မတ္တရာတွင် ရဲကင်းစခန်းတစ်ခု တိုက်ခိုက်ခံရ၊ ရဲများ ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း ရဲကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီး မီးလောင် သွားခဲ့ပြီးနောက် စစ်ကောင်စီက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ရုံးကင်းကျေးရွာ ရဲကင်းစခန်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၁ နာရီခွဲ အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ရဲလေးယောက်ရှိတာ ပြေးသွားတယ်။ ကလေးတွေနဲ့ မိန်းမတွေကိုတော့ ဘာမှလုပ်မသွားဘူး ဟု ဒေသခံ အမျိုးသား တစ်ယောက် က ပြောသည်။

စစ်သား အယောက် ၁၀၀ ခန့် ရောက်လာပြီး ရုံးပင်၊ သဖန်းကိုင်းကျေးရွာအပြင် အနီးအနားကျေးရွာများရှိ ရွာ သားများကို ဖမ်းဆီးရိုက်နှက်မေးမြန်းမူများပြုလုပ်နေသည်ဟု သိရသည်။

ထို့အပြင် သဖန်းကိုင်းရွာ တောင်ဘက်မြောက်ဘက်ရှိ တောများထဲတွင်လည်း တောနင်းရှာဖွေမှုများ လုပ်ဆောင် နေသည်ဟု ဒေသခံများက ပြောသည်။

မတ္တရာမြို့အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ရုံးပင်ကျေးရွာရှိ ရဲကင်းစခန်းကို ဒေသအခြေစိုက် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်နေ့ ယမန်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဆောက်အဦ တစ်ခုကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။