ကျိုက်ထို လျှပ်စစ်ရုံး ဗုံးကွဲမှု လူလေးဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လျှပ်စစ်ရုံး ဗုံးပစ်သွင်းခံရပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးကို ဇန္နဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က ဆိုင် ကယ်ဖြင့် လာသူ လူနှစ်ဦးက ဗုံးပစ်သွင်းခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
“ဗုံးပစ်သွင်းခံရပြီး ပေါက်ကွဲသွားတယ်လို့ သိရတယ်။ ဘယ်သူ့လက်ချက်လည်းတော့ မသိဘူး။ ရုံးအဆောက် အဦ တချို့ ပျက်စီးသွားတာရှိတယ်။ နောက်ပြီးတော့ ဝန်ထမ်းတွေလည်း ထိသွားတယ်လို့ သိရတယ်” ဟု ကျိုက် ထို မြို့ခံတစ်ဦး က ပြောသည်။
ထို ဗုံးပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံးရှိ ဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည့် အပြင် ရုံးအဆောက်အဦ အချို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများက အတည်ပြု ပြောသည်။
ယခုဖြစ်ပွားသည့် ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံး ဗုံးပစ်သွင်းခံမှုသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ်ဖြစ်သည်။
မြို့နယ်လျှပ်စစ်ရုံးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုက်ထိုမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ တင်းကြပ်စွာလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းကလည်း ကျိုက်ထိုမြို့နယ် လျှင်စစ်ရုံးဝင်းအတွင်း ဗုံးပစ်သွင်းခံခဲ့ရပြီး ပေါက် ကွဲမှုဖြစ်ပွားခဲ့ သေးသည်။