တနင်္သာရီတွင် မိုင်းဆွဲတိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၃ ဦးသေဆုံးပြီး၊ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်က ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသ ခံရွာသားများက ပြောသည်။
“ဝုန်း ဆိုပြီး ပေါက်ကွဲအသံကြားရပြီး စစ်တပ်က သေနတ်တွေနဲ့ ရမ်းသန်း လိုက်ပစ်နေတာမို့ ရွာထဲက လူတွေ ကြောက်ပြီး တောထဲရှောင်တိမ်းနေကြရတယ်” ဟု အသက် ၃၀ နှစ်ခန့်အရွယ် ရွာသားတစ်ဦး က ပြောသည်။
ရွာသစ်ကုန်းကျေးရွာအနီး ဆိုင်ကယ် ၇ စီးဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဘက်မလိုက်ပျောက်ကြား အဖွဲ့ ကလည်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ၎င်းတို့အဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာသားများနှင့် သက်ဆိုင်မှု လုံးဝမရှိ ကြောင်း တိုက်ခိုက်သည့်နေ့ ညနေပိုင်းတွင် ဘက်မလိုက်ပျောက်ကြားအဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က သိန္ဓောကျေးရွာ ရှိ ကျေးရွာသားတစ်ဦး၏ နေအိမ်မှ ပရိဘောဂ ပစ္စည်းများကို အကြောင်းမဲ့ ရိုက်ချိုးဖျက်စီးခဲ့ပြီး၊ မီးရှို့ဖျက်ဆီးခဲ့ သည်ဟု ဒေသခံကျေးရွာသားများက ပြောသည်။
ထို့အပြင် တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်ကို ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဖုန်းတာ ဝါတိုင် အောက်ခြေရှိ အထိုင် စက်မီးလောင် ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ဘက်မလိုက်ပျောက်ကျားအဖွဲ့ နှင့် တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပြီးခဲ့သည့် ဇန္နဝါရီလ ၃၁ ရက် နေ့တွင် တနင်္သာရီမြို့နယ်အတွင်းမှ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းထားသည့် မဟာမိတ် တပ် ပေါင်းစုများ ဖြစ်သည်ဟု ထုတ်ပြန်ထားခဲ့သည်။
အဆိုပါ မဟာမိတ်တပ်ပေါင်းစုတွင် တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ (Southern Worriors) တပ်ဖွဲ့တို့ ပါဝင်ဖွဲ့စည်းထားသည်။