CDM ပညာရေးမှူးအပါအဝင် လူ ၃ဦး ကားတိုက်ခံရပြီး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။
တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်တွင် ကားတစ်စီးက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်သော လက်ထောက်ပညာရေး မှူး၏ ဆိုင်ကယ်ကို ဝင်တိုက်မိသဖြင့် ဆိုင်ကယ်စီးလာသူ ၃ ဦးလုံး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇နာရီ အချိန်ခန့်တွင် ဖိုးရှမ်းကမ်းခြေမှ ပြန်လာသည့် CDM လက်ထောက် ပညာရေး မှူး ဦးသာဝင်းနှင့်အတူ မဆောင်းမြတ်အောင်၊ မခြူးသီရိနိုင်တို့ ၃ ဦး စီးနင်းလာသည့် ဆိုင်ကယ်ကို အနောက် ဘက်မှ ကားဖြင့် တိုက်ခံလိုက်ရခြင်း ဖြစ်သည်။
ဝင်တိုက်သည့်ကားမှာ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့ စရဖ ပိုင်ကားဖြစ်ပြီး ကားမောင်းလာသူမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင် တစ်ဦး ဖြစ်သည်ဟု ရွာသားများက ပြောသည်။
“တမင်ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တာဖြစ်မယ်။ ဆိုင်ကယ်က ဖြေးဖြေးပဲ မောင်းနေတာ။ တိုက်ပြီးတာနဲ့ ဆင်း မကြည့်ဘူး။ တခါတည်းမောင်းပြေးသွားတယ်” ဟု အသက် ၃၅ နှစ်အရွယ် ရှပ်ပုံကျေးရွာသား တစ်ဦးက အတည်ပြုပြောသည်။
အဆိုပါ စရဖကားကို မောင်းနှင်ခဲ့သူမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံအား ပေးနေ သည့် အမာခံ ပါတီဝင် ဦးသန်းရှိန် ဆိုသူ ဖြစ်သည်ဟု ရွာသားများက ပြောသည်။