စစ်ကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် KNPP ပယ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။
လေယာဉ်တိုက်ခိုက်မှုများ နှစ်ပတ်နီးပါး ဆက်တိုက်ခိုက်နေသည့် အချိန်တွင် ကရင်နီပြည်နယ်ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် စစ်ကောင်စီခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပယ်ချလိုက်သည်။
စစ်ကောင်စီခေါင်းဆောင်က ဇန္နဝါရီလ ၁၅ ရက်နေ့က ကျရောက်သည့် နှစ် ၇၀ ပြည့် ကယားပြည်နယ်နေ့ကို ပေး ပို့သည့် သဝဏ်လွှာတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။။
အဆိုပါ ကိစ္စနဲ့ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “ကျနော်တို့ကတော့ ဘယ်လောက်ကမ်းလှမ်းလှမ်းလေ ကျနော်တို့ကတော့ သူတို့နဲ့ စေ့စပ်ဆွေးနွေးဖို့ မရှိဘူး။ ဒီနေ့ ကျနော်တို့ ကရင်နီပြည်က ဒီလောက်ကြေမွပျက်ဆီးနေပြီ၊ ကျနော်တို့ ဒီတိုက်ပွဲတွေမှာပေါ့နော် လက်နက် ကြီး တွေ၊ အမြှောက်ကားတွေ၊ နောက်ပြီးမှ လေယာဉ်တွေနဲ့ အသုံးပြုပြီးမှ ချေမှုန်းတိုက်ခိုက်နေတာ ဖြစ် တယ်။ ဒီလို တိုက်ခိုက်တဲ့ပွဲတွေမှာလည်း ကျနော်တို့ အပြစ်မဲ့ပြည်သူလူထုပါမကျန်ပေါ့နော် ဒီလိုလုပ်နေတဲ့ လုပ်ရပ်တွေကို ကျနော်တို့က လစ်လျူရှုပြီးတော့မှ ကျနော်တို့က စကားပြောမယ်၊ အပြစ်ခတ်ရပ်စဲရေး လုပ် မယ်ဆိုရင်တော့ ကျနော်တို့က မလုပ်နိုင်ပါဘူးလို့။ ဒါကတော့ ရှင်းရှင်းလေးပါပဲ။ နိုင်ငံရေးအရပဲ ဖြစ်ပါစေ ကျနော်တို့ လက်ရှိ မြေပြင်ရဲ့ အနေအထားအရပါပေါ့နော် ကျနော်တို့က လက်ခံသွားဖို့ မရှိပါဘူးလို့ အဲ့ဒါလေး ပြောချင်ပါတယ်” ဟု ပြောသည်။
လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်ဆင် တိုက်ပွဲများ ပြင်းထန်နေသည့် ကရင်နီပြည်နယ်ကို ပြည် နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက်ခံစားနိုင်ရန် တည်ဆောက်သွားကြရန်နှင့် ငြိမ်းချမ်းရေး ခြေလှမ်း သစ် များ ပြန်လည်စတင်နိုင်ရန် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ထားသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သည့် သဝဏ်လွှာထဲတွင် ရေးသားထားသည်။
ကရင်နီပြည်နယ်အတွင်း လက်ရှိဖြစ်ပျက်နေသည့် စစ်ပွဲများနှင့် ပြည်သူများ ချိုးဖောက်ခံနေရသည့် အခြေအနေ များကို လစ်လျူရှုကာ KNPP အနေဖြင့် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးစရာ အကြောင်းမရှိသလို စစ် ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှလုပ်ဆောင်မည့် ဆွေးနွေးပွဲများကိုလည်း လက်ခံစရာ မကြောင်းမရှိဘူး ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။
“ကျနော်တို့ NUCC, NUG အစရှိတဲ့ပေါ့နော် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးကို လုပ်သွားကြမယ်လို့ ကျနော်တို့ သံဓိဌာန်ချထားကြတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်နေတာ ဖြစ်တယ်။ ဆိုတော့ ဒီနေ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲခေါ်မယ်ဆိုလို့ရှိရင် ကျနော်တို့က ဘယ်လို preconditions တွေထားမှာလဲ၊ ဆိုတော့ ၂၀၀၈ လက် အောက်ကနေပြီးမှ ကျင်းပပြုလုပ်တဲ့ negotiation dialogue ကိုတော့ ကျနော်တို့က လုံးဝလုပ်သွားမှာ မဟုတ် ဘူး။ ၂၀၀၈ ကို အခြေခံပြီး ဆွေးနွေးမယ့် ဆွေးနွေးပွဲမှန်သမျှကို ကျနော်တို့ လက်ခံမှာ မဟုတ်ဘူးပေါ့ နော်။ အဲ့ဒါတစ်ချက်ပါ။ ဒါကတော့ နိုင်ငံရေးအရပါပြောတာ။”
တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့် တဖက်တွင် ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး စစ်ကောင်စီ ခေါင်းဆောင်က သဝဏ်လွှာပေးပို့ခြင်းကလည်း တဖက်မှ ကြည့်မည်ဆိုပါက ငြိမ်းချမ်းရေးတည်ဆောက်နိုင် ရေး ဆိုသည့် အချက်ထက် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးဖိချင်သည့် သဘောမျိုး ဖြစ်နေသည်ဟု ဦးအောင်ဆန်းမြင်က ဆက်ပြောသည်။
“တိုက်ပွဲတွေဖြစ်တာတော့ မေလ ၂၀ ရက်နေ့ နောက်ပိုင်းကနေစပြီး ဖြစ်တာပေါ့နော်။ တစတစထက် ဖြစ်လာ ရင်း နဲ့ ခရစ္စမတ်မတိုင်ခင်ညမှ အပြစ်မဲ့လူထု လေးဆယ်ကျော်ကို အကြောင်းမဲ့ မီးရှို့သတ်လိုက်တဲ့အပေးမှာ နိုင်ငံတကာကလည်း ဒါကို အားလုံးသိသွားတယ်။ ဒါက လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း စစ်အာဏာရှင်ရဲ့ လုပ်ရပ်ချိုးဖောက်ပြလိုက်တယ်ဆိုကို ကမ္ဘာကသိသွားပြီ။ ဒီပြည်နယ်ထဲမှာ ဖြစ် ပျက်နေတဲ့ အဖြစ်အပျက်တွေကလည်း ကမ္ဘာကလည်း သိနေပြီ။ သိအောင်လည်းဖော်ထုတ်ထားတယ်။ သူတို့ က လက်ရှိ ပြည်တွင်းစစ်လို့ ပြောပေမယ့် နိုင်ငံတကာရဲ့ မျက်နှာစာမှာတော့ ဒါသူတို့အတွက် မျက်နှာကောင်းမှာ မဟုတ်ဘူး။ ဒါက အခုနကပြောသလိုပေါ့ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကို ချိုးဖောက်သလို အစုလိုက် အပြုံလိုက်ပေါ့နော် လူမျိုးတုန်းသတ်ဖြတ်တာတွေလည်း ပေါ်နေပြီ။ ပေါ်နေတော့ ဒါတွေကို အဖတ်ဆယ်နိုင်ဖို့ အတွက် လုပ်တာပါပဲ။ ရလိုရငြားပေါ့နော်။ ဒီလောက်ပါပဲ ကျနော်သုံးသပ်တာကတော့။”
ငြိမ်းချမ်းရေးဆွေးနွေးရန် သဝဏ်လွှာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့ထားသော်လည်း တဖက်တွင် စစ်ကောင်စီတပ်နှင့် KA,KNDF,PDF ပူးပေါင်းတပ်များ အကြား တိုက်ပွဲများက လျော့ကျမသွားခြင်း မရှိပေ။ တောရောမြို့ပါမကျန် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။
လေကြောင်းပစ်ခတ်မှုများက ဇန္နဝါရီလ ၆ ရက်နေ့မှစတင်ကာ ဇန္နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းအထိ ဖြစ် ပွားလျှက်ရှိသည်။
ထိုတိုက်ပွဲများကြောင့် ကရင်နီပြည်နယ်၏ လူဦးရေ ထက်ဝက်ကျော်က စစ်ဘေးလွတ်ရာ တောတောင်များ၊ နယ် စပ်ဒေသများ အပြင် ရှမ်းပြည်နယ်တောင်ပိုင်းအထိ စစ်ရှောင်နေကြရသည်။ လူဦးရေ ၁သိန်း ၇သောင်းကျော် စစ်ရှောင်နေကြရသည်ဟု ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။
ဓါတ်ပုံ-PKPF