မွန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။

မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မင်းသိန်းထွန်းဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ဒီဇင်ဘာ ၁၅ ရက် ည ၁၁ နာရီခွဲက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နီးစပ်သူများထံမှ သိရသည်။


လမိုင်းမြို့က ထင်ရှားသည့် လုပ်ငန်းရှင်တစ်ဦးသူ မင်းသိန်းထွန်းဦး (ခ) ကိုစကစ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ခြင်း ဖြစ်သည်။

ကိုစကစ်ကို အိမ်မှာ လာဖမ်းခေါ်သွားတယ် ည ၁၁ နာရီကျော်ကျော်လောက်မှာ လာဖမ်းသွားတယ် လက် ရှိမှာတော့ မော့ကနင် ၁၀၆ တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက  မင်းသိန်းထွန်းဦးကို လာရောက်ဖမ်းဆီးသွားပြီး မော့နင်ကျေးရွာရှိ စစ်ကောင်စီ တပ်ရင်း အမှတ် ၁၀၆ တွင် ဖမ်းဆီးထားသည်ဟု သိရသည်။

မင်းသိန်းထွန်းဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပတ်သက်ဆက်နွယ်သည်ဆိုသည့် စွပ်စွဲချက်နှင့် စစ် ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်းဖြစ်သည်ဟုလည်း နီးစပ်သူတို့ထံမှ သိရသည်။

မင်းသိန်းထွန်းဦးသည် လမိုင်းမြို့တွင် Honda ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ထားသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သလို လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင် လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်နှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင် အချို့တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များ နှင့် ပတ် သက်နေသည်ဆိုသည့် စွပ်စွဲချက်များနှင့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ က ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျှက် ရှိနေသည်။