မှုခင်းသတင်းထောက်တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်ကောင်စီ သတင်းပေး ဒလန်ဟု နာမည်ကြီးသည့် မှုခင်း သတင်းထောက် တစ်ဦး ဇန္နဝါရီလ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်က သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသည်။

ထိုပစ်ခတ်မှုနှင့် ပါတ်သက်၍ အခင်းဖြစ်ပွားရာ နွားရေတိုက်ကျေးရွာက CDM ကျောင်းဆရာတစ်ဦး နှင့် ကျေးရွာသား ၄ ဦးကို ဓါးစာခံအဖြစ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းထားသည့်အတွက် ရွာသားများ စိုးရိမ်နေကြ သည်ဟု ပြောသည်။

ပစ်တဲ့သူ လာအဖမ်း မခံရင် တရွာလုံး ပစ်သတ်မယ် ပြောပြီး ဖမ်းသွားတာ သူတို့တွေကို နှိပ်စက်ပြီး သတ်ပစ် မှာ စိုးရိမ်တယ်။ အကြောင်းမဲ့ သက်သက် နောက်ထပ်ဖမ်းမှာလည်း စိုးရိမ်တယ်” ဟု ဒေသခံ တစ်ဦး ကပြော သည်။

နွားရေတိုက်ကျေးရွာနေ မှုခင်း သတင်းထောက် ဦးဆန်းတင့်သည် လူပြတ်သည့် ရွာလမ်းတစ်နေရာတွင် သေ နတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံရ၍ လမ်းနံဘေး အနီးရှိ တောချုံအတွင်းသို့ တိုးဝင်ပြေးသဖြင့် လက်မောင်းတွင် ဒဏ် ရာ ရရှိသွားသည်ဟု ဒေသခံအချို့က ပြောသည်။

ရေကြည်မြို့ခံ ဦးထွန်းလွင်က “ဒဏ်ရာရတဲ့ ကိုဆန်းတင့်ကို Ambulance နဲ့ ဆေးရုံခေါ်လာတယ်။ စစ်သား နဲ့ ရဲ အင်အား ၃၀ ကျော်လောက်က မြို့နဲ့ရွာ ဆက်နေတဲ့ လမ်းကို ပိတ်စစ်နေတယ်” ဟုပြောသည်။

ဦးဆန်းတင့်သည် မှုခင်းသတင်းထောက် တစ်ဦး အဖြစ်သာမက ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးမှူး တစ်ဦးဖြစ်ကာ စစ်တပ် နှင့် ရဲတပ်ဖွဲ့၏ အမာခံ သတင်းပေးတစ်ဦး ဖြစ်သည်ဟု သိရသည်။

ရေကြည်မြို့နယ်သည် ဧရာဝတီတိုင်း အတွင်း ပထမ အဦးဆုံး စစ်ကောင်စီ သတင်းပေးတစ်ဦးကို သုတ်သင် ခဲ့ သည့် မြို့ နယ်ဖြစ်ကာ ယခုအကြိမ်သည် ဒုတိယမြောက် ဖြစ်သည်။