သုံးလအတွင်း ထိုင်းသို့ ခိုးဝင်သူ ၂၀၀၀ ကျော် ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။
ထိုင်းနိုင်ငံအတွင်းသို့ တနင်္သာရီတိုင်း နယ်စပ်တောလမ်းမှ တရားမဝင် ခိုးဝင်သော မြန်မာအလုပ်သမားများ ဖမ်းဆီးခံရသည်မှာ သုံးလအတွင်း ၂၀၀၀ ကျော်သွားပြီဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED က ပြောသည်။
မြန်မာ ရွေ့ပြောင်းအလုပ်သမားများမှာ ထီးခီး၊ မောတောင်၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့် နယ်စပ်များမှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး အများစုမှ ထိုင်းနိုင်ငံအတွင်းရောက်ရှိပြီးမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း FED အဖွဲ့ အလုပ်သမား ပညာပေး စင်တာက ပြောပြသည်။
FED ကော့သောင်းရုံး တာဝန်ခံ ဦးမိုးဝေ က “နေ့စဉ်အဖမ်းခံနေရတာနဲ့ အတူတူပါပဲ။ ဒီလောက်အဖမ်းခံနေရ လည်း မလျော့သွားဘူး။ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး သွားလာနေကြတာ။ နယ်စပ်တွေကနေ ထိုင်းကိုသွားတဲ့ သူ တွေထဲမှာ တနင်္သာရီတိုင်းက လူတွေအပြင် ရခိုင်၊ မကွေး၊ ရန်ကုန် စတဲ့ နေရာစုံကလာတဲ့သူတွေလည်း တော် တော်များကြတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်လမ်းများမှ ခိုးဝင်သူများသည် ပွဲစားများကို မြန်မာငွေကျပ် လေးသိန်း မှ ကျပ် ဆယ်သိန်းကျော်အထိ ပေးနေကြရပြီး မလေးရှားအထိသွားမည့်သူများမှာ မြန်မာငွေ ကျပ်သိန်းနှစ်ဆယ် အထိ ပေးရသည်။
ထိုင်းနိုင်ငံဘက်ခြမ်းတွင် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများမှာ အနည်းဆုံး အချုပ် ၄၅ ရက်ကျခံရပြီး ပြန်လည် ထူထောင်ရေးဂေဟာမှ တဆင့် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံကို ပြန်ပြီးလည် လွှဲပြောင်းပေးနေသည်။
ထိုသို့ လွှဲပြောင်းပေးနေသော်လည်း မြန်မာနိုင်ငံအတွင်း ပြန်လက်ခံနိုင်သည့် အခြေအနေရှိမှသာ ပြန်လွှဲပေးခြင်း ဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အချို့မှာ လပေါင်းများစွာမှသည် နှစ်ပေါက်သည်အထိ အချုပ်ခံနေကြရသူများ လည်း ရှိသည်ဟု FED ကော့သောင်းရုံး တာဝန်ရှိသူများက ပြောသည်။
ထိုင်းနိုင်ငံအတွင်း အဖမ်းဆီးခံရသည့် အချိန်တွင် ခေါ်ယူသွားသူ ပွဲစားများက မည်သည့် တာဝန်ယူမှု တာဝန်ခံမှု မျိုးမှ မရှိကြပဲ ကိုယ်လွတ်ရုန်းပြေးသွားခြင်းမျိုးသာရှိသည်ဟု ထိုင်း-မြန်မာနယ်စပ်တွင် ရွှေ့ပြောင်း အလုပ် သမားများ အရေး လုပ်ဆောင်နေသူများက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းဘက်အခြမ်းတွင် အဖမ်းဆီးခံရသူများအား ကော့သောင်းနယ်စပ်ဂိတ်မှ တဆင့် ထိုင်းအစိုးရမှ တရားဝင်ပြန်လည်လွှဲပြောင်းပေးခဲ့သူမှာ သုံးလအတွင်း ၂၀၀၀ ကျော်ရှိပြီဟု ကော့သောင်း FED ရုံး က ပြုစုထားသည့် စာရင်းမှတ်တမ်းများအရ သိရသည်။
