ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၂ ခု အတည်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၁ နှင့် ၂၊ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံများ ကို ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့ ညီလာခံ အပြီးတွင် အတည်ပြုလိုက်သည်။

ပြည်သူ့ညီလာခံကို ဇန္နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ကမကထ ပြုလုပ်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်။

အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဦးတူးကျော်လှိုင် က “ကျနော်တို့ ဒီချာတာကို အတည် ပြုတယ်။ နောက်ပြီးတော့ အဖွဲ့ဝင်အဖွဲ့စည်း ၃၃ ဖွဲ့ကို အတည်ပြုတာနဲ့ ပတ်သက်ပြီးတော့ ချာတာကို အတည် ပြုခြင်းကို ကျနော်တို့ ဒီချာတာက မေလကနေပြီးတော့ ၂၀၂၁ မေလကနေ ပြီးတော့ ဒီနှစ်ဆန်းပိုင်းအထိ ပြန် လည်ပြီးတော့ ပြင်ဆင်ဖြည့်စွက်ထားတဲ့ ချာတာကို အားလုံးပါဝင်တဲ့ အဖွဲ့ အစည်းတွေ အားလုံးရဲ့ သဘောတူ ညီချက်နဲ့ အတည်ပြုတာဖြစ်ပါတယ်ခင်ဗျ။ ပြင်ဆင်ချက်များကိုပါ ကျနော်တို့ ယခင်က မတ်လ ၃၁၊ ၂၀၂၁ က ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ အဲ့ဒီဟာကို ကျနော်တို့ ပြန်လည်ပြင်ဆင်ဖို့ရာ အတွက် working committee ဆို တာကို ဖွဲ့စည်းပြီးတော့ အချိန်အတော်ကြာ လုပ်ငန်းဆောင်ရွက် ခဲ့ပါတယ်။ အဲ့ဒီအတွက် ပြင်ဆင်ချက်တွေ လည်းအများကြီးရှိခဲ့ပါတယ်။ အဲ့ဒီပြင်ဆင်ချက်တွေနဲ့ နောက်ဆုံး အားလုံးကနေပြီးတော့ သဘောတူ လက်ခံ နိုင်လောက်တဲ့အထိ ကျနော်တို့ ပြင်ဆင်ချက်တွေကိုလည်း အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးတော့မှ အားလုံးပြင် ဆင်ချက်များအပါအဝင် အတည်ပြုခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ညီလာခံကနေ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ NUCC ကိုလည်း အစုအဖွဲ့ ၅ ဖွဲ့ ကိုယ်စား ပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ဖွဲ့နှင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်းလည်း အတည်ပြုခဲ့ကြသည်။

“နောက်တစ်ခုကတော့ အဖွဲ့ဝင်အဖွဲ့စည်း ၃၃ ဖွဲ့နဲ့ လုပ်ပိုင်ခွင်တွေ အဲ့ဒါက ကျနော်တို့ လုပ်ပိုင်ခွင့်မှာက ရေးဆွဲ သတ်မှတ်ပြီးသား ရှိပါတယ်။ ဒီအတိုင်း ပါဝင်တဲ့ အဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့်တွေ တာဝန်ယူမှု တာဝန်ခံမှု ရှိ ကြမှာ ဖြစ်ပါတယ်” ဟု ဦးတူးကျော်လှိုင်က ဆက်ပြောသည်။

အာဏာသိမ်းဖို့ ကြိုးပမ်းသည့် တစ်နှစ်တာ ကာလအတွင်း စစ်ကောင်စီက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ၊ လူ သားမျိုးနွယ်စုများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများကို ပြည်သူ့ ညီလာခံ ကြီးက ရှုတ်ချလိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခံရုံး (ICC) ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တဆင့် အရေး ယူနိုင်ရေး ကြိုးပမ်းသွားရန်လည်း သဘောတူခဲ့ကြသည်။

စစ်ရေး ရန်ပြုမှုခံနေရသည့် အရပ်သားများ အတွက် ဘေးကင်းလုံခြုံရေးဇုံ (Safe Zone)များ ပေါ်ပေါက်ရေး အတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လည်း တောင်းဆိုလိုက်သည်။

ထိုသို့ နိုင်ငံတကာကို တောင်းဆိုနေမှုအပြင် NUG အစိုးရ၊ NUCC တို့အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု၊ နှိပ်စက် သတ်ဖြတ်ခံနရေမှုများကို ရင်ဆိုင်နေရသည့် ပြည်သူများအတွက် မည်ကဲ့သို့ လုပ်ဆောင်ပေးနေလဲ ဆို သည့် မေးခွန်းနှင့် ပတ်သက်၍လည်း ဦးတူးကျော်လှိုင် က ယခုကဲ့သို့ ဆက်ပြောသည်။

“NUCC မှာ Joint coordination committee (ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ) ဆိုတာတွေရှိပါတယ်။ အဲ့ဒီအထဲမှာ အခုနက Joint coordination committee (JCC Federal) လို့ ကျနော်တို့ အတိုကောက်ခေါ်တဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော် မတီ ရှိပါတယ်။ အဲ့ဒီမှာ ကျနော်တို့က ပြန်လည်ထူထောင်ရေးကိစ္စများဆိုတာကို ထည့်သွင်းပြီးတော့ လုပ်ငန်း စဉ်များ ထည့်သွင်းရေးဆွဲထားတာ ရှိပါတယ်။ ပြန်လည်ထူထောင်ရေးမှာ ကျနော်တို့က အရေးပေါ် ပြန်လည် ထူထောင်ရေး၊ အရေးပေါ်ပြန်လည်ထူထောင်ရေးဆိုတာ ပြည်သူလူထုရဲ့ အဓိကလိုအပ်ချက်တွေ ဖြစ်တဲ့ စား ဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများနဲ့ ပတ်သက်ပြီးတော့ အရေးပေါ်ပြန်လည်ထူထောင်ရေး အစီ အစဉ်တွေ ရှိသလို ရေရှည်ပြန်လည်ထူထောင်ရေး အစီအစဉ်တွေလည်း ပါရှိမှာ ဖြစ်ပါတယ်။”

ပထမအကြိမ် ပြည်သူ့ညီလာခံကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH အပါအဝင် ရွေး ကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်း စုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ ဝန်ထမ်း CDM လှုပ်ရှားမှု ဆိုင်ရာ အဖွဲ့အစည်းများ၊ လူထု သပိတ်လှုပ်ရှားမှု ဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်း သား တော်လှန်ရေး အဖွဲ့ အစည်းများက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်/ လူမျိုး ကိုယ်စားပြု ကော်မတီများက ကိုယ်စားလှယ်များ၊ အမျိုးသား ညီညွတ်ရေး အစိုးအရအဖွဲ့၏ အဖွဲ့ဝင်များ၊ နိုင်ငံတကာ ဧည့်သည်တော်များနှင့် လေ့လာသူများ စုစု ပေါင်း ၃၈၈ ဦး တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

လာမည့် ဒုတိယအကြိမ် ပြည်သူ့ ညီလာခံကို နောက်ထပ် ၆ လအကြာတွင် ကျင်းပဖို့ စီစဉ်ထားပြီး အခြေအနေ အမျိုးမျိုးအရ ရက်အနည်းငယ် အပြောင်းအလဲရှိနိုင်သည်ဟု ဆိုသည်။