ဒီပဲယင်းဖျက်ဆီးမှုတွင် စစ်တပ်အရာရှိ မိဘများအိမ်ပါ ပါဝင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့အနောက်ခြမ်း နဂါးတွင်းကျေးရွာတွင် နေထိုင်ပြီး စစ်တပ်တွင် လက်ရှိ တာ ဝန်ထမ်းဆောင်နေဆဲ အရာရှိအဆင့်ရှိသူ နှစ်ဦး၏ မိဘအိမ်များကို ခလရ ၃၆၈ က ဝင်ရောက်မွှေနှောက် ဖျက် ဆီးပြီး ပစ္စည်းများယူဆောင်သွားသည်ဟု ရွာသားများက ပြောသည်။
နဂါးတွင်းကျေးရွာသား လက်ရှိစစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် Non CDM ဗိုလ်ကြီးနေဇာထွန်းနှင့် ဗိုလ်ကြီးဟိန်းကို တို့၏ မိဘနှစ်ဦးဖြစ်သည့် ဦးဉာဏ်လင်း၊ ဒေါ်တင်မြတို့ အိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင် ရောက်မွှေနှောက်ဖျက်ဆီး၍ ပစ္စည်းများယူဆောင်သွားသည်ဟု သိရသည်။
နဂါးတွင်းကျေးရွာက အသက် ၃၀ အရွယ် ရွာသားတစ်ဦး “ညီအစ်ကို နှစ်ဦးစလုံးရဲ့ ဗိုလ်သင်တန်းဆင်း ဓါတ်ပုံမှန် ဘောင်တွေလည်း ဖျက်ဆီးသွားတယ်။ အရာရှိ မိဘတွေဆိုပေမယ့် စစ်တပ်ဝင်လာတော့ မနေရဲလို့ တိမ်းရှောင် သွားတာ အခုပြန်လာတော့ အိမ်ကိုရစရာမရှိအောင် ဖျက်ဆီးသွားကြတယ်။ ဘယ်သူမှ အာမခံချက် မရှိသလို ဖြစ်နေတာ“ ဟု ပြောသည်။
Non CDM ဗိုလ်ကြီးနေဇာထွန်းနှင့် ဗိုလ် ကြီးဟိန်းကို တို့၏နေအိမ်များကို ဖျက်ဆီးသွားသည့် နေ့ရက်ကို အတိအ ကျမသိရသော်လည်း ခန့်မှန်းခြေအားဖြင့် ဒီပဲယင်းမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချဝင်ရောက် နေ ထိုင်ခဲ့သည့် ဒီဇင်ဘာလ ပထမအပတ်အတွင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။
နဂါးတွင်းကျေးရွာကို ဝင်ရောက်မွေနှောက်ဖျက်ဆီးသွားသည့် တပ်ရင်းမှာ ခမရ ၃၆၈ ဖြစ်ပြီး စစ်ကြောင်း ၁ တပ် ခွဲရုံးတွင် ဗိုလ်ကြီး အောင်ဇော်ထက် ဆိုသူပါဝင်သည်ဟု သိရသည်။
၎င်းစစ်ကြောင်းရုံး၏ ကျေးရွာအတွင်း မွေနှောက်ရှာဖွေရာမှ ရရှိလာသော ငွေကြေးများကို ခွဲဝေထားသည့် စာ ရင်းမှတ်တမ်း တစ်ခုကိုလည်း ရွာသားများကတွေ့ရှိ သိမ်းဆည်းရမိထားသည်။
ထို့အပြင် နဂါးတွင်းကျေးရွာရှိ ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်းဘုတ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီး သွားသည်ဟု ရွာသားများက ပြောသည်။ ပြည်သူရှေ့ဆောင်ပါတီသည် စစ်ကောင်စီ က ခန့်အပ်ထားသည့် ဝန်ကြီး ရာထူး ရယူခဲ့သူ ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင် ဒေါ်သက်သက်ခိုင်၏ ပါတီဖြစ်သည်။
ခလရ ၃၆၈ သည် ၇ ရက်နေ့ တိုက်ပွဲတွင် အထိနာခဲ့ ပုံရသဖြင့် ယခုကဲ့သို့ ထင်ထင်ရာမြင်ရာ စည်းကမ်းမဲ့စွာ ရမ်း ကားခြင်းဖြစ်သည်ဟုလည်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။
နဂါးတွင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ သုံးရက်ကြာ စခန်းချ နေထိုင်သွားစဉ် စိတ်ကျန်းမာရေးချို့တဲ့သူ နှစ်ဦးအပါအဝင် ရွာသား ၆ ဦး ကို ပစ်သတ်သွားခဲ့သည်။