ကိုးကန့်စစ်ရှောင်များ ရပ်တည်ရေး အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။

စစ်ရှောင်ကာလ ၅ လ ကျော်ကြာလာပြီးနောက်တွင် ကိုးကန့်ဒေသ စစ်ရှောင်များအတွက် ရေရှည်ရပ်တည်ရေး အခက်ကြုံရသည်ဟု စစ်ရှောင်များနှင့် စစ်ရှောင်စခန်း တာဝန်ခံများက ပြောသည်။

မြန်မာ-တရုတ် နယ်စပ်တွင် ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် ကိုးကန့် (MNDAA)တို့ကြား တိုက်ပွဲများကြောင့် လူပေါင်း ၅၀၀ ကျော် စစ်ရှောင်နေကြရသည်။

ရှမ်းမြောက် မြန်မာ-တရုတ် နယ်စပ် မူဆယ်ခရိုင် မုံးကိုးမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်လဆန်းမှ စတင်၍ ဖြစ်ပွားနေသည့် နှစ်ဖက်ကြားက တိုက်ပွဲများကြောင့် စစ်ရှောင်များသည် မူရင်းနေရပ်ကျေးရွာများ ဆီ သို့ မပြန်နိုင်သေးသကဲံသို့ ရေရှည်စစ်ရှောင်စခန်းတွင် နေထိုင်ရေးမှာလည်း ခက်ခဲလာနေသည်ဟု ဆိုသည်။

လက်ရှိစစ်ရှောင်များ၏ အခြေအနေနှင့် ပတ်သတ်၍ စခန်းတာဝန်ခံတစ်ယောက်က ထောက်ပံ့နေသူတွေ လက်ပန်းကျလာနေပြီဟု ပြောသည်။

“မုံးကိုးမြို့ပေါ်ရောက်လာ ကြ တဲ့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးကို ကျနော်တို့ KBC ဘုရားကျောင်းကနေ တာဝန်ယူထားပါတယ်။ ၅ လ ကျော် အထိ ဒီမှာဘဲ စစ်ရှောင်နေရတာဖြစ်လို့ သူတို့အတွက် စားနပ်ရိက္ခာ ပြတ်တောက်တော့မယ့် အထိကြုံ နေ ရတယ်။ ဘယ် ချိန်ထိ စစ်ရှောင်နေရအုံးမလဲ မသိလို့လေ။ အကူညီပေးရေး NGO CSO အဖွဲ့တွေလည်း အရောက်နည်းတယ်။ အဓိကတော့ ဆန်၊ ဆီ၊ ဆားနဲ့ ယာယီ အဆောက်အအုံတွေ လိုအပ်နေတယ်”

စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သည်မှာ ၅ လကျော် အထိ ရှိလာနေပြီး စစ် ရှောင် ၅၀၀ ကျော်မှာလည်း နေရပ်ပြန်ရေး ယနေ့အချိန်ထိ မဖြစ်နိုင်သေးဘူးလို့ ဆိုသည်။

ကူညီထောက်ပံ့မှုများလည်း ရောက်ရှိရန် ခက်ခဲနေသည့်အတွက် ယခုခါ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား များလည်း လိုအပ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။

စစ်ရှောင်များအား လာရောက်ကူညီသူ အလှူရှင်အချို့အားလည်း စစ်ကောင်စီတပ်က ဖြတ်သန်းသယ်ယူ ပို့ ဆောင်ခွင့် မပြုသည့်အတွက် ရက်ကာလ ကြာရှည်လာသည်နှင့်အမျှ ရေရှည်ရပ်တည်ရေး ပိုမိုခက်ခဲလာရခြင်း ဖြစ်သည်ဟု စစ်ရှောင်များ၊ စခန်းတာဝန်ခံများနှင့် စစ်ရှောင်ရှောင်များအား ကူညီပေးနေသူ အချို့က ပြောသည်။

