ပွင့်ဖြူ ပြည်တွင်း အခွန်ရုံး ဗုံးဖြင့် တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ပြည်တွင်းအခွန်ဦးစီးဌာနရုံးကို ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက် ၅ နာရီ အချိန် ခန့်က လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပွင့်ဖြူ PDF က ထုတ်ပြန်ကြေညာသည်။

ပွင့်ဖြူမြို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ ကတည်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ည ၈ နာရီမှ နံနက် ၄ နာရီ အိမ် ပြင် မထွက်ရန် တားမြစ်ထားသည်။

မနက် နာရီလောက်က အုန်းကနဲ့အသံကြားလိုက်ရတယ် နေမြင့်မှ သွားကြည့်တော့ အမိုးတွေလန်ပြီး တော် တော်လေး ပျက်ဆီးသွားတယ် လူတော့ထိခိုက်သံမကြားဘူး ဟု ပွင့်ဖြူမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီအတွက် အခွန်တွေ တိုးကောက်ပြီး ထောက်ပံ့နေသည့်အတွက် လူရှင်းချိန်ကို ရွေးပြီး သတိပေး ဗုံးခွဲ ရခြင်းဖြစ်ပြီး တိုက်ခိုက်ခဲ့သူမှာ ဘေးကင်းလုံခြုံသည့်နေရာကို ရောက်နေသည်ဟု ပွင့်ဖြူ PDF က ထုတ်ပြန်ကြေငြာထား သည်။

ပွင်ဖြူမြို့နယ် စစ်ကောင်စီခန့် လက်ပံနွယ်ကျေးရွာ အုပ်ရေးမှူးအိမ်လည်း ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်က ဗုံးဖြင့်တိုက်ခံရသည်ဟု ရွာသားများက ပြောသည်။

လက်ပံနွယ်ကျေးရွာဗုံးကွဲမှုနှင့် ပတ်သက်၍ အဲ့အုပ်ချုပ်ရေးမှူးက နိုင်ငံရေး တက်ကြွလှုပ်ရှားနေတဲ့ လူငယ်တွေ အဖမ်းခံရအောင် သတင်းပေး ဒလံလုပ်လို့ ဖောက်ခွဲခံရတာဟု လက်ပံနွယ်ကျေးရွာက အသက် ၆၀ နှစ် အရွယ် ဒေသခံ အမျိုးသား တစ်ဦး က ပြောသည်။

ထိုကဲ့သို့ ဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်  ရဲတပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့ အဝင်လမ်းနှင့် အထွက် လမ်းများ အားလုံးကို ပိတ်ဆို့ရှာဖွေစစ်ဆေးနေသည်ဟု သိရသည်။