မြစ်ကြီးနားမီး အမျိုးသမီးကြီး နှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။
ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီးနားက ဒူကထောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှု တစ်ခုတွင် သားအမိ ၂ ဦး သေဆုံးသွားသည်ဟု ဒေသခံများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်တွင် လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ပွားရာမှ လောင်ကျွမ်းခဲ့သည့် မီးကြောင့် အသက်ကြီးပိုင်း အမျိုးသမီးအပါအဝင် သားအမိ ၂ ဦး သေဆုံးသွားသည် ဟု ဒူကထောင် အုပ်ချုပ်ရေးမှုးက ပြောသည်။
“မီးထဲပါသွားတဲ့ တစ်ယောက်က အသက်ကြီးလှပြီဆိုတော့ လမ်းသိပ်မလျှောက်နိုင်ဘူး။ ပြတင်းပေါက်တွေက လည်း မဖွင့်ထားဘူး။ အဖွားကြီးက အော်တော့ အော်တယ်တဲ့။ ပြတင်းပေါက်တွေက ပိတ်ထားတော့ ဘယ်သူမှ သွားကယ်လို့မရဘူး။ နောက်တစ်ယောက်ကတော့ အပေါ်ထပ်မှာ ပိုက်ဆံတက်ယူတယ်လို့ လူတိုင်း ခန့်မှန်းကြ တယ်။ မီးလောင်ထားတဲ့ သူ့ကိုယ်ပေါ်မှာ ပိုက်ဆံတွေတွေ့တယ်” ဟု ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးက ပြော သည်။
မီးလောင်မှုသည် ဒူကထောင်ရပ်ကွက်၊ စံပြကုန်းတက်အနီးက နယ်မြေ ၁၄ တွင် မိသားစု ၇ ယောက်နေထိုင်ကြ သည့် အိမ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မိသားစုဝင်များထဲမှာ အချို့သည် အလုပ်သွားလုပ်ချိန်နှင့် ကျန်လူများ အပြင်သွားနေချိန်တွင် အသက်ကြီးပိုင်း နှစ်ဦး သာ အိမ်တွင် ကျန်နေချိန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုလက်ရှိတွင် အိမ်ရှင်များကို အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။