နိုင်ငံ တစ်ဝှမ်းနှင့် အတူ ကျောက်စိမ်းမြေတွင် တိတ်ဆိတ်သော သပိတ်ပွဲကို ဆင်နွှဲမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်။
ကချင်ပြည်နယ်၊ ကျောက်စိမ်းမြေ ဖားကန့်မြို့တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မ သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြသည့် အနေဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် Silent Strike ကိုဆင်နွဲသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူက ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ Silent Strike တိတ်ဆိတ်ခြင်း အကျယ်လောင် ဆုံး ဟစ်ကြွေးသံ၊ ဆိတ်သုဉ်းနေသည့် လူအခွင့်အရေး တော်လှန်ရေးနှင့် သိမ်းပိုက်၊ လမ်းပေါ်တွင် ကားမရှိ၊ လူမ ရှိ၊ ဆိုင်မဖွင့် အားလုံးအိမ်ထဲတွင် နေကြခြင်းဖြင့် ဆန္ဒပြရန် မြန်မာတစ်နိုင်ငံလုံးနည်းတူ ဖားကန့်မြို့တွင်လည်း လုပ်သွားရန်ရှိကြောင်း သပိတ်ဦးဆောင်သူ တစ်ဦးက ပြောသည်။
“နေ့ရက်မပြတ် ပုံမှန် ဆန္ဒပြပွဲတွေတော့ ရှိနေမယ်။ သပိတ်က မနားသွားဘူးပေါ့။ ဒီဘက်မှာက သတိနဲ့ လုပ်ကြ တာဆိုတော့ စိုးရိမ်စိတ်တော့မရှိပါဘူး။ အမြဲလုပ်သွားမှာပါ” ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူ အမျိုးသား တစ်ဦးက ပြောသည်။
ဖားကန့်မြို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒယ်ဒီမိုကရေစီရေးတို့ အတွက် နေ့စဉ်မပြတ် ဆန္ဒပြခဲ့သည်မှာ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဆယ်လပြည့်သွားပြီးဖြစ်ပြီး ဆန္ဒပြခြင်းကို စစ်အာဏာရှင် အမြစ်မပြတ်မချင်း နည်းလမ်းပေါင်းစုံဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည် ဦးဆောင်သူများက ပြောသည်။
ဖားကန့်မြို့က တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကလည်း “ဆန္ဒပြပွဲတွေက နေ့တိုင်းရှိတယ်။ ဒီကလူတွေက လည်း ပါနိုင်သလောက်ပါကြတယ်။ အင်တာနက်လိုင်းတွေ မကောင်းလို့သာ လိုင်းပေါ်မှာ သိပ်မတက်လာတာ။ ကျနော်တို့က ဆက်တိုက်ပါဝင်နေပါတယ်။ နယ်မြေအနေထားကတော့ ပေါက်ကွဲတာတွေရှိပေမယ့် ဒီလိုပဲ လုပ် နိုင်သလောက် လုပ်ကြတာပဲ။ ဒီကလူတွေက သိပ်တောင် မကြောက်ကြဘူး” ဟု ပြောသည်။
ဒီဇင်ဘာလ ပထမအပတ်အတွင်း အားတင်းထားပါ ရန်ကုန်ရေ၊ မင်းတို့နောက်မှာ ဖားကန့်ရှိတယ်၊ KIA နှင့် PDF များ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ စစ်ကျွန်မခံ”ဘူး” စသည့် ကြွေးကြော်သံများ ကြွေးကြော်ပြီး တစ်ရက်လျှင် လူ အင်အား ၂၀၀ ကျော်က နေ့စဉ်ဆန္ဒပြနေကြခြင်း ဖြစ်သည်။
PDF နှင့် ဖားကန့်ဒေသခံ ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဖားကန့်မြို့နယ်လုံးဆိုင်ရာ ပင်မ သပိတ်စ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များနှင့် ဒို့ကျောင်းသား သပိတ်တို့ကို ဆန္ဒပြခဲ့ကြသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။