ကမ္ဘာ့ ရတနာဘဏ် ဓါးပြ တိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။

သထုံရှိ ကမ္ဘာ့ ရတနာဘဏ်ကို လက်နက်ကိုင် လူတစ်စုက ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ ဓါးပြဝင်တိုက်ရာ ကျပ်သိန်း ၈၀၀ ကျော်ပါသွားသည်ဟု ဒေသခံများအကြား ပြောဆိုနေကြသည်။

ဇန္နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် အချိန်ခန့်က ကျိုက်က္ကော်ရပ်မြို့မစျေးရှိ ကမ္ဘရတနာဘဏ်ကို မော်တော်ယာဥ်ဖြင့် ရောက်လာသည့် လက်နက်ကိုင် ၃ ဦးတို့က ဓါးမြတိုက်သွားခဲ့ခြင်းဖြစ်သည်။

“ဘဏ် ဓါးပြတိုက်တာ ပိုက်ဆံ အများကြီးပါသွားတယ်လို့ ပြောနေကြတယ်။ အသေအချာတော့ မသိဘူး။ ဓါးပြ တွေကတော့ လွတ်သွားတယ်။ ဖမ်းမိတာတော့ မကြားဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရမှုတွင် ကျပ်သိန်း ၈၀၀ ကျော် ပါသွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ဘဏ်ဓါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများကလည်း စိုးရိမ်ကြောက်ရွံ့နေကြသည်ဟု ဆိုသည်။

ဒီဇင်ဘာလတုန်းကလည်း သုဝဏ္ဏဝတီမြို့အထွက် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် ငွေသိမ်းကား ဓါးမြတိုက်ခံရပြီး ငွေကျပ်သိန်း ၈၀၀ ကျော် ပါသွားခဲ့သေးသည်။