ကိုဗစ် ကူးစက်မှု များလာ၍ မြစ်ကြီးနားတွင် ကျောင်းအချို့ ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ နေ့စဉ်များပြားလာနေသည့်အတွက် အခြေခံစာသင်ကျောင်းအချို့ပြန်ပိတ်ထားသည်ဟု ကျောင်းသားမိဘများနှင့် ကျောင်းသူ/သားများက ပြော သည်။

မြစ်ကြီးနားမြို့ အမှတ် (၃)၊ အမှတ်(၄)၊ အမှတ် (၈)၊ အမှတ်(၁၁) နှင့် ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ် တန်းကျောင်းတို့တွင် ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများတွင် ဖေဖော်ဝါရီလ ပထမအပတ်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ သူများရှိလာပြီးနောက် ကျောင်းအချို့ကို ယာယီပြန်ပိတ်လိုက်ရသည်ဟု ကျောင်းသူ/ သား အချို့က အတည်ပြုပြောသည်။

“ခုနှစ်တန်း၊ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းတွေကို နှာခေါင်းတို့ပတ်စစ်ပေးတာ လူသုံးဆယ်ကျော်လောက် က positive ဖြစ်တာ ဆေးရုံကားနဲ့ တခါတည်းလာခေါ်သွားကြပြီ။ ဖေဖော်ဝါရီ ၁၅ရက်နေ့က စပြီး ကျောင်း ၁၀ ရက် ပိတ်လိုက်ပြီ” ဟု အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းက နဝမတန်းကျောင်းသူ တစ်ဦးက ပြော သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မေလ မှ စတင်၍ ကျောင်းဖွင့်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုများ ပြားလာပြီးနောက် ကျောင်းများထပ်မံပိတ်ထားခဲ့ရာမှ နိုဝင်ဘာလတွင် ကျောင်းများပြန်ဖွင့်ခဲ့ပြီး ယခုနှစ် ၂၀၂၂ ခု နှစ် ဖေဖော်ဝါရီလတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ များလာနေသည့်အတွက် ကျောင်းအချို့ ထပ်မံ ပိတ် လိုက်ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်သွားသည့် ဆရာ/မများနှင့် စစ်အာဏာသိမ်းမှုကို မလိုလားသည့် ကျောင်းသားမိဘများက ၎င်းတို့၏ သားသမီးများကို ကျောင်းမအပ်ပဲ ထားသည်များ ရှိသည့်အတွက် ကျောင်း သူ/သား အနည်းငယ်နှင့်သာ စစ်ကောင်စီကကျောင်းများကို ဖွင့်ထားသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြော သည်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့တွင် ခရီးသွားလာထားသူ များ၊ ပြည်ထောင်စုနေ့ပွဲ အခမ်းအနားများ တက်ရောက်၍ ပြန်လာသူများတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှု များ ပြား လာနေသည်ဟု သိရသည်။