ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ရက်ပိုင်းအတွင်း အတည်ပြုရန် မျှော်လင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီ ၂၇ ရက်။

ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာ စာတမ်းတွင် ဆွေးနွေရန် မပြီး ပြတ်သေးသည့် တိုင်းရင်းသား ပြည် နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များကို လက်ရှိကျင်းပနေသည့် ပြည်သူ့ ညီလာခံကြီးတွင် ဆွေး နွေးဆုံးဖြတ်နိုင်ရန် မျှော်လင့်သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် WLB က ပြောသည်။

ဇန္နဝါရီလ ၂၇ ရက်နေ့ (ယနေ့) တွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှ ကမကထ ပြု လုပ် ကာ စတင်ကျင်းပနေသည့် ပြည်သူ့ ညီလာခံကြီးတွင် WLB အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲ က အဖွင့် အမှာ စကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

နော်ဆဲဆဲက “စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုမှာ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေရဲ့ ကိုယ် ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိပါတယ်။ မိမိတို့ ကိုယ်တိုင် ပြည်နယ်ရဲ့ ပြည်နယ် နယ်နမိတ်အတွင်းရှိ အရေး ကိစ္စ အားလုံးကို ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းကို ရည်ညွှန်းပါတယ်။ အခုလို ညီလာခံကြီးမှာ အတည်ပြုဖို့ ပြင်ဆင်ရေးဆွဲ ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ချာတာမှာ ဒီလိုအရေးကြီးတဲ့ အခြေခံ အုတ်မြစ်တွေ ဆွေးနွေးမှုတွေ မပြီးပြတ် သေးပါဘူး။ ဒီ ညီလာခံ ၃ ရက်အတွင်းမှာ ရှင်းလင်းပြတ်သားတဲ့ ပြဌာန်းချက်တွေ ဆွေးနွေး အဖြေရှာ သွားနိုင် မယ်လို့လည်း ကျမတို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံက မျှော်လင့်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ထုတ် ပြန်ကြေညာထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိပညာဉ် ကြေညာစာတမ်းသည် တိုင်းရင်းသား ပြည်နယ်များ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များကို နှောက်ယှက်ဟန့်တားမှုများ ပါဝင်နေသည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အငွေ့အသက်များလည်း ပြန်လည် ပါဝင်နေသည်ဟု နော်ဆဲဆဲက ဆက် ပြောသည်။

၎င်းက “ဖက်ဒရယ် ဒီမိုကရေစီ ချာတာကို ကြည့်မယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ စတင်ကွဲလွဲ နေတဲ့ အချက်တွေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အငွေ့အသက်မကင်းတဲ့ အချက်တွေ တိုင်းရင်းသား တန်း တူရေးနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို နှောက်ယှက် ဟန့်တားမှု ဖြစ်လာစေမယ့် အချက်တွေ အများကြီးရှင်းဖို့ ကျန်ပါသေးတယ်။ ဒီညီလာခံ ၃ ရက်အတွင်းမှာ ဒီအ ကြောင်းအရာတွေ အတွက် ဆွေးနွေးအဖြေရှာ သွားနိုင်မယ်လို့လည်း အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံက မျှော်လင့် ပါတယ်” ဟု ပြောသည်။

နော်ဆဲဆဲသည် ဖက်ဒရယ် ဒီမိုကရေစီ ချာတာ အပိုင်း ၁ ရေးဆွဲသည့်ဖြစ်စဉ်တွင် ပါဝင်သူ တစ်ဦးဖြစ်သကဲ့သို့ ညီ လာခံထဲတွင် ဆွေးနွေးအတည်ပြုသွားမည့် ဖက်ဒရယ် ဒီမိုကရေစီချာတာနှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင် ခံ ကောင်စီ၏ လုပ်ငန်း လမ်းညွှန်များအား ရေးသားပြုစုသည့် အလုပ်အဖွဲ့ထဲတွင်လည်း စဉ်ဆက်မပြတ် ပါဝင် လာခဲ့သူတစ်ဦး ဖြစ်သည်။

ဇန္နဝါရီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ၄ ရက်တာ ကျင်းပပြုလုပ်မည့် ပြည်သူ့ ညီလာခံကြီးတွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေညာစာတမ်းကို အတည်ပြုခြင်း ကိစ္စ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့စည်းခြင်းကို အတည်ပြုခြင်းကိစ္စနှင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို အတည်ပြုရန် ကိစ္စ အစရှိသည်များကို ဆွေးနွေး ကြမည်ဟု သိရသည်။

NUG ယာယီ သမ္မတ ဒူဝါလရှီးလ ကလည်း ယခုကျင်းပနေသည့် ပြည်သူ့ ညီလာခံကြီးတွင် ဖက်ဒရယ် ဒီမိုက ရေစီ ပြည်ထောင်စု၏ အခြေခံ အုတ်မြစ်ဖြစ် သည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်းကို အတည်ပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

ယာယီသမ္မတ ဒူဝါလရှီးလက “အာဏာရှင်စနစ်ပပျောက်ရေး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖျက်သိမ်းရေး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဒီ ပဋိညာဉ်နဲ့ အညီ ရေးဆွဲထားတဲ့ မဟာဗျူ ဟာတွေကိုလည်း အကောင်းဆုံးလေ့လာ သုံးသပ်ပြီး အတည်ပြုပေးနိုင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ တည် ဆောက်ရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းတွေကိုလည်း တင်ပြအတည်ပြုချက် ရယူနိုင်မယ်လို့ ယုံကြည် ပါတယ်” ဟု ပြောသည်။

ထို့အပြင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်းတွင် ပါသည့် နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို လူထုဆန္ဒနှင့် အညီ အတည်ပြု ပြဌာန်းပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စနစ် လိုက်နာ ကျင့်သုံးနိုင်မှသာ အားလုံး ရည်မှန်းထားသည့် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက် နိုင်မှာဖြစ်သည်ဟု NUG ယာယီ သမ္မတက ဆိုသည်။

စစ်အာဏာရှင် စနစ် အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ အခြေခံ ဥပဒေ အပြီး သတ်ဖျက် သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သားပြည်သူ့ အစိုးရ ပေါ်ထွန်းရေး အစ ရှိသည့် ရည်ရွယ်ချက်များနှင့် အတည်ပြု ပြဌာန်းမည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြီးသည် နွေဦးတော်လှန် ရေးအတွက် ရှေ့ဆောင်လမ်းပြ မီးရှူးတစ်ဆောင် ဖြစ်လာမည် ဖြစ်သည်ဟုလည်း ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။

ယနေ့ ညီလာခံကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများ၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို သဘောတူ သည့် အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH )၊ နိုင်ငံရေးပါတီများ၊ CDM ဝန်ထမ်းများ၊ ကြားကာလ ပြည်နယ် ဖက်ဒရယ် ယူနစ် ကိုယ်စားပြုကော်မတီများ၊ သမဂ္ဂများ၊ သပိတ်ခေါင်း ဆောင်များ၊ လူငယ်၊ အမျိုးသမီးများ၊ လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများ ပါဝင်တက်ရောက်နေကြသည်။