ဖက်ဒရယ်ဆိုင်ရာ ရပ်တည်ချက် ၂၄ ချက်ပါသော ဘုံသဘောထားလမ်းညွှန် စာအုပ်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။

ဖက်ဒရယ်ရေးရာ ကိစ္စရပ်များကို အများပြည်သူများ လေ့လာနိုင်ရန်အတွက် အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထား လမ်းညွှန် အခြေခံမူများနှင့် ဖက်ဒရယ် ဆောင်းပါးများကို တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၂ ဖွဲ့မှ ထုတ်ဝေလိုက်သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ (ယနေ့) တွင် အွန်လိုင်းမှတစ်ဆင့် အဆိုပါ လမ်းညွှန်အခြေခံများကို မိတ်ဆက်ပေး လိုက်ခြင်း ဖြစ်သည်။ ထိုလမ်းညွန်အခြေခံမူကို ထုတ်ဝေရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ကရင်နီ အမျိုး သား တိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ ခူးဦးရယ်က ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အများပြည်သူလည်း သိရှိလေ့လာနိုင်ဖို့ အတွက် ရယ် နောက်တစ်ခု ဖက်ဒရယ် ရေးရာနဲ့ ပတ်သက်ပြီး ပညာပေးမှု လုပ်ငန်းတွေကိုလည်း ကျနော်တို့ ထည့်သွင်း စဉ်းစားသင့်တယ်ဆိုတဲ့ အမြင်နဲ့ပဲ ကျနော်တို့ ခေါင်းဆောင် အချင်းချင်းကြားထဲမှာကတော့ ဖက်ဒရယ် ဆိုင်ရာ ဆောင်း ပါးတွေကို ကျနော်တို့ ကျွမ်းကျင်တဲ့ စာရေးဆရာတွေကို ဖိတ်ခေါ်ပြီးတော့ ကျနော်တို့ ဖက်ဒရယ် ဆောင်းပါး စာစောင်တွေ သို့တည်းမဟုတ် စာစဉ်လေးကို ထုတ်ဝေရင်ကောင်းမယ်ဆိုတဲ့ သဘောထား ဆုံးဖြတ် ချက်နဲ့ ကျနော်တို့ အကြိမ်ကြိမ် အခါခါ ဆွေးနွေးပြီးတော့ ဒီ အစီအစဉ်လေးကို ဖြစ်မြောက်အောင်လို့ ကျနော် တို့ ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။”

ထို လမ်းညွှန် အခြေခံမူများနှင့် ဖက်ဒရယ် ဆောင်းပါးများထဲတွင် ပါဝင်သည့် ဆောင်းပါးများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့က အခက်အခဲများကြားက ၃ နှစ်တာ ကာလအတွင်း ဆွေးနွေးထားသည့် ဖက် ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထား လမ်းညွှန်မှု ရပ်တည်ချက် ၂၄ ချက်ကို အကြောင်းပြုပြီး ရေးသားထားသည့် ဆောင်းပါးများဖြစ် သည်ဟု ခူးဦးရယ်က ဆက်ပြောသည်။

၎င်းက ”ကျနော်တို့ ပထမအကြိမ် အနာဂတ်ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထား အခြေခံ လမ်း ညွှန်မှုနဲ့ နှီးနွယ်ပြီးတော့ အဲဒီ ရပ်တည်ချက် ၂၄ ချက်ကို အကြောင်းပြုပြီးတော့ ဖက်ဒရယ် ဆိုင်ရာ ဆောင်းပါး စာစဉ်လေးကို ပထမဆုံးအကြိမ်အနေနဲ့ အောင်အောင်မြင်မြင်နဲ့ ကျနော်တို့ ပုံနှိပ်ထုတ်ဝေ ဖြန့်ဖြူးနိုင်ဖို့အတွက် ရည်ရွယ်ပါ တယ်လို့“ ဟု ပြောသည်။

သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့က အခက်အခဲ များကြားက ၃ နှစ်တာ ကာလအတွင်း ဆွေးနွေးထားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထား လမ်းညွှန်မှု ရပ်တည် ချက် ၂၄ ချက်သည် ပုံသေသတ်မှတ် အတည်ပြုထားခြင်း မဟုတ်သေးပဲ ဆက်လက်လေ့လာ ဖြည့်စွတ်ပြင်ဆင် ရေးဆွဲသွားရမည့် စာတမ်းဖြစ်သည်ဟု ဆိုသည်။

တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၂ ဖွဲ့၏ အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေးဆိုင်ရာ ဘုံသဘောထား လမ်းညွှန် အခြေခံမူများနှင့် ဖက်ဒရယ် ဆောင်းပါး မိတ်ဆက်ပွဲ အခမ်း အနားတွင် မွန်ပြည်သစ်ပါတီ NMSP ဥက္ကဋ္ဌ နိုင်ဟံသာလည်း တက်ရောက် ဆွေးနွေးပြောဆိုခဲ့ပြီး တိုင်းရင်းသား များ လိုလားတောင်းနေသည့် ဖက်ဒရယ် ပြည်ထောင်စု ပုံစံနှင့် ပတ်သက်၍ ယခုလိုပြောသည်။

နိုင်ဟံသာက “အခုတိုင်းရင်းသားတွေ တိုက်ပွဲဝင်နေတာက ပင်လုံစာချုပ်မှာ သဘောတူ လုပ်ထားခဲ့သလို အရင် က သဘောတူ ထားခဲ့သလို အဓိကအားဖြင့် စစ်မှန်တဲ့ ပြည်ထောင်စု စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဖို့ ဗမာ တွေက အခွင့်အရေး ပိုယူတဲ့ ပုံစံမျိုး မဖြစ်ဖို့ အဲဒါမျိုးကို လိုလားတယ်” ဟု ပြောသည်။

ထို့အပြင် ဗမာပြည်နယ် ဖွဲ့စည်းရန်ပြီး ပြည်နယ်ပေါင်းစု ပြည်ထောင်စု ဖွဲ့စည်းနိုင်ပါက ယခုဖြစ်ပွားနေသည့် ပဋိပက္ခများမှာ ချုပ်ငြိမ်းသွားမည်ဟု နိုင်ဟံသာက ဆက်ပြောသည်။

“ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းချင်ရင် ကျနော်တို့ နိုင်ငံကို အေးချမ်းတိုးတက်စေချင်ရင် တကယ့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုနော သူ့ပြည်နယ်ကို အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အပေါ်မှာ အခြေခံပြီးတော့နော ပြည်နယ်ပေါင်းစုံပြည်ထောင်စု တစ်ချို့နေရာတွေမှာကတော့ အမျိုးသားများ ပြည်နယ် တစ်ချို့က အမျိုးသား ပြည်နယ် အဲလိုပံစံနဲ့ ကျနော်တို့ ဖွဲ့စည်းလိုက်ရင် တန်းတူတဲ့ အနေအထား အ ပေါ်မှာ ဆိုရင် ကျနော်တို့ နိုင်ငံ အေးချမ်းပြီးလို့ ကျနော်တို့က ယုံကြည်တယ် အဲဒီအတွက်ကို ကျနော်တို့ကတော့ အကောင်အထည်ဖော်ချင်တယ်နော်။”

လက်ရှိ မြန်မာနိုင်ငံ၏ ပြဿနာသည် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီး ခွင့်တို့ မရရှိသည့်အတွက် တိုင်းရင်းသားများမှာ လူမျိုးကြီးဝါဒနှင့် ကိုယ့်အခွင့်အရေးကို အရယူဖို့ အာဏာရှင် များကို တော်လှန်တိုက်ပွဲနေသည့်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်သည်။

ထိုပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် တန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီး ခွင့်တို့ ပေးနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်ရန် လိုလားနေကြသည်ဟု ဆိုသည်။

ဖက်ဒရယ်ရေးရာ ကိစ္စရပ်တွေကို အများပြည်သူ လေ့လာနိုင်ရန်အတွက် အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထား လမ်းညွှန် အခြေခံမူတွေနှင့် ဖက်ဒရယ် ဆောင်းပါးတွေကို မိတ်ဆက် ချ ပြလိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၂ ဖွဲ့မှာ မွန်ပြည်သစ်ပါတီ MNSP၊ ကရင် အမျိုးသားအစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြု တပ် မတော် DKBA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ RCSS၊ ချင်းအမျိုးသားတပ်ဦး CNF၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ ALP၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO စတဲ့ NCA ရေးထိုးထားသည့် အဖွဲ့များနှင့် NCA မရေးထိုးထားသေးရသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကချင်လွတ်လပ် ရေးအဖွဲ့ KIO တို့ ဖြစ်ကြသည်။