ရာအိမ်မှူး တစ်ဦး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။

ဒဂုံမြို့သစ် မြောက်ပိုင်းမှ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဒီဇင်ဘာ ၁၃ ရက် က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရပ်ကွက် အတွင်းနေထိုင် သူများက ပြောသည်။

သေဆုံးသူ ရာအိမ်မှူး ဦးတင်လှသည် လှိုင်ရတနာလမ်းနှင့် လှိုင်ရတနာ (၁) လမ်းထောင့်ရှိ ၎င်းနေအိမ်ရှေ့ ကွပ်ပစ် တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

၃၁ ရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက သူကအခုထိကို  စစ်တပ်က တပ်ဆွဲထားတဲ့ နေရာတွေကို အဝင်အထွက် ရှိနေတယ်။ ရပ်ကွက်ထဲမှာလည်း ထောင်ထောင် ထောင်ထောင်နဲ့ ပေါ့။ အဓိက သတင်းပေးလို့ မပေးလို့ဆိုတာထက် အဝင်အထွက်ရှိလို့ ပစ်ခံထိတာဟု ပြောသည်။

ရာအိမ်မှူး ဦးတင်လှ၏ နေအိမ်ရှေ့သို့ အမျိုးသား ၃ ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ထိုထဲမှ တစ်ဦးဆင်း လာ ကာ ဦးတင်လှိုင်ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် ဦးတင်လှ၏ ခြေထောက်၊ လက်၊ ဝမ်းဗိုက် နှင့် တင်ပါးဆုံတို့တွင် သေနတ်ဒဏ် ရာများရရှိခဲ့ပြီး ဆေးရုံသို့ ပို့နေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ဦးတင်လှ၏ အိမ်အနီးတွင်လည်း ၉ မမ ကျည်ခွံ ၁၂ ခု တွေ့ရသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ဆိုသည်။

အဆိုပါ ရပ်ကွက်က အသက် ၂၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး က သူ့ကြောင့် အဖမ်းခံရတဲ့သူတွေလည်း ရပ် ကွက်ထဲမှာရှိတယ်ဟု ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရပ်ကွက်အတွင်း အခြေအနေနှင့် ပတ်သက်၍ ရပ်ကွက်ထဲမှာ အခုတော့ မီး တွေပြတ်နေတယ်။ ဧည့်စာရင်းစစ်မှာတွေ၊ ဝင်မွှေတာတွေ လုပ်မှာတော့ ကြောက်နေကြတာပေါ့ ဟု အဆိုပါ ရပ်ကွက်က အသက် ၂၀ ကျော်အရွယ်အမျိုးသမီးက ဆက်ပြောသည်။

မြောက်ဒဂုံမြို့နယ် လူမှုကွန်ရက်ဂရုတွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်သူထဲမှ နှစ်ဦး မန္တလေးလမ်းတွင် ဖမ်း ဆီးခံရသည်ဟု ရေးသားထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ဦးတင်လှသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရာအိမ်မှူး ဝင်ရောက် လုပ်ကိုင်ခဲ့သူဖြစ်သည်။