ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၀၄)
ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့ အဆုံးထိ တိုက်ပွဲဝင်ရမယ့် တိုက်ပွဲရှိတယ်။ သီးခြားလွတ်လပ်တဲ့ ကချင်ပြည်ပေါ့၊ အဲ့ဒါကို တိုက်ပွဲဝင်သွားရမှာ ဒီအဆုံးထိ ဒါပေမယ့် အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဒီတရားမျှတမှု မရှိဘူးနော်၊ စစ်တပ်ကနေပြီးမှ ပြည်သူတွေကို ပစ်သတ်တယ်၊ အမျိုးမျိုးနော်။ ကျနော်တို့က စာနာတယ်။ ဒါ ကြောင့် အခုချိန်မှာ အားလုံးသွေးစည်းမယ့်အချိန်ပေါ့။ အဲ့အချိန်မှာ ကျနော်တို့ရဲ့ ပန်းတိုင်ကြီးကို ခနမေ့ထား လို့ ရတယ်။ အရေးကြီးတာက ကျနော်တို့ မြန်မာနိုင်ငံကြီးကို ဒီမိုကရေစီ ပြန်ပြီးမှ ထွန်းကားဖို့ပေါ့၊ အဲ့လိုလုပ်ဖို့ အတွက်က အခုနက ပြောသလို ကျနော်တို့ ဘုံသဘောတူညီချက် အခုကတည်းကနေ တည်ဆောက် ရမယ်။ အခု ဘုံသဘောတူညီချက်ကို မတည် ဆောက်နိုင်ဘူးဆိုရင် ကျနော်တို့က အနာဂတ်အတွက် ကျနော်တို့ တိုင်းရင်းသား တွေအတွက်လည်း စဉ်းစားစရာ အများကြီးရှိတာပေါ့။ ဘယ်လောက်ပဲ ကြိုးစားခဲ့ခဲ့ ဒီအခြေ အနေပဲ ပြန်ဖြစ် သွားမလားပေါ့၊ ၈၈ ကနေ ကျနော်တို့ သင်ယူခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောခဲ့တယ်ပေါ့။ ကျနော်တို့ ၄၆ ဗမာတွေ မဟုတ်တော့ဘူး။ ၄၇ ဗမာတွေ ဖြစ်သွားပြီ။ အဲ့လိုပြောပြီးမှ ကျနော်တို့ မန်ခိန်မှာ ဘုံသဘောတူ ညီချက် ယူခဲ့တာပေ့ါ။ ဒါပေမယ့် ဒီနေ့ဖြစ်လာတဲ့ အခြေအနေကို ကြည့်လိုက်ရင် ကျနော်တို့ဘက်ကလည်း စိတ်မချစရာ မယုံနိုင်စရာတွေ သမိုင်းသက်သေရှိပြီးသား။ ဒါကြောင့် အခုအချိန်မှာ အရေးအကြီးဆုံးက တိုင်းရင်းသား အင်အားစုတွေနဲ့ အမြန်ဆုံး ဘုံသဘောတူညီချက် ရှာဖို့ ကျနော်အဲ့ဒါပြောလိုပါတယ်။ ကချင်လူငယ်တစ်ဦး
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။