*** ZAWGYI ***
သုံးလအတြင္း ထိုင္းသို႔ ခိုးဝင္သူ ၂၀၀၀ ေက်ာ္ ဖမ္းခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္။
ထိုင္းႏိုင္ငံအတြင္းသို႔ တနသၤာရီတိုင္း နယ္စပ္ေတာလမ္းမွ တရားမဝင္ ခိုးဝင္ေသာ ျမန္မာအလုပ္သမားမ်ား ဖမ္းဆီးခံရသည္မွာ သုံးလအတြင္း ၂၀၀၀ ေက်ာ္သြားၿပီဟု ပညာေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း FED က ေျပာသည္။
ျမန္မာ ေ႐ြ႕ေျပာင္းအလုပ္သမားမ်ားမွာ ထီးခီး၊ ေမာေတာင္၊ ဘုတ္ျပင္း၊ ေကာ့ေသာင္း စသည့္ နယ္စပ္မ်ားမွ ေန႔စဥ္ ဝင္ေရာက္လ်က္ရွိၿပီး အမ်ားစုမွ ထိုင္းႏိုင္ငံအတြင္းေရာက္ရွိၿပီးမွ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း FED အဖြဲ႕ အလုပ္သမား ပညာေပး စင္တာက ေျပာျပသည္။
FED ေကာ့ေသာင္း႐ုံး တာဝန္ခံ ဦးမိုးေဝ က “ေန႔စဥ္အဖမ္းခံေနရတာနဲ႔ အတူတူပါပဲ။ ဒီေလာက္အဖမ္းခံေနရ လည္း မေလ်ာ့သြားဘူး။ ပြဲစားေတြနဲ႔ ခ်ိတ္ဆက္ၿပီး သြားလာေနၾကတာ။ နယ္စပ္ေတြကေန ထိုင္းကိုသြားတဲ့ သူ ေတြထဲမွာ တနသၤာရီတိုင္းက လူေတြအျပင္ ရခိုင္၊ မေကြး၊ ရန္ကုန္ စတဲ့ ေနရာစုံကလာတဲ့သူေတြလည္း ေတာ္ ေတာ္မ်ားၾကတယ္” ဟု ေျပာသည္။
ထိုင္းႏိုင္ငံတြင္းသို႔ တရားမဝင္လမ္းမ်ားမွ ခိုးဝင္သူမ်ားသည္ ပြဲစားမ်ားကို ျမန္မာေငြက်ပ္ ေလးသိန္း မွ က်ပ္ ဆယ္သိန္းေက်ာ္အထိ ေပးေနၾကရၿပီး မေလးရွားအထိသြားမည့္သူမ်ားမွာ ျမန္မာေငြ က်ပ္သိန္းႏွစ္ဆယ္ အထိ ေပးရသည္။
ထိုင္းႏိုင္ငံဘက္ျခမ္းတြင္ အဖမ္းခံရသည့္ ျမန္မာႏိုင္ငံသားမ်ားမွာ အနည္းဆုံး အခ်ဳပ္ ၄၅ ရက္က်ခံရၿပီး ျပန္လည္ ထူေထာင္ေရးေဂဟာမွ တဆင့္ ထိုင္းအာဏာပိုင္မ်ားက ျမန္မာႏိုင္ငံကို ျပန္ၿပီးလည္ လႊဲေျပာင္းေပးေနသည္။
ထိုသို႔ လႊဲေျပာင္းေပးေနေသာ္လည္း ျမန္မာႏိုင္ငံအတြင္း ျပန္လက္ခံႏိုင္သည့္ အေျခအေနရွိမွသာ ျပန္လႊဲေပးျခင္း ျဖစ္သည့္အတြက္ ဖမ္းဆီးခံရသူ အခ်ိဳ႕မွာ လေပါင္းမ်ားစြာမွသည္ ႏွစ္ေပါက္သည္အထိ အခ်ဳပ္ခံေနၾကရသူမ်ား လည္း ရွိသည္ဟု FED ေကာ့ေသာင္း႐ုံး တာဝန္ရွိသူမ်ားက ေျပာသည္။
ထိုင္းႏိုင္ငံအတြင္း အဖမ္းဆီးခံရသည့္ အခ်ိန္တြင္ ေခၚယူသြားသူ ပြဲစားမ်ားက မည္သည့္ တာဝန္ယူမႈ တာဝန္ခံမႈ မ်ိဳးမွ မရွိၾကပဲ ကိုယ္လြတ္႐ုန္းေျပးသြားျခင္းမ်ိဳးသာရွိသည္ဟု ထိုင္း-ျမန္မာနယ္စပ္တြင္ ေ႐ႊ႕ေျပာင္း အလုပ္ သမားမ်ား အေရး လုပ္ေဆာင္ေနသူမ်ားက ဆိုသည္။
ထိုင္း-ျမန္မာနယ္စပ္တြင္ ထိုင္းဘက္အျခမ္းတြင္ အဖမ္းဆီးခံရသူမ်ားအား ေကာ့ေသာင္းနယ္စပ္ဂိတ္မွ တဆင့္ ထိုင္းအစိုးရမွ တရားဝင္ျပန္လည္လႊဲေျပာင္းေပးခဲ့သူမွာ သုံးလအတြင္း ၂၀၀၀ ေက်ာ္ရွိၿပီဟု ေကာ့ေသာင္း FED ႐ုံး က ျပဳစုထားသည့္ စာရင္းမွတ္တမ္းမ်ားအရ သိရသည္။