CDM ဝန်ထမ်းများနှင့် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲမှုဖြင့် လူ ၅ ဦး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်။
မြိတ်မြို့တွင် CDMဝန်ထမ်းများ နှင့် PDF အဖွဲ့ကို ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲပြီး မိသားစုဝင် ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးသွားသည်ဟု ဖမ်းဆီးမှု ဖြစ်ပွားရာ ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။
ကျွန်းမြို့နယ် ရေကန်တောင်ကျေးရွာက ဒေါ်ခင်ဝင်းနီသည် လုပ်ငန်းကိစ္စတစ်ခုဖြင့် မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက်ရှိ ၎င်း၏ နေအိမ် တွင် ရှိနေစဥ် ခင်ပွန်း၊ သမီး၊ သားဖြစ်သူတို့နှင့်အတူ တစ်မိသားစုလုံးကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“တမင် ချောက်တွန်းခံရတာပါ။ PDF တွေကို စပိဘုတ်ဝယ်ပေးတယ်။ CDM သမားတွေကို ထောက်ပံ့နေတယ်
ဆိုပြီးတော့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးပိုင်းထဲက စစ်ကောင်စီကို သတင်းပေးတာလို့တော့ ကြားရ တယ်” ဟု အမည်မဖော်လိုသည့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
၎င်းတို့ တစ်မိသားစုလုံးကို ဒီဇင်ဘာလ ၃ ရက်နေ့၊ ည ၉ နာရီခွဲ အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်း ဆီးသွားခြင်း ဖြစ်သည်။
ထိုနေ့မှာပင် ဒေါ်ခင်နီဝင်း ခင်ပွန်း၏ ညီဖြစ်သူ ဦးမောင်နိုင်ကိုလည်း ရေကန်တောင်ကျေးရွာတွင် လာရောက် ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံ ရွာသားများက ပြောသည်။
ဒေါ်ခင်နီဝင်းသည် ရေကန်တောင်ကျေးရွာတွင် NLD ရပ်ကျေးဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ဂျင်း (သွေးဂုံး) မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
NLD ရပ်ကျေးဥက္ကဋ္ဌ ဒေါ်ခင်နီဝင်းသည် လူချစ်လူခင်ပေါများသူဖြစ်သည် ဟု ဒေသခံရွာသားများက ပြောဆို
သည်။
ဒေါ်ခင်နီဝင်း အပါအဝင် မိသားစုအားလုံးကို မည်သည့် နေရာတွင် ဖမ်းဆီးခေါ်ဆောင် စစ်ဆေးနေသည်ကိုမူ မသိ ရသေးဘူးဟု ဆွေမျိုးတော်စပ်သူများက ပြောသည်။