စစ်ကောင်စီမှ ရမ်းသန်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦး ကျည်ထိမှန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။
မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီမှ ရမ်းသန်း ပစ်ခတ်မှုကြောင့် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲကျော် အချိန်ခန့်က မန္တလေးတိုင်း မတ္တရာမြို့နယ် လွန်တောင်း ကျေး ရွာနှင့် မင်္ဂလာသီရီကျေးရွာ အကြားတွင် စစ်ကားများ မိုင်းဆွဲခံရပြီးနောက် ရမ်းသန်းပစ်ခတ်မူကြောင့် ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
မတ္တရာ နယ်ထိန်းနှင့် စစ်သား ၄၀ ကျော်ခန့်က ထိုကျေးရွာ နှစ်ရွာကြား ကံပေါက်ကုန်းဟု ခေါ်သည့် လယ်ကွင်း များနှင့် အနီးကုန်းရှိ ကြက်ဝိုင်းကို လာရောက်ဖမ်းဆီးရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ထို့နောက် မိုင်းဆွဲခံရသည့် စစ်သားများ ရမ်းသမ်းပစ်ခတ်မူကြောင့် လယ်ကွင်းထဲတွင် ကြွက်ဖမ်း နေသည့် အသက် ၁၂ နှစ် အရွယ် ကလေးတစ်ဦး ဆီးခုံကို ကျည်ထိမှန်သွားပြီးခဲ့ခြင်းဖြစ်သည်။
“မိုင်းသံက အုန်းကနဲ့ဆိုပြီး သုံးသံကြားလိုက်တာ။ ကြားနေကျဆိုပြီး နေနေကြတာပြီးမှ ရွာထိပ် ထိ သေနတ်သံ တွေ ဆက်တိုက်ကြားရတော့ လူတွေလဲ ပြေးကြရတာ။ ရွာကိုလဲ မီးရှို့မယ်လို့ ပြောသွားသေးတယ်” ဟု အသက် ၅၀ အရွယ် ရွာခံအမျိုးသမီးတစ်ဦး က ပြောသည်။
ကျည်ထိမှန်သွားသည့် ကလေးကို မတ္တရာပြည်သူ့ဆေးရုံကြီးကို ခေါ်သွားဟု သိရသည်။
ထို့နောက် ကျည်ထိမှန်သည့် ကလေးငယ်ကို လယ်ကွင်းထဲမှခေါ်လာသည့် အမျိုးသားကိုလည်း စစ်ကောင်စီ တပ် ဖွဲ့ဝင်များက လိုက်လံရှာဖွေနေပြီး လူကို ရှာ၍မတွေ့သဖြင့် နေအိမ်ကိုလဲ မွှေနှောက်သွားသည်ဟု ရွာခံတစ်ဦးက ပြောသည်။
မတ္တရာမြို့နယ်အတွင်းတွင် စစ်ကောင်စီကားများ မကြာခန မိုင်းဆွဲခံရပြီးနောက် ရမ်းသန်းပစ်ခေတ်မူများကြောင့် အပြစ်မဲ့ ပြည်သူထိမှန်မှုများ အများပြားရှိနေသည်ဟု သိရသည်။