တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၇ – ၁၂ – ၂၁ )

အမေရိကန် အပါအဝင် အနောက်နိုင်ငံသံရုံးတွေက အရပ်သားပြည်သူတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေကြောင်းကနေတိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီက အရပ်သားနေအိမ်တွေကိုမီးရှို့ပြီး အရပ်သား ၃၀ ကျော်ကိုကြိုးတုပ်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာတော့ ကချင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုးကောင်းမြို့နယ်ထဲက တပ်ရင်းဌာနချုပ်စခန်းနှစ်ခုကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ပါတယ်။