တိုင်းရင်းသားဘာသာ သတင်းအစီအစဉ် ( ၁၄ – ၁၂ – ၂၁ )
ရက္ခိုင်ပြည်မှာ စစ်ဖြစ်မယ့်အလားအလာတွေရှိလာနေတာကြောင့် ပြည်သူတွေသတိရှိကြဖို့ ရက္ခိုင့်တပ်တော် AA က သတိပေးထားပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ တိုင်းရင်းသားပြည်နယ်တွေ အပါအဝင် နိုင်ငံနဲ့တစ်ဝှမ်း မြို့အများအပြားမှာ ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။
ကရင်တိုင်းရင်းသားတွေ စိတ်ဝင်စားနေတဲ့ ကရင့်အမျိုးသားအစည်းအရုံးရဲ့ ကွန်ဂရက်ကို လာမယ့်နှစ်ဆန်းပိုင်းမှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။