စစ်ကောင်စီကားအား ပေါင်းတည် PPDF မိုင်းဆွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။

စစ်ကောင်စီကားအား ပေါင်းတည် PPDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်၂ ဦး သေဆုံးသွားသည်ဟု သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ထဲတွင် ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၃ နာရီအချိန်ခန့်က စစ်ကောင်စီ ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရသွားသည်ဟု ပေါင်းတည် PPDF ထုတ်ပြန်ကြေညာသည်။

”နောက်တော့ လူနာတင်ကား ရောက်လာတယ်။ သေတဲ့သူတွေ လာသယ်တာ။ နှစ်ယောက် သေတယ်လို့ ကြား တယ်” ဟု အသက် ၅၀ နှစ်အရွယ် ဒေသခံတစ်ဦး က ပြောသည်။

ပေါင်းတည်မြို့၊ သိမ်ကုန်းကျေးရွာနှင့် ငရှဉ့်ကွင်းကျေးရွာ အကြားတွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီးနောက် နှစ်ဖက်ကြားလည်း အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ခဲ့သေးသည်ဟု သိရသည်။

ထိုဖြစ်စဉ်အတွင်း PPDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ စနစ်တကျ ဆုတ်ခွာနိုင်ခဲ့သည်ဟု PPDF အဖွဲ့ က သတင်း ထုတ်ပြန်ထားသည်။

ပေါင်းတည် PPDF က ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ၂ ခြောက်လုံး အထိမ်းအမှတ်အဖြစ် သဲကုန်းမြို့နယ် အင်း မအခြေစိုက် တပ်မ ၆၆ ဆက်သွယ်ရေးတပ်က တပ်ကြပ်တစ်ဦးကို ရန်ကုန်-ပြည်ကားလမ်းမကြီးဘေးရှိ ဝက် ပုတ်ကျေးရွာအလွန် သစ်ချိုဘုန်းကြီးကျောင်းအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်။