ရှမ်းလက်နက်ကိုင် အဖွဲ့များဖြစ်သော RCSS နဲ့ SSPP ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ကိုယ်စားလှယ်စေလွှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်။
နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/ SSA တို့ စစ်ကောင်စီက ပြုလုပ်မည့် ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲ အခမ်းအနားတက်ရောက်ရန် ကိုယ်စား လှယ် စေလွှတ်လိုက်ပြီဟု ပြောသည်။
စစ်ကောင်စီ၏ ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ ဖိတ် ကြားထားသည့်အပေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အနေဖြင့် လေ့လာသူအဖြစ် သွားတက်ရန် သွား နေပြီဟု SSPP တာဝန်ရှိသူက ပြောသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန် က “သူတို့ဖိတ်တာလည်း နည်း နည်းနောက်ကျတယ်။ ၈ ရက်နေ့မှ ဖိတ်စာရောက်လာတယ်။ သွားတဲ့လူကလည်း ရောက်မလား မရောက်မ လားတော့ မသိဘူးဗျ။ သွားတော့ သွားတာပဲဗျ။ လေ့လာသူအနေနဲ့ သွားတက်တာတွေ ရှိပါတယ်။ သွားတော့ သွားနေတယ်။ မှီမလား မမှီမလားတော့ဘူး” ဟု ပြောသည်။
ထို့အပြင် RCSS/SSA ကလည်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်း အနားအစီအစဉ်ကို တက်ရောက်သွားမည်ဖြစ်သော်လည်း ဆွေးနွေးပွဲ တက်မည်မဟုတ်ဟု ပြောသည်။
“ဒီ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့က နှစ်ပိုင်းရှိမယ်ဗျ။ တခုကျတော့ အခမ်းအနား ပေါ့နော်၊ နောက်တစ်ခု ကျတော့ နိုင်ငံရေးရယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲရယ် ဖိတ်ခေါ်တယ်ဆိုတဲ့အကြောင်း၊ ဆိုတော့ ဒီနိုင်ငံရေး ဆွေး နွေးပွဲတော့ ကျနော်တို့ မတက်ဘူးဗျ ဒီ RCSS အနေနဲ့။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး ဆွေးနွေးမှုဆိုတာ တရားဝင်မှုရှိရမယ်။ နောက် ပွင့်လင်းမြင်သာမှု ရှိရမယ်။ နောက်တစ်ခုကျတော့ ကိုယ်စားပြုမှု ရှိရမယ်။ နောက်တစ်ခုကျတော့ ကန့်သတ်တဲ့ ဆွေးနွေးမှု မဖြစ်စေရဘူးပေါ့။ အဲ့လိုမျိုးတွေ အခု မပြည့်စုံဘူး ခင်ဗျ။ ဒါ ကြောင့် ဆွေးနွေးပွဲကို ကျနော်တို့ မတက်ရောက်ဘူး” ဟု RCSS ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ အတွင်းရေးမှူး ၂ လည်းဖြစ်သည့် ဗိုလ်မှူးခမ်းစံက ပြောသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က အောက်ခြေဝန်ထမ်းတချို့ကို စေလွှတ်ထားပြီး ၎င်းတို့ အနေ ဖြင့် အခမ်းအနားသာ တက်ရောက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရန် မရှိဘူးဟု ဟု RCSS ပြော ဗိုလ်မှူး ခမ်းစံက ဆက်ပြောသည်။
“ဒါပေမယ့် အခမ်းအနားကျတော့ ထိပ်တန်းခေါင်းဆောင်မဟုတ်တဲ့ ဆက်ဆံရေးရုံးဝန်ထမ်းအဆင့်တော့ တက် ကောင်းတက်နိုင်တယ်ခင်ဗျ။ ဘာဖြစ်လို့ဆိုတော့ ဒါ ဆက်ဆံရေးရုံးရဲ့ စံနှုန်းတစ်ခုက ရှိတယ်။ တဖွဲ့နဲ့တဖွဲ့ တိုက် ပွဲ ဖြစ်နေသော်ငြား ဆက်ဆံရေးမပြတ်ဖို့ အချိတ်အဆက်ရှိရမယ်။ အဖွဲ့အစည်းမဟုတ်တဲ့ ရုံးဝန်ထမ်းအဆင့် ပေါ့ နော် တက်မယ်။ ဟုတ်ကဲ့။”
ထာ၀ရငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ပြုလုပ်မည်ဟု စစ်ကောင်စီ က ဖေဖော်ဝါရီလ ၆ ရက်နေ့က ကြေညာထားသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများသာမက NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေး အတွက် ဆွေးနွေးရန်ဖိတ်ခေါ်ပါသည်ဟု ဆိုသည်။
ယခုကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားသည် စိန်ရတုနေ့ ဖြစ်သည့်အတွက် ဂုဏ်ယူထိုက်သော်လည်း ၇၅ နှစ်တာအတွင်း မြန်မာနိုင်ငံအတွင်းကြုံနေရသည့် နိုင်ငံရေးပဋိပက္ခများ၊ စစ်ရေးပဋိပက္ခများ၊ တိုင်းရင်းသား ပြည် နယ်များတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ငြိမ်းချမ်းသည့် နှစ် မရှိခဲ့ဘူးဟု ဗိုလ်မှူးစိုင်းဘုန်းဟန် က ပြော သည်။
“စိန်ရတုနေ့ဆိုတာက ဂုဏ်ယူဂုဏ်ပြုထိုက်တဲ့ တော်တော်ရှားပါးတဲ့ နေ့လို့ ယေဘုယျပြောလို့ရတာပေါ့လေ။ ဒါ ပေမယ့် ဒီနေ့ဖြစ်နေတဲ့ ပြည်ထောင်စုရဲ့ စိန်ရတုဆိုပြီး ပြောရမှာတော့ ခပ်ရှက်ရှက်ပဲဗျ။ ဘယ်တော့ ပြည် ထောင်စုနေ့ဟာ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့နှစ်ဆိုတာ တစ်နှစ်မှ မရှိခဲ့ဘူး။ ဆိုတော့ ဘာကို ဂုဏ်ပြုပြီးမှ လုပ်တာလဲ ဆိုတော့ သက်ဆိုင်ရာရော Stakeholder တွေရော ပြန်သုံးသပ်ရမယ့် နှစ်လို့ ယူဆပါတယ်။ ကမ္ဘာ့ရဲ့ အလယ်ထဲ မှာ ပြည်ထောင်စုဖြစ်ပါတယ်ဆိုတာကို ယေဘုယျဆန်ဆန်လေးနဲ့ ပြုလုပ်တဲ့ပွဲဆိုရင်တော့ အနှစ်သာ ရအားဖြင့် မကောင်းဘူးလေနော်။”
ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် အဖွဲ့များဖြစ်ကြသည့် အာဏာသိမ်းပြီးနောက်တွင် ပေါ်ပေါက် လာသည့် ပြည်ထောင်စုလွတ်တော် ကိုယ်စားပြုကော်မတီ CRPH ၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေး တပ် PDF စသည့် အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားခြင်း မရှိပေ။
ထို့အဖွဲ့များဖြင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမည် မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သာတွေ့ဆုံမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။