ပစ်မှတ်ထားတိုက်ခိုက်ခံနေရသော လူထုကို နိုင်ငံတကာမှ ကာကွယ်ပေးရန် EAO အဖွဲ့အချို့တောင်းဆို
လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းအရ ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အခြေအနေ တစ်ရပ်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို နိုင်ငံတကာမှ ကူညီ ဖန်တီး လုပ်ဆောင် မပေးနိုင် သေးသ၍ လူသေဆုံးမှုများနှင့် ခက်ခဲမှုများ ရှိနေအုံးမယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ သုံးဖွဲ့က ပြောလိုက်ပါတယ်။