ရွာသား ၁၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်။

စစ်ကိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာ အရှေ့မြောက်ဘက် ကံပြင်တွင် ၁၈ နှစ် အောက် အသက်မပြည့်သေးသူ ၅ ဦး အပါအဝင်ရွာသား ၁၁ ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့သတ်သွားသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ (ယနေ့)၊ နံနက် ၁၀နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်သားများက ရွာသားများကို အရှင် လတ်လတ် မီးရှို့သတ်သွားခြင်း ဖြစ်သည်။

မီရှို့ထားတဲ့နားမှာ သွေးကွက်တွေလည်း အများကြီး ကိုယ်မြန်မာ လူမျိုးအချင်းချင်း အဲ့ဒီလောက်ကြီး လုပ် စရာလိုလို့လားဗျာ ဟု ရွာသားတစ်ဦး က ပြောသည်။

စစ်သား ၈ ဦးခန့် ရွာထဲဝင်လာစဉ် ကြောက်လန့်၍ ကွမ်းခြံများ၊ ကိုင်းတောများကြားတွင် ပုန်းအောင်းနေသည့် ရွာ သားများကို ဖမ်းဆီးရိုက်နှက်ပြီးမှ မီးရှို့သတ်သွားခြင်းဖြစ်သည်။

လက်ပြန်ကြိုးတုတ် မီးရှို့သတ်ခံရသူများသည် အသက် ၁၄ နှစ်၊ ၁၅ နှစ် အရွယ် မောင်ကျော်သက်၊ မောင်အာ ကာစိုး၊ မောင်စန်းလင်းစိုး၊ မောင်ချစ်နန်းစိုး၊ မောင်သန်းမြင့်အောင်တို့ဖြစ်ပြီး ကျန် ၆ ဦးမှာလည်း တောင်သူများ သာ ဖြစ်သည်။

မီးရှို့အသတ်ခံသူထဲတွင် ပါဝင်သူ ကိုစိုး၏ အိမ်ရှိ ပစ္စည်းများကိုလည်း ရိုက်နှက်ဖျက်ဆီးပြီး ယူဆောင်သွား သည် ဟု ဒေသခံများက ဆိုသည်။

မီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုသိမ်-မုံရွာ ကားလမ်းအတိုင်း တောင်ဘက်သို့ ထွက်သွားစဉ် ကံကုန်းရွာ အဲဗားဝင်ဘီယာဆိုင်က အလုပ်သမား ၅ ဦးခန့်ကိုလည်း ဖမ်းသွားသည်ဟု ဒေသခံများက ပြောသည်။

ယမားချောင်းမြောက်ဘက်ရှိ ကျေးရွာများတွင်သာ PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုရှိပြီး ယခု အပြစ်မဲ့ပြည်သူ ရွာသားများ မီးရှို့အသတ်ခံရသည့် ယမားချောင်းတောင်ဘက်ရွာများတွင် တိုက်ခိုက်မှုများ မရှိဘူးဟု ဆိုကြသည်။