နမ်ဟာကျေးရွာက စစ်ရှောင်တစ်ဦးက ၎င်းစစ်ရှောင်ခဲ့ရစဉ်က အဖြစ်အပျက်နှင့် ပတ်သက်၍ “ကျနော်တို့ ရွာမှာ ဩဂုတ်လ ၂၈ရက်နေ့က လက်နက်ကြီး ကျ ရောက်ပြီး လူ၄ဦးသေဆုံးခဲ့တယ်။ တိုက်ပွဲအကြီး အကျယ် ဖြစ်နေ လို့ ဩဂုတ်လ ၂၉ရက်နေ့မှာ မုံးကိုးမြို့ပေါ်ကို စစ်ရှောင်လာကြတာ။ မုံးကိုးရောက်တော့ မုံးကိုး KBC ဘုရား ကျောင်းမှာ နေထိုင်ခွင့်ရတယ်။ အစားအစာတွေ လည်း မြို့က လူတွေ တစ်ယောက်နည်းနည်း လာပေးကြ တယ်” ဟု ပြောပါတယ်။

မုံးကိုး-ဖောင်းဆိုင်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့ အကြား ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင် လဆန်းထဲတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့မှစတင်၍ ဖောင်းဆိုင်ဒေသ နမ်ဟာ ကျေးရွာ အနီးဝန်းကျင်က ကျေးရွာပေါင်း ၇ ရွာမှ လူဦးရေ ၇၀၀ ကျော်ခန့်သည် မုံးကိုးမြို့ထဲသို့ ထွက်ပြေးတိမ်းရှောင်လာ ကြခြင်း ဖြစ်သည်။

စစ်ရှောင် ၇၀၀ ကျော်အနက် ၁၀၀ ကျော်သည် နယ်မြေအခြေအနေအရ နေရပ်သို့ ပြန်သွားကြပြီဖြစ်ပြီး ကျန်ရှိ နေသူများသည် ၎င်းတို့၏ ကျေးရွာအနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးသည့်အတွက် ယနေ့အချိန်ထိ နေရပ် မပြန်နိုင်ကြသေးခြင်း ဖြစ်သည်။

မုံးကိုးမြို့အဝင် စစ်ကောင်စီတပ်ဂိတ်က ပြီးခဲ့သည့် ၂၀၂၁ညခုနှစ် ဩဂုတ်လကတည်းက စတင်ပြီး ယနေ့အချိန် ထိ ဆန်အိမ်သယ်ဆောင်ခွင့်ကို ပိတ်ထားပြီး အစစ်အဆေးကြမ်းသည်ဟု မုံးကိုးမြို့ခံများက ဆိုသည်။ ထို့ကြောင့် စစ်ရှောင်များအတွက် ဆန်အိတ်များ ကူညီထောက်ပံ့ပေးရန်လည်း အလှူရှင်များ အနေဖြင့် အခက်ကြုံနေ ကြရ သည်။

လက်ရှိ မုံးကိုးမြို့တွင် စစ်ဘေးရှောင်များကို နေရာ ၃ နေရာတွင် ခွဲထားပြီး ၎င်းတို့အနက် တအာင်းလူမျိုး စစ် ရှောင်က အများဆုံးဖြစ်ကာ လူဦးရေ ၄၉၇ ဦး၊ ကလေးငယ် ၉၄ ဦးနှင့် စစ်ရှောင်ရင်း ကလေးမီးဖွားပြီးစ မိခင် ၁၁ ဦး ရှိနေသည်ဟု သိရသည်။

မုံးကိုးစစ်ရှောင်စခန်းများသည် တရုတ်နိုင်ငံ၏ နယ်စပ်နှင့် အလွန်နီးကပ်ပြီး တရုတ်ပြည်ဘက်ခြမ်းကလည်း နယ် ခြား သံဆူးကြိုးများ တည်ဆောက်ထားသည်။

ဓါတ်ပုံ – MNWM