တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၄ – ၁ – ၂၂ )
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေမှာ KNU အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေရှိနေပါတယ်။
လေးကေကော်မြို့သစ်က စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာမှာကိုစိုးရိမ်တဲ့အတွက် ထပ်မံပြောင်းရွှေ့နေကြပါတယ်။
ပြည်သူလူထုကိုကာကွယ်ဖို့ လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ဖို့ နိုင်ငံတကာကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။