၿပီး ေက်း႐ြာ ၃ ႐ြာမွ အိမ္အခ်ိဳ႕ကို မီးရႈိ႕သြားသည္ဟု ႐ြာသားမ်ားက ေျပာ သည္။

ႏိုဝင္ဘာလ ၉ ရက္ေန႔၊ နံနက္ပိုင္းတြင္ ဝန္းရံေက်း႐ြာကို စတင္မီးရႈိ႕ၿပီး၊ ကုန္း႐ိုးေက်း႐ြာႏွင့္ ကုန္း႐ိုးေက်း႐ြာ ေျမာက္ဘက္ရွိ တပ္တည္အေနာက္ေက်း႐ြာတို႔ကို မီးရႈိ႕သြားျခင္း ျဖစ္သည္။

ဝန္းရံေက်း႐ြာတြင္ ႏြားတင္းကုတ္တစ္လုံး ကုန္း႐ိုးေက်း႐ြာတြင္ လူေနအိမ္ ၄လုံး၊ တက္တည္ေက်း႐ြာတြင္ အိမ္ တစ္လုံး၊ ႏြားတင္းကုတ္ႏွစ္လုံး၊ ႏြားတစ္ေကာင္ႏွင့္ ဆိုင္ကယ္ႏွစ္စီး မီးေလာင္သြားသည္ဟု ႐ြာသားမ်ားက ေျပာ သည္။

ႏိုဝင္ဘာလ ၈ ရက္ေန႔ ေန႔လည္ ၁၁ နာရီအခ်ိန္ခန႔္တြင္ ရဟတ္ယာဥ္ ႏွစ္စီးျဖင့္ တစ္ႀကိမ္၊ မြန္းလြဲ ၂ နာရီေက်ာ္ အခ်ိန္တြင္ ရဟတ္ယာဥ္ ႏွစ္စီးျဖင့္ တစ္ႀကိမ္၊ စုစုေပါင္းႏွစ္ႀကိမ္ စစ္တပ္အင္အား အေယာက္ ၅၀ ခန႔္ ကို လာ ခ်သြားၿပီးေနာက္ အဆိုပါ စစ္ေကာင္စီတပ္သားမ်ားက မီးရႈိ႕ခဲ့ျခင္း ျဖစ္သည္။

ဝန္းရံေက်း႐ြာသည္ ယခင္ကလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္မီးရႈိ႕ခဲ့ၿပီး တပ္တည္အေနာက္ေက်း ႐ြာသည္ ယခုမွ ပထမအႀကိမ္မီးရႈိ႕ခံရျခင္းျဖစ္သည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။

ဝန္းရံေက်း႐ြာတြင္ အိမ္ေျခ ၂၀၀ ခန႔္၊ ကုန္း႐ိုးေက်း႐ြာတြင္ အိမ္ေျခ ၁၅၀ခန႔္၊ တပ္တည္အေနာက္ေက်း႐ြာတြင္ အိမ္ေျခ ၈၀ခန႔္ ရွိၿပီး ယခုခါ ႐ြာသားမ်ားသည္ ေဘးလြတ္သည့္ ေနရာမ်ားသို႔ တိမ္းေရွာင္ေနၾကရသည္ဟု တပ္ တည္႐ြာသားတစ္ဦး က ေျပာသည္။

႐ြာသားမ်ား လက္ရွိစားေသာက္ေနထိုင္ရပုံႏွင့္ပတ္သက္၍ “အခုေလာေလာဆယ္ေတာ့ အနီးအနား႐ြာေတြက အခ်င္းခ်င္းေကြၽးထားလို႔ ျပန္ကူေနၾကေတာ့ ငတ္ေတာ့မငတ္ၾကပါဘူးေပါ့“ ဟုတပ္တည္အေနာ္ကေက်း႐ြာက ႐ြာသားတစ္ဦးက ေျပာသည္။

စစ္ကိုင္းတိုင္းအတြင္းရွိ ကသာခ႐ိုင္၊ ေကာလင္းခ႐ိုင္ႏွင့္ ကန္ဘလူခ႐ိုင္မ်ားအတြင္းရွိ ျပည္သူ႔ကာကြယ္ေရး တပ္ ဖြဲ႕မ်ားကို စစ္ေကာင္စီက ေလေၾကာင္းအကူအညီမ်ားျဖင့္ ရွင္းလင္းရန္ လုပ္ေဆာင္ၿပီးေနာက္ ဒီပဲယင္းကိုပါ ထပ္မံလုပ္ေဆာင္လာျခင္း ျဖစ္သည္။

ယခုေနာက္ပိုင္းတြင္ စစ္ေကာင္စီတပ္သည္ PDF တပ္ဖြဲ႕မ်ား၏ မိုင္းဆြဲတိုက္ခိုက္မႈမ်ား၊ တူးမီးမ်ားျဖင့္ ၿခဳံခို တိုက္ ခိုက္ခံေနရမႈမ်ားေၾကာင့္ ကုန္းေၾကာင္းကို အသုံးမျပဳရဲေတာ့ဘဲ ေလေၾကာင္းအကူအညီမ်ားကို ပိုမို အသုံးျပဳလာေနသည္။