ကျေးရွာအနီး ကပ်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို သရက်-ကံမ PDF မိုင်းဆွဲတိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

သရက်ခရိုင်အတွင်း ထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို သရက်-ကံမ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိသည်ဟု ပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

မကွေးတိုင်း၊ သရက်ခရိုင် မင်းတုန်းမြို့နယ် ယောသမ္ဘူလကျေးရွာအနီးကို ထိုးလာသည့် စစ်ကောင်စီ စစ် ကြောင်းကို သရက်၊ ကံမ ပူးပေါင်း PDF အဖွဲ့က ဇန္နဝါရီလ ၁၁ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်က မိုင်းဆွဲ တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် PDF တပ်ဖွဲ့ဝင်များကို ရှာဖွေ ဖမ်းဆီး ရန် တပ်ဖြန့်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ အဖွဲ့ဝင် ၁၁ ဦးခန့် အသင့်ပြင်ဆင်ထားသည့် မိုင်းကွင်း အလယ်အရောက် တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု PDF အဖွဲ့က ပြောသည်။

ထိထိမိမိဆွဲလိုက်တာ ၁၁ ယောက်လုံးလ ွားတယ် ယောက်လောက် ပြန်မထနိုင်ဘူး နှစ်ဘက်အပြန်အလှန် ပစ်ကြပြီး သူတို့ဝရုန်းသုံးကား ထွက်ပြေးကြတယ် ဟု PDF တာဝန်ရှိသူတစ်ဦး က ပြောသည်။

နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီ နီးပါးကြာခဲ့ပြီး သရက်၊ ကံမ ပူးပေါင်း PDF အဖွဲ့က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည် ဟု ဆိုသည်။

မင်းတုန်းမြို့နှင့်ကံမမြို့သည် ဌာနေစစ်တပ်အထိုင်မရှိဘဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သရက်မြို့မှ

အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တပ်က လာရောက် လုံခြုံရေးတာဝန်ယူ နေကြခြင်းဖြစ်သည်။

ကပစ က ပညာသည် တပ်ဘဲ စက်မှုနဲ့လက်နက် ထုတ်တာ စစ်မတိုက်ဖူးဘူး တပ်မ  ၈၈ ပုခုံးတံဆိပ်တပ် ထားတဲ့ စစ်သားအနည်းအပါး တွဲဘက် လှုပ်ရှားတာတွေ့ရတယ် ဟု မင်းတုန်းမြို့နယ်ထဲက အငြိမ်းစား စစ်မှု ထမ်းဟောင်း တစ်ဦး က ပြောသည်။

ယခု ရက်ပိုင်းအတွင်း မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ်တို့တွင် ရပ်ရွာလုံခြုံရေးအတွက်ဟု ဆိုကာ စစ်ကောင်စီက အဓမ္မ လူသစ်စုဆောင်းမှုများ၊ စစ်သင်တန်းပေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လူသစ်စုဖို့ နိုင်ငံရေး တက်ကြွတွေ ဖမ်းဖို့၊ သမ္ဘူလရွာဘက်ကို လာတာ သရက် မင်းတုန်း ကားလမ်းဘေး အလယ်ချောင်း ကျေးရွာမှာလည်း အင်အား  ၁၀၀ လောက်  အခုရက်ပိုင်း အထိုင်ချထားတယ် ဟု ဒေသခံတစ်ဦး က ပြောသည်။

မင်းတုန်းမြို့ခံ PDF အဖွဲ့ ကမူ မကြာမှီ တိုက်ပွဲများ ဖေါ်ဆောင်မည်ဟု ထုတ်ပြန်ထားပြီး   လှုပ်ရှားမှု မရှိသေးဟု ဆိုသည်။

ယခုမိုင်းဆွဲတိုက်ခိုက်တဲ့ ဖြစ်စဉ်သည် မင်းတုန်းမြို့နယ် အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်ပြီး ဒေသခံများ ထိတ် လန့်နေကြသည် ဟု သိရသည်။

အထူးသဖြင့် စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို ပေါ်တာဆွဲကာ လူသားဒိုင်းအဖြစ် လုပ်မည်ဟု သတင်း များ ထွက်ပေါ်နေသဖြင့် ညနေစောင်းလျှင်ပင် အပြင်မထွက်ရဲကြဘဲ ဖြစ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

ဓါတ်ပုံ – မင်းတုန်းမြို့ရဲ့ဂုဏ်ယူမဆုံး ရွှေတောင်ကြီးပုံ