သရက်ချောင်းတွင် စစ်ကောင်စီ၏ ရမ်းသန်ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က ကင်းရှေ့ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ် ခတ်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် သုံးဦး သေဆုံးခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
ဇန္နဝါရီလ ၇ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီဝန်းကျင် အချိန်ခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ PDF တို့ စော်ဖျားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲဖြစ်ပွားရာသို့ စစ်ကူရန်လာသည့် ယာဥ်တန်း ကင်းရှေ့ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရပြီး နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ သေနတ်များဖြင့် ရမ်းသမ်းလိုက်လံပစ်ခတ်ခဲ့သည် ဟု ဒေသခံရွာသားများ က ပြောသည်။
“ကြောက်လန့်ပြီး ထွက်ပြေးကြတဲ့ ရွာသားတွေကို အနောက်ကနေ လိုက်ပစ်ခဲ့လို့ ပန်းရံ အလုပ်လုပ်နေတဲ့ က လေး ၃ ယောက် ထိမှန်ပြီးသေသွားတယ်” ဟု အသက် ၄၀ နှစ် အရွယ် ရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူများမှာ အသက် ၁၄ နှစ် အရွယ် မောင်ခန့်ဇင် ထွေး၊ အသက် ၁၇ နှစ် အရွယ် မောင်အောင်သက်ဖြိုးနှင့် မောင်ရဲဇော်ထိုက်တို့ ဖြစ်သည်ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။
အလားတူ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေပြီး ရွာသား ၅ ဦးခန့်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခံထားရကြောင်း ကြားသိထားရသော်လည်း ၅ ဦးထက်လည်း ပိုနိုင်သည်ဟု ရွာသားအချို့က ပြောသည်။
သို့သော် ဖမ်းဆီးခံထားရသူ စာရင်း အတိအကျကို ဆက်လက်စုံစမ်းနေစဲ ဖြစ်သည်ဟု ရွာသားများက ပြောသည်။
သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာများ၏ အဝင်အထွက်လမ်းများတွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်တပ်စွဲ ပိတ်ဆို့ထားခြင်းဖြစ်သည်။
ထိုသို့ ပိတ်ဆို့ထားသည့်အတွက် ဒေသခံ ကျေးရွာသားများ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်တောက်မှုနှင့် လည်း ကြုံတွေ့နေကြရသည်ဟု ဒေသခံရွာသားများက ပြောသည်။