ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၀၅)

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ ဖက်ဒ ရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာ စာတမ်းမှတစ်ဆင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ဖို့ မျှော်လင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့က ပြောပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter ) စာတမ်းပါ ကြားကာလ ဆိုင်ရာ အချက်အလက်တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံကာ ရေးဆွဲထားတဲ့ စာတမ်းအဖြစ် ဝေဖန် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယ မူကြမ်းနဲ့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ မူကြမ်းရှိဖို့ အရေးတကြီးလိုအပ်နေသလို ဒါကို အမြန်ဆုံးအတည်ပြုကြေညာဖို့လည်း တိုက်တွန်းထားတာတွေရှိပါတယ်။ ဒီပဋိညာဏ်ကြေညာစာတမ်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဥပဒေပညာရှင်တွေက ဘယ်လိုသုံးသပ် အကြံပြုထားပါသလဲ။ ဒီတပတ်ရဲ့ ငြိမ်းချမ်းရေး အတွက် ဖက်ဒရယ် အစီအစဉ်ကနေ စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ တာဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။