တရုတ်ဓါတ်ငွေ့ ပိုက်လိုင်းအနီး မိုင်းထောင်၍ ဒေသခံများ အလုပ်မဆင်းနိုင်

မန္တလေး-လားရှိုးပြည်ထောင်စု လမ်းမကြီးဘေးရှိ သီပေါမြို့နယ်အပိုင်းတွင်းရှိနေတဲ့ တရုတ်ရေနံနှင့် ဂတ်စ် ပိုက်လိုင်း ထိန်းချုပ်ရုံနှင့် ပိုက်လိုင်းတလျှောက်တွင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း (ပြီးခဲ့သည့် ၂ လ) ခန့် အချိန်ကစတင်၍ မြေမြုပ်မိုင်းများ ထောင်ထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဖွဲ့က ပြောပါတယ်။