မြိတ်-ထားဝယ်ခရိုင်အတွင်းက စစ်ဘေးရှောင် ၈၀၀ ကျော် အကူအညီလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။

ထားဝယ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးရှောင်တိမ်းနေရသူ ဒေသခံ ၈၀၀ ကျော်အတွက် အကူအညီများ လိုအပ်နေသည်ဟု ဒေသခံ ကရင်သတင်းဌာနဖြစ်သော ကွယ်ကလူက ကရင်ဘာသာဖြင့် သတင်းရေးသားထားသည်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုး (ထားဝယ်) မြို့နယ်တွင် စစ် ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်တို့ အကြားက တိုက်ပွဲများကြောင့် ဒေသခံ ၈၀၀ ကျော် စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။

ဇန္နဝါရီလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုး (ထားဝယ်) မြို့ နယ်အတွင်းရှိ ဟာမြင်းကြီးကျေးရွာတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလာသည့် အတွက် ဒေသခံ များမှာ ထီးနဲအူ ကျေးရွာသို့ စစ်ဘေးရှောင်လာခဲ့ကြသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များမှာ အစားအသောက်အပြင် စောင်၊ ဖျာ၊  ဆေးဝါး အဝတ် အစားစသည့် အကူအညီများ လိုအပ်နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေး၊ အဝတ်အစား၊ ဆေးဝါး နှင့် လိုအပ်မှုများကို KNU တပ်မဟာ ၄ တာဝန်ရှိသူများ က သွားရောက် ကူညီထားသည်ဟု ဆိုသည်။

ဇန္နဝါရီလ ၂၁ ရက်နေ့(ယနေ့) တွင်လည်း စစ်ကောင်စီတပ်နှင့် PDF တပ်တို့အကြား မြင်းခတ်ပြင်ကျေးရွာတွင် နံနက် ၈ နာရီ တစ်ကြိမ်နှင့် ညနေ ၃ နာရီတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း ကွယ်ကလူ ကရင်သတင်းဌာန၏ သတင်းရေးသား ထုတ်ပြန်ချက်အရ သိရသည်။

ဓါတ်ပုံ – Kwe Ka Lu News