ပူတာအို စစ်ရှောင်များ ရိက္ခာအရေးပေါ် လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်။
ပူတာအို စစ်ရှောင် ၁၀၀၀ ကျော်အတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
မြန်မာနိုင်ငံမြောက်ဖျားပိုင်း၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာကို စစ်ကောင်စီက လေယာဉ်များဖြင့် နှစ်အကြိမ် ဗုံးလာကြဲခဲ့ပြီးနောက် ဒေသခံ ၁၀၀၀ ကျော်က စစ်ဘေးလွတ်ရာ တောတောင်များထဲ ထွက်ပြေးနေကြရပြီး ယခုခါ ဆန်နှင့် အခြေခံ စား သောက်ကုန်များ အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
“ရွာကလူတွေ အကုန်လုံး ဒုက္ခရောက်နေပြီ။ အခုက စားဖို့သောက်ဖို့က အကုန် အရေးပေါ်လိုအပ်နေတယ်။ ရွာ က လူတွေက နဂိုက တခါတလေကြတော့ အိမ်မှာလာပြီး ဆန်တွေဘာတွေ လာယူတာ အခုတော့ လာမယူရဲ ကြ တော့ဘူး။ စပါးလည်း မကြိတ်ရဲကြတော့ဘူး။ ဆန်စားဖို့နဲ့ ထမင်းဟင်းက နည်းနည်း အရေးတကြီး လိုအပ်နေ တာ” ဟု ဆွမ်ပီယန်ကျေးရွာက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆွမ်ပီယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်တွင် ပထမ အကြိမ် ဂျက်လေယာဉ် ၂စီး နှင့် ဗုံးကြဲခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဒုတိယ အကြိမ် ဗုံးလာကြဲခဲ့သည်ဟု သိရသည်။
ပထမအကြိမ်ဗုံးကြဲ တိုက်မှုကြောင့် နေအိမ်အချို့ မီးလောင်ကာ ဒေသခံများ ထွက်ပြေးခဲ့ရပြီး အသက် ၁၂ နှစ် အရွယ်နှင့် အသက် ၅၀ ကျော်အမျိုးသမီးနှစ်ဦးတို့ အပါအဝင် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိ ခိုက်ဒဏ်ရာများရရှိခဲ့ရာ မြစ်ကြီးနားဆေးရုံသိုံ့ ပို့ဆောင်ပြီး ဆေးကုသခဲ့ရသည်။
ထို့အပြင် ဆွမ်ပီယန်ကျေးရွာနှင့် ၃မိုင်ခန့်ဝေးသည့် ရှင်ကပ်(ဘွမ်)တောင်ရှိ စစ်ကောင်စီတပ်စခန်းကို ကချင် လွတ် လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည့်အတွက် လေကြောင်းပစ်ကူဖြင့် ထပ်မံ လာ ရောက်တိုက်ခိုက်ရာ ဆွမ်ပီယန်ရွာသားများ ဒုတိယအကြိမ် ပြန်လည်ထွက်ပြေးနေကြရခြင်း ဖြစ်သည်ဟု ဒေသ ခံများနှင့် တာဝန်ရှိသူများက ဆိုသည်။
ယခုနှစ်အတွင်း ကချင်ပြည်နယ်အတွင်း KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ပူတာအိုမြို့နယ်အတွင်းရှိ လုံရှာယန်ကျေးရွာ၊ အင်စီယန်ကျေးရွာနှင့် ဖတ်မာ ကျေးရွာ၊ ဆွမ်ပီယန်ကျေးရွာ၊ တန်ဂျာကျေးရွာတို့ အနီးအနားတွင် တိုက်ပွဲများ ပြင်းထန်စွား ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံရွာသားများက စစ်ဘေး ဘေးလွတ်ရာ တောတောင်များထဲနှင့် ပူတာအိုမြို့ ပေါ်ရှိ ဆွေမျိုးနီးစပ်သူများထံ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် အခြေခံစားသောက်ကုန်များ အရေး ပေါ်လိုအပ်နေခြင်း ဖြစ်သည်ဟု စစ်ရှောင်များအား ကူညီပေးနေသူများနှင့် ဒေသအတွင်းက တာဝန်ရှိသူများက ပြောသည်။