ကျုံပျော် လျှပ်စစ်ရုံးရှေ့ ဗုံးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်း လျှပ်စစ် မီတာရုံးရှေ့တွင် ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက် ၅ နာရီ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

လျှပ်စစ်မီတာရုံး အဝင်ဝတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ခြင်း၊ အဆောက်အဦ ပျက်စီးခြင်း မရှိဟု အထောင်မြို့ခံများက ပြောသည်။

ကျုံပျော်မြို့နယ် အထောင်မြို့ ရှိ လျှပ်စစ်ရုံးမှာ မီတာမဖတ်ပဲ မီတာခ တိုးမြှင့်ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

မီတာခတွေ အတင်းလိုက်ကောက်နေတာကြောင့် ဖြစ်မယ်။ စစ်တပ်နဲ့ ရဲတွေလာစစ်ဆေးကြတယ် စစ်ဗိုလ်က လက်လုပ်မိုင်း ပေါက်တာလို့ ပြောတယ်” ဟု စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

မီတာခများ ဖိအားပေး ကောက်ခံခြင်း၊ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်း မပြုလုပ်ရန်အတွက် မီတာရုံး ဝန် ထမ်းများအား သတိပေးသည့်အနေဖြင့် ယင်းဖောက်ခွဲမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု (Kyonpyaw Special Task Force) KSTF က ထုတ်ပြန်ထားသည်။

ပြီးခဲ့သော နိုဝင်ဘာလအတွင်းက အထောင်လျှပ်စစ်မီတာရုံးက မီတာမဖတ်ပဲ မီတာခများကို တိုးမြှင့်ကောက်နေ သည့် အပြင် မီတာမဆောင်ပါက လျှပ်စစ်ဓာတ်အားဖြတ်တောက်မည် ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မီတာ မဆောင်ရင် မီးဖြတ်မယ် ကြေညာတယ် မီးကပျက်တာများတယ် မီတာခကတော့ အရင်လတွေထက် နှစ်ဆကျော် ပိုများတယ်” ဟု ဒေသခံဦးကျော်ကျော် က ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက လျှပ်စစ်မီတာခများကို ဖိအားပေး၍ တိုးမြင့်ကောက်ခံနေခြင်း၊ စစ်လျှပ် ဓာတ်အားများ မကြာခဏ ပြတ်တောက်ခြင်းတို့ကြောင့် အသေးစား နှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်း လုပ် ကိုင်နေကြသူများ အခက်ကြုံနေကြရသည်ဟု ဒေသခံများက ပြောသည်။