ပုလော PDF တစ်ဦး တိုက်ပွဲတွင် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်။
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တိုက်ပွဲအတွင်း ဒေသခံ ပြည်သူ့ ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့ PRDF မှ တပ်စိတ်မှူးတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ပုလော PDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။
ယမန်နေ့ ဇန္နဝါရီလ ၄ ရက်နေ့၊ နံနက် ၅ နာရီခွဲ ဝန်းကျင်အချိန်ခန့်က ကဒဲကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအသွင် ပစ်ခတ်မှု အတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“မနက် ၅ နာရီ ၄၀ မိနစ်မှာ ကိုဖြူဖွေးကျဆုံးတာပါ။ ဒဏ်ရာရတာက (မစိုးရိမ်ရ) တစ်ယောက်ရှိတယ်။ ပျူ စောထီးဘက်က အဖွဲ့ဝင် လွင်ဦးသေတယ်။ သူ့သားမက်က ဒဏ်ရာရပြီး ပလတိုက်နယ်ဆေးရုံမှာကုသနေတယ်” ဟု PRDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့မှ အသက် ၃၇ နှစ် အရွယ် ကိုယ်ပိုင်အမှတ် ၂၀၂၀၉၂ တပ်စိတ်မှူး ဖြူဖွေး သေဆုံးသွားခြင်း ဖြစ်သည်။
ဇန္နဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲသည် ကဒဲကျေးရွာရှိ ပျူစောထီးအဖွဲ့များအား PRDF ပူး ပေါင်းတပ်ဖွဲ့များက ရှင်းလင်းရန် သွားရောက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု PRDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။
တိုက်ပွဲတွင် သေဆုံးခဲ့သည့် ရဲဘော်ဖြူဖွေး အလောင်းကို ဇန္နဝါရီလ ၄ ရက်နေ့၊ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်
ခန့်တွင် အမိန့်စာပြန်ဆို၍ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
ရဲဘော်ဖြူဖွေးသည် စစ်အာဏာရှင်ဆန့်ကျင်ရေး အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရာတွင် ရွံ့ရွံ့ချွန်ချွန် ပါဝင် ကာ တာဝန်ကျေခဲ့သဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပုလော PDF တပ်ဖွဲ့က ထုတ်ပြန်ကြေညာ ထားသည